cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်များ

. စိုက်ပျိုးနည်းစနစ်များ
၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။

-လှေး၊ပျ၊ယင်ဖြူနဲ့ မွှားပင့်ကူနီ တို့ကြောင့် ငရုတ်စိုက်ခင်းများစွာ အဟောသိကံဖြစ်သွားခဲ့ရတာ မရေတွက်နိုင်အောင်ပါ။ ငရုတ်စစိုက်ပြီဆိုတာနဲ့ နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်များနဲ့ အမြဲတိုင်ပင်ဆွေးနွေးနေပေးပါခင်ဗျာ။
  • ၁။ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများမှဖလံဖြူကင်းပြီးအရောင်လှပသည့်အသီးမှမျိုးစေ့ကိုရွေးချယ်၍စိုက်ပျိုးပါ။

    -သဲနှုန်းမြေကို အလွန်ကြိုက်နှစ်သက်တာကြောင့် သဲနှုန်းမြေကို ‌ရွေးချယ်ဖို့ အဓိကထားစေချင်ပါသည်။ ဖလံဖြူတဲ့ပြဿာနာသည် အခြားအကြောင်းအရာပေါင်းများစွာကြောင့်လည်း ပါဝင်ပါသည်။ ဥပမာ-မှဲ့ပြောက်စွန်းရောဂါကြောင့်ဖလံဖြူတာ၊ကယ်စီယမ်ဓါတ်ချို့တဲ့မှုကြောင့် ၊ နေလောင်တာ စသည်ဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်တွေဖြစ်ပါသည်။

    ၂။မြေကိုထယ်ရေးနက်နက်၊ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ပါ။

    -ထယ်ရေးသည် အင်မတန်မှ အသက်တမျှအရေးပါလှပါသည်။ ထို့အပြင် မစိုက်မီ သုံးလခန့်ကြိုတင်ထယ်ရေးဝင်ပြီး အပြန်ပြန်အလှန်လှန် ထွန်မွှေပေးနေခြင်းဖြင့် မြေဆောင်ရောဂါများကျရောက်မှု ပိုမိုသက်သာနိုင်ပါသည်။ ‌ရေထုတ်မြောင်းများ ပြင်မထားလိုက်မိလို့ ဒီနှစ်မှာ မိုခါမုန်တိုင်းနဲ့တိုးပြီး ဆုံးရှုံးခဲ့ရတဲ့ ငရုတ်ဧကများစွာ နှမြောစရာပါ။ ရေထုတ်မြောင်းများပြင်ဆင်ထားသော်လည်း ရေသွင်းပြီးမှ မိုးလိုက်ရွာလို့ ဆုံးရှုံးခဲ့ရတာတွေလည်း ရှိတတ်တာကြောင့် မိုးလေဝသခန့်မှန်းချက်များကို ထွက်တိုးမှ ရယူပြီး ရေသွင်းသင့် မသွင်းသင့် ဆုံးဖြတ်ပါခင်ဗျာ။

    ၃။တစ်ဧကလျှင်အပင်ပေါက်နှုန်းကောင်းမွန်သည့်မျိုးစေ့(၅၀‒၁၀၀)ဂရမ်နှုန်းအသုံးပြု၍ပျိုး ထောင်စိုက်ပျိုးပါ။

    -အာမခံချက်ပေးသည့် ကုမ္ပဏီများစွာ ရှိနေပြီဆိုတော့ အားတက်စရာပါ။

    ၄။ပင်ကြား၊တန်ကြား(၂'x၂')(သို့မဟုတ်)(၃'x၁.၅')အကွာအဝေးဖြင့်အပင်(၈၀၀၀မှ၁၀၀၀၀)ဝင်ဆံ့အောင်လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပါ။

    -အပင်ဦးရေပြည့်မီမှ လိုချင်တဲ့အထွက်နှုန်းရမှာမို့ ဒီအချက်ကိုတော့ မဖြစ်မနေလိုက်နာဖို့ တိုက်တွန်းလိုပါသည်။ တစ်ပင်လျှင် အမှည့်စို ၁ ပိဿာ နှုန်းထိ ထွက်ဖူးသည့် မြေပြင်သာဓကများလည်း ရှိထားပါသည်။ အပင်တစ်သောင်းဆို ငရုတ်အမှည့်စို ပိဿာတစ်သောင်း ဆိုတော့ အားရစရာကြီးပါ။

    ၅။တစ်ဧကလျှင်နွားချေးတစ်တင်းခွဲအိတ်(၅၀၀)အိတ်၊ယူးရီးယား(၅၀)ကီလိုအိတ်(၂)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်နှုန်းထည့်သွင်းပေးပါ။

    -ယခုခေတ် စပ်မျိုးတွေက မြေဩဇာအပေါ်တုံ့ပြန်မှု မြင့်မားကြပါတယ်၊ကျွေးရင်ကျွေးသလောက် ထွက်တဲ့မျိုးတွေပါ။ နောက်ပြီး နွားချေးထည့်ဖို့ကတော့ အပ္ပမာဒေန သမ္မာဒေထ ပါခင်ဗျာ။ လုံးဝကို မေ့လို့မရတဲ့ကိစ္စမို့ နွားချေးထည့်ဖို့ အထူးတိုက်တွန်းလိုပါသည်။

    ၆။ပျိုးသက်(၃၀‒၄၅)ရက်သားတွင်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးပါ။ရွှေ့ပြောင်းစိုက်ပြီးတစ်လအတွင်းကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့်အပင်ပြုပြင်ခြင်းကိုဆောင်ရွက်ပါ။

    -ပျိုးခင်းမှာ အပင် သိပ်ပြီးမဖြစ်လို့ ပျိုးသက်ကြီးအောင်စောင့်ပြီးမှ ရွှေ့ စိုက်တာ၊အပင်ငယ်ငယ်လေးကို ရွှေ့စိုက်ဖို့ ငရုတ်ပင်‌လေးဒါဏ်ခံပါ့မလားတွေ တွေးမနေစေချင်တော့ပါ။ ပျိုးသက်ကြီးမှ ရွှေ့စိုက်ရင် အပင်လှန်ဖို့ အလွန်နှေးပါသည်။ ပေါင်းမရှင်းရင်တော့ အထွက်နှုန်း က သိသိသာသာထိုးကြမှာပါခင်ဗျာ။

    ၇။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်အထိအစိုဓါတ်မပြတ်စေရန်ပန်းစတင်ပွင့်ချိန်တွင်ရေသွင်းပေးခြင်းလုပ်ငန်းကိုအထူး ဆောင်ရွက်ပါ။

    မြ-ေကြီးအစိုဓါတ်ကို တစ်သတ်မတ်တည်း ထိန်းပေးထားခြင်းမျိုးဆို ပိုမိုကောင်းမွန်စေပါမည်။

    ၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။

    -လှေး၊ပျ၊ယင်ဖြူနဲ့ မွှားပင့်ကူနီ တို့ကြောင့် ငရုတ်စိုက်ခင်းများစွာ အဟောသိကံဖြစ်သွားခဲ့ရတာ မရေတွက်နိုင်အောင်ပါ။ ငရုတ်စစိုက်ပြီဆိုတာနဲ့ နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်များနဲ့ အမြဲတိုင်ပင်ဆွေးနွေးနေပေးပါခင်ဗျာ။

    ၉။ငရုတ်ခြောက်အရည်အသွေးကောင်းရရှိစေရန်အတွက်ပန်းပွင့်ပြီး(၆‒၈)ပါတ်အကြာတွင် ကောင်းစွာရင့်မှည့်၍အနီရောင်သန်းသောငရုတ်သီးများကိုသာဆွတ်ခူးပါ။

    -အစိမ်းစိုခူးမယ့်တောင်သူကြီးများကတော့ အစိမ်းမှာတင်ခူးပေါ့၊ အမှည့်စိုသမားများအတွက်လည်း အသုံးဝင်လှပါတယ်၊ ငရုတ်ခြောက်ထိ ထားမယ့်တောင်သူကြီးများကတော့ အထူးလိုက်နာသင့်လှပါတယ်လို့ တိုက်တွန်းလိုပါသည်ခင်ဗျာ။

    ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန

    --------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes15comments0
views184views1317