cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် တစ်ပတ်စာ မိုးရွာရန်ရာခိုင်နှုန်းခန့်မှန်းချက်များကို တောင်သူများ အလွယ်တူကြည့်နိုင်အောင် ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ
  • ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက် 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် တစ်ပတ်စာ မိုးရွာရန်ရာခိုင်နှုန်းခန့်မှန်းချက်များကို တောင်သူများ အလွယ်တူကြည့်နိုင်အောင် ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 

     

    ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြ မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ်၊ငပုတောမြို့နယ်၊  

     

     

    ဖေဖော်ဝါရီလ ၉ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ရက်တာ ကာလအတွင်း ရာာနှုန်းပြည့် နီးပါး နေသာနိုင်ပြီး ရာသီဥတု ကြည်လင်ပြီး သာယာအေးမြနေမှာဖြစ်ပါတယ် ။ 

     

    ပဲ သီးနှံ အကြံပြုချက် 

    ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်ပါက မတ်ပဲစိုက်ခင်းအား ရေသွင်းပေးရန် လိုအပ်ပါသည်။  

    မတ်ပဲခင်းများတွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ပဲတောင့်ဖြစ်ထွန်းသည့် အဆင့်တို့တွင် ရေသွင်း သင့်သော်လည်း စိုက်ခင်းထဲတွင် ရေများ ဝပ်မနေသင့်ပါ။  

    မျိုးစေ့မချမှီ စိုက်ခင်းမြေသည် လွန်စွာခြောက်သွေ့နေပါက တကြိမ်ခန့် ရေသွင်းပေးခြင်းသည် မျိုးညှောင့်ပေါက်နှုန်းအား ကောင်းမွန်စေပါသည်။  

    ဆောင်းရာသီတွင် ရေသွင်းဖို့ အဆင်ပြေလျှင် သီးတောင့် ဖြစ်ထွန်းသည့် အဆင့်တွင် ရေပါးပါး သွင်းပေးပါက အထွက်နှုန်း တိုးစေနိူင်ပါသည်။  

    သီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ခင်းသို့ ရေသွင်းရာတွင် စိုက်ပျိုးမြေ အနေအထားနှင့် ရာသီဥတု အခြေအနေပေါ်တွင် မူတည်၍ ချိန်ဆ သွင်းပေးရပါမည်။ 

    မျိုးညှောင့်ပေါက် ညီညာစေရန်အတွက် သင့်တော်သော မြေကြီးအစိုဓာတ်သည် အရေးကြီးသည်။(မျိုးစေ့ချပြီး ၃ပတ်အတွင်း)။  

    ခြောက်သွေ့သော အခြေအနေတွင် ရေသွင်းခြင်းကို ၄ရက်ခြားတစ်ခါ ဆောင်ရွက်ပေးသင့်ပါသည်။  

    မျိုးစေ့ချပြီးနောက် ၃ပတ်အကြာတွင် လိုအပ်ပါက ရေသွင်းခြင်းကို ၇ရက်တစ်ခါ ဆောင်ရွက်ပေးသင့်သည်။  

     ပဲတောင့်ရင့်လာချိန်တွင် ရေသွင်းခြင်း မလိုအပ်တော့ပါ။ လုံလောက်သော မြေအစိုဓာတ် ရရှိရန် မရှိမဖြစ် အလိုအပ်ဆုံး အချိန်မှာ ပင်ညှောင့်ပေါက်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တို့ဖြစ်သည်။ 

    ပုံမှန်အားဖြင့် မတ်ပဲစိုက်ခင်းသို့ ရေသွင်းပေးမည်ဆိုပါက ၁ဝရက်-၁၅ရက်ကြားတစ်ခါ ရေသွင်းပေးနိူင်ပါသည်။ သို့သော် စိုက်ခင်းအား ရေပိုလျှံစွာ မပေးမိစေရန်နှင့် ရေမဝပ်စေရန် သတိပြုပါ။ 

      

     နွေစပါးအကြံပြုချက် 

    စပါးအမြစ်တွေမှာ သေးငယ်သော အဖုလေးတွေ များစွာပေါ်နေတာ ဘာကြောင့်လဲ? 

    ----------------------------------------------- 

    မြစ်ဖုနီမတုတ် ရောဂါလက္ခဏာ 

      

    မြစ်ဖုရောဂါသည် စပါးပင်၏ အမြစ်များတွင် သေးငယ်သော အဖုလေးများ ဖြစ်ပေါ်နေပါသည်။ 

    စပါးပင်၏ အမြစ်ထိပ်ဖျားတွင် လွန်းပုံ၊ လုံးရှည်ပုံ အဖုငယ်လေးများ ဖြစ်ပေါ်ပြီး ငါးများချိတ်သဖွယ် ကွေးသွားသည်။ 

      

    အပင်အပေါ်ပိုင်း တွေ့ရသည့် လက္ခဏာမှာ အပင်ပုပြီး အရွက်များ ဝါနေသည်။တစ်ခါတစ်ရံ မြစ်ဖုကျရောက်နေသော အမြစ်များစွာ ပွားများနေတက်သည်။ 

      

    မြစ်ဖုအတွင်း၌ အိတ်ပုံစံ ခန္ဓာကိုယ်ရှိသည့် နီမတုတ် အမများစွာ နေထိုင်သည်။ အမ၏ ခန္ဓာကိုယ်ထဲတွင် ဥပေါင်းများစွာ ပါဝင်သည်။ 

    တစ်နှစ်လျှင် တစ်ကြိမ်သာ မျိုးဆက်ပွားနိုင်သည်။ 

      

    မြစ်ဖု နီမတုတ် ကျရောက်မှု ဆိုးဝါးပါက အပင်သေစေနိုင်သည်။ 

    တခြားသော လက္ခဏာ များမှာ အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ အနှံမအောင်ခြင်းတို့ ဖြစ်တက်သည်။ 

      

    မိုးစပါးတွင် ကျရောက်သော မြစ်ဖုနီမတုတ် ရောဂါကို ကာကွယ်နှိမ်နင်းခြင်း နိုက်ထရိုဂျင် ဓါတ်မြေသြဇာ အလွန်အကျွံ မသုံးပါနှင့်။ 

    နီမတုတ်ရောဂါ ကျနေသော ပျိုးပင်များကို စိုက်ခင်းကို ရွှေ့ပြောင်း မစိုက်ပါနှင့်။ကောင်းစွာ ဆွေးမြေ့နေသော သဘာဝမြေသြဇာ တမာကြိတ်ဖက်များကို အသုံးပြုပေးပါ။ 

      

    သက်တမ်းတိုသည့် ပဲမျိုးရင်းဝင် အပင်များ၊ ချစ်တီးပန်း၊ ဉာဏ်ပင်များကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပေးပါ။နီမတုတ် အတွက် လက်ခံပင် မဟုတ်သော အပင်များ မုံညှင်း၊ ပန်းဂေါ်ဖီ၊ ပဲလွန်း၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ကြက်ဆူ စသည့် သီးနှံပင်များနှင့် သီးလှည့် စိုက်ပျိုးပေးပါ။ 

      

    ပျိုးခင်းနှင့် စိုက်ခင်းထဲတွင် စပါးမြစ်ဖုနီမတုတ်ရောဂါ ဆိုးဝါးစွာ ကျရောက်ပါက ------- အသုံးပြုပေးပါ။စိုက်ခင်းကို ရေမပြတ် သွင်းထားခြင်းဖြင့် နီမတုတ်ရောဂါ ကျရောက်မှုကို သက်သာစေပါသည်။ မျိုးရင်းဝင် မတူသည့် သီးနှံပင်များ ဖြစ်သော ကြက်ဆူ၊ ပဲလွန်း၊ ပဲပုပ်၊ ကန်စွန်းဥ၊ နေကြာ၊ ဂုန်လျှော်၊ ရုံးပတီပင်များနှင့် သီးလှည့်စိုက်ပျိုးပေးပါ။ 

      

    မြစ်ဖုနီမတုတ် ရောဂါ ကျရောက်မှုကို သက်သာစေဖို့အတွက် သီးလှည့် စိုက်ပျိုးခြင်းကို တစ်နှစ်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ 

    စပါးပင်များအား မြစ်ဖု နီမတုတ် ရောဂါမှ ကာကွယ်ရန် လယ်ယာစိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ အကြံပြု တိုက်တွန်းထားသော Cartap 4% + Thimethoxam 04%+ Abamectin 0.2% ၅ ကီလိုဂရမ် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ 

      

    ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ 

    ငါးကန်များအတွက် အကြံပြုချက်  


    ရာသီဥတုအပြောင်းအလဲဖြစ်နိုင်သဖြင့် အပူရှပ်ခြင်း (Temperature shock) မဖြစ်စေရန် သတိပြုနိုင်ပါ ရန်၊ 

    ရေတွင်းအောက်ဆီဂျင် ပမာဏအား စစ်ဆေးရန် ရာသီဥတုပြောင်းလဲလာပါသဖြင့် သတ်မှတ်ထားသည့် အစာပမာဏသာ ကျွေးရန်၊ 

    အေးနေရာမှ ရာသီဥတု ပူနွေးစဖြစ်လာသဖြင့် ရေအရည်အသွေးပြောင်းလဲနိုင်သဖြင့် အချိန်ပြည့် စောင့် ကြည့်ပေးရန်၊ 

    အချို့ငါးကန်များတွင် partial-harvesting ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာ။ 


  • article
likes15comments0
views229views24637