cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီစာ မုန်လာဥဖြူစားသုံးခြင်းမှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

. ကျန်းမာရေးဆောင်းပါးများ
ဆံပင်ကျွတ်လွန်းသူများနှင့် ဗောက်ထသူများ မုန်လာဥဖြူများများစား၍ ၎င်းမုန်လာဥဖြူကို ကြိတ်ခြေကာ ဦးရေပြား အနှံ့လိမ်းပေးပါ။ ဦးရေပြား ကျန်းမာစေကာ ဆံသားအရောင်များလည်း တောက်ပလာစေနိုင်ပါတယ်။ လတ်ဆတ်သော မုန်လာဥသည် အပေါ်ယံအခွံတင်းနေပြီး အမြစ်မှာကြွပ်ဆတ်ဆတ်ဖြစ်၍၊ အရွက်များ စိမ်းစိုစိုဖြစ်ကာ အသီးအခွံပေါ်တွင် အစက်အပြောက်အက်ကွဲခြင်းမရှိစေရဘဲ ချောမွေ့နေရမည် ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံမှာ မုန်လာဥဖြူကို မုန်လာဥလို့သာ အလွယ်ခေါ်လေ့ရှိပါတယ်။ မုန်လာဥဖြူကို အင်္ဂလိပ်လို Daikon Radish (Mooli) ဟုခေါ်ပြီး ရုက္ခဗေဒအရ Raphanus sativus ဟု ခေါ်ပါတယ်။ မုန်လာဥဖြူပေါက်ရောက်ရာ ပင်ရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ၎င်းနိုင်ငံမှာရှေးနှစ်ပေါင်းများစွာကတည်းက စတင်စိုက်ပျိုးလာခဲ့ရာမှ အီဂျစ်နဲ့ ဂရိနိုင်ငံများသို့ ကုန်သွယ်ဖောက်ကားလာခဲ့ကြပြီး ထိုမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများသို့ မုန်လာဥစားသုံးသောဓလေ့ ဖြစ်ထွန်းလာခဲ့ပါတယ်။ မုန်လာဥဖြူဟာ ဆောင်းရာသီသီးနှံထဲမှာ ပါဝင်ပါတယ်။ မိုးတွင်းအခါ စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥလောက် မဖွံ့ဖြိုးတတ်ပေ။ စားဖွယ်စုံမုန်လာဥဖြူဟာ သုံးတတ်ရင် သုံးတတ်သလို ဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။ မုန်လာဥကို ငါးခူ၊ ငါးရံ့၊ ငါးမြင်း၊ ငါးကြင်း စသောငါးများဖြင့် ချဉ်ရည်ချက်စားကြသလို အမဲသား၊ ဆိတ်သား ဟင်းများတွင်လည်း ထည့်ချက်စားနိုင်ပါတယ်။ မုန်လာဥဖြူကိုခပ်ပါးပါးလှီး၍ ဝက်သား၊ ကြက်သား၊ ဝက်အူချောင်း၊ ကြက်ဥတို့ဖြင့် နှစ်သက်သလို ကြော်စားကြပါတယ်။ မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖတ်တို့ကလည်း ထမင်းမြိန်စေတဲ့ဟင်းလျာများ ဖြစ်ကြပါတယ်။ ဒါ့ပြင်အစိမ်းကြော်၊ ကြက်အသည်းအမြစ်ကြော်၊ ဘဲသွေးကြော်၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်တို့တွင်လည်း မုန်လာဥကို ထည့်သုံးနိုင်ပါတယ်။ မုန်လာဥဖြူနှင့် မြန်မာ့ဆေးကျမ်း ဒဗ္ဗဂုဏ ပကာသနီ ဆေးကျမ်းတွင် မုန်လာဥသည် စပ်၏။ ပွ၏။ ကြေလွယ်၏။ အစာကို ကြေစေတတ်၏။ အဖျားနာ၊ ပန်းနာ၊ နှာခေါင်းနာ၊ လည်ချောင်းနာ၊ မျက်စိနာတို့ကို နိုင်၏။ မုန်လာရွက်သည် အဆီမရှိ၊ ကြေကျက်ရန်လွယ်ကူ၏၊ ပူ၏၊ သလိပ်၊ သည်းခြေနာတို့ကို နိုင်၏၊ အစာကိုကြေစေ၏၊ ဆီဖြင့်ချက်ပါက ဒေါသသုံးပါးစလုံးကိုနိုင်၏။ အစိမ်းဖြစ်ပါက သလိပ်၊ သည်းခြေတို့ကို ပျက်စေတတ်၏ဟု ဆိုထားပါတယ်။ မြန်မာ့ဆေးကျမ်း အကျော်အမော်များတွင် မုန်လာဥသည် ပူသော ဓာတ်ရှိပြီး စပ်သောအရသာရှိသဖြင့် နှုတ်ကိုမြိန်စေတတ်၏။ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိနာများကို ပျောက်ကင်းစေ၏။ မုန်လာရွက်သည် ကြေလွယ် ကျက်လွယ်ပြီးအဆီမရှိ၊ ပူသောဓာတ်ရှိ၏၊ သလိပ်နာနှင့် သည်းခြေနာ တို့ကို ပျောက်ကင်းစေနိုင်၏ဟု ဆိုထားပါတယ်။ ဒေသနာနယဆေးပညာအရ မုန်လာရွက်မျိုးစုံတို့သည် အပူအကြောင်း ခံသောရောဂါများပျောက်ကင်းစေရန် အအေး (သီတ) ဓာတ်ဟာဖြစ်၏၊ ဆီးများ၊ လေသက်စေ၏ဟု ဆိုထားပါတယ်။ မုန်လာဥဖြူနှင့် ကျန်းမာရေးအသွယ်သွယ်ဆေးသိပ္ပံနည်းအရ လေ့လာကြည့်ရာမှာ တစ်ခွက်စာပမာဏရှိသော မုန်လာဥဖြူ တွင် ကယ်လိုရီ (၁၉)၊ ကစီဓာတ် ( ၄ ) ဂရမ်၊ အမျှင်ဓာတ် ( ၂ ) ဂရမ်၊ ပရိုတင်း ( ၁ ) ဂရမ်နှင့် အခြားသော အာဟာရ ပြုဓာတ်များ ဖြစ်ကြတဲ့ ကယ်လ်စီယမ် (၂၉) မီလီဂရမ်၊သံဓာတ် (သုည ဒသမ ၄ မီလီဂရမ်)၊ မဂ္ဂနီစီယမ် (၁၁ ဒသမ ၆ မီလီဂရမ်)၊ မီးစုန်း (၂၃ ဒသမ ၂ မီလီဂရမ်) နှင့် ပိုတက်စီယမ် (၂၇၀မီလီဂရမ်) တို့ အသီးသီးပါရှိနေကြပါတယ်။ မုန်လာဥ ထဲတွင် ၎င်းကောင်း မွန်သော အာဟာရပြုဓာတ်များ အချိုးညီညီပေါင်းစပ်ပါရှိနေကြတာကြောင့် နေ့စဉ်သုံး အစားအစာ အဖြစ် စားပေးသင့်ကြောင်း ကျန်းမာရေးသုတေသီများက အကြံပြုထားကြပါတယ်။ မုန်လာဥဖြူတွင် ဗီတာမင်ဓာတ်များ၊ ဖောလစ်အက်စစ်နှင့် anthocyanins ဓာတ်များပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ကင်ဆာရောဂါများကို တိုက် ထုတ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အူမကြီး၊ အစာအိမ်၊ အူသိမ်နှင့် ကျောက်ကပ် ကင်ဆာ များအတွက် ကောင်းကျိုးပြုပါတယ်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့်ဗီတာမင်ကေဓာတ်များက ခန္ဓာ ကိုယ်အရေပြား ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ၎င်းမုန်လာဥဖြူကိုစားပေးခြင်းဖြင့် ဆဲလ်ထုတ်လုပ်မှုအား ပိုကောင်း လာပြီး ပျက်စီးနေသော အရေပြားဆဲလ်များကို ပြန်လည်ကောင်းမွန်လာစေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါရှိသော မုန်လာဥဖြူက ခန္ဓာကိုယ်အတွင်း ဘေးဖြစ်စေသော free radicalsများကို တိုက်ထုတ်ပေးကာ ကိုယ်ခံစွမ်းအားကို ပိုမိုကောင်းမွန်လာစေ ပါတယ်။ မုန်လာဥဖြူဟာ အသည်းနှင့် ဆီးအိမ်တို့ကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ မုန်လာဥဖြူတွင် မြောက်မြားစွာပါရှိသော ကြေပျက်လွယ်သော အမျှင်ဓာတ်များက အစာကိုကြေညက်စေကာ ဇီဝဖြစ်စဉ်ကို ကောင်းမွန် မှန်ကန်စေပါတယ်။ ၎င်းအမျှင်ဓာတ်ကို စားပြီးနောက် အာသာပြေခံစားမှုကို ရရှိစေပြီးတော်တော်နှင့် ဗိုက်မဆာတော့ပေ။ သံဓာတ် အလုံအလောက်ပါရှိနေ၍ သွေးအားကောင်းစေကာ နှလုံးဆောင်ရွက်ချက်များကိုလည်း ကောင်းကျိုး သက်ရောက် စေပါတယ်။ ဒါ့ပြင် မုန်လာဥဖြူထဲရှိသံဓာတ်က အရေပြား၊ ဆံသား၊ ခြေသည်းလက်သည်းများ၏ ဆဲလ်များကို ကျန်းမာစေ ပါတယ်။ မိမိနှင့် မတည့်သော အစားအစာများ စားမိပြီးနောက် နံနက်အိပ်ရာထ မအီမသာဖြစ်ခြင်းအတွက် မုန်လာဥဟင်း ချက်စားပေးပါ။ မုန်လာဥဖြူက ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။ မုန်လာဥဖြူတွင် ရေဓာတ်မြင့်မားစွာပါရှိ ကာကြေညက်ရန်ခက်ခဲသော ကစီဓာတ်များလည်း ပါရှိနေကြပါတယ်။ မုန်လာဥဖြူစားခြင်းဖြင့် ကယ်လိုရီလျှော့ချပေးနိုင်သကဲ့သို့ ခန္ဓာကိုယ်တွင်း အဆီများစုဝေးခြင်းမှလည်း တားဆီးပေးပါတယ်။ ၎င်းအကျိုးကျေးဇူး များအဖြစ် မုန်လာဥဖြူက ခန္ဓာကိုယ်အလေးချိန် လျှော့ချပေးနိုင်ပါတယ်။ မုန်လာဥဖြူထဲရှိ အာဟာရဓာတ်များက ခန္ဓာကိုယ် ကြွက်သားများကို ကောင်းစွာတည်ဆောက်စေပါတယ်။ ဒါ့ပြင် သဘာဝအရင်းအမြစ် ပရိုတင်းဓာတ်များကလည်း ခန္ဓာကိုယ်အတွက် အားသစ် လောင်းပေးပါတယ်။ အခြားသော ကျန်းမာရေးအတွက်ဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက် များကဲ့သို့ပင် မုန်လာဥဖြူ ကလည်း သွေးထဲရှိကိုလက်စထရောများကို လျှော့ချပေးနိုင်ကာ ကိုလက်စထရောကြောင့် ဖြစ်သော နှလုံးသွေးကြောရောဂါများနှင့် နှလုံးပြဿနာများမှကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥတွင်ပါရှိသော ပိုတက်စီယမ်၊ သံဓာတ်၊ ဆိုဒီယမ်နှင့် ကယ်လ်စီယမ်တို့က ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အတွက် အရေးပါလှပါတယ်။ ၎င်းသတ္တု ဓာတ်များက သွေးထဲသို့ အောက်ဆီဂျင် သယ်ဆောင်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အာဟာရဖြစ်စေခြင်း၊ သွေးရှိထဲ သကြားဓာတ်ကို ထိန်းချုပ်ပေးခြင်းနှင့် သွေးဖိ အားကို ထိန်းပေးခြင်းတို့ဖြင့် ကောင်းကျိုးပြုပေးပါတယ်။ ပိုတက်စီ ယမ်လည်း မြင့်မားစွာပါရှိနေတာကြောင့် သွေးတိုး ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ မုန်လာဥမြစ်က antibacterial နှင့် antimicrobial အစွမ်းသတ္တိများပါရှိနေ၍ ကူးစက်ရောဂါ တော်တော်များများအတွက် ဆေးဖက် ဝင်ပါတယ်။ဒါ့ပြင် amylaseesterase နှင့် diastase စတဲ့ အင်ဇိုင်းဓာတ် များလည်းပါရှိနေ၍ မှိုပိုးအန္တရာယ် ကာကွယ်ပေး နိုင်ပါတယ်။ ခန္ဓာကိုယ်ပြင်ပတွင် အင်းဆက်ပိုးမွှားများ ကိုက်ခံရပါက မုန်လာဥဖြူ ပါးပါးလှီး၍ ဒဏ်ရာပေါ်သို့ကပ်ပေးပါ။ အဆိပ်အတောက်တွေကို စွမ်းအားပြည့် ချေမှုန်းပေးနိုင်သော မုန်လာဥ ဖြူကသွေးကိုသန့်စင်စေကာ အသည်းနှင့် အစာအိမ် တို့ကို ကျန်းမာစေပါတယ်။ ဒါ့ပြင် အူမကြီးနှင့် ကျောက်ကပ်တို့ကို သန့်စင်ပေးပါတယ်။ အသည်းရောင် အသားဝါရောဂါ အတွက် မုန်လာဥဖြူကိုဓာတ်စာအဖြစ် မှီဝဲစားသုံးသင့်ပါတယ်။ အိန္ဒိယနိုင်ငံရှိ The University of Allahabad မှ ဆီးချိုရောဂါသည်များကို လေ့လာချက်အရ မုန်လာဥဖြူထဲတွင်ပါရှိသော hypoglycemic နှင့် antidiabeticဂုဏ်သတ္တိများက သွေးထဲရှိ ဂလူးကို့စ်ပမာဏကို မျှတစေ၍ နာတာရှည် ဆီးချိုသွေးချို ရောဂါဝေဒနာသည်များ မုန်လာဥအဖြူ စားပေးသင့်ကြောင်း အကြံပြုထားပါတယ်။ မုန်လာဥဖြူက ချွဲသလိပ်တွေကို ပျော်ကျစေကာ အသက်ရှူလမ်းကြောင်း စနစ်အထောက်အပံ့ပေးပါတယ်။ တုပ်ကွေး၊ချောင်းဆိုးရင်ကျပ်၊ ပန်းနာနှင့် ကူးစက် ရာသီဖျားများမှ ကာကွယ်ပေးနိုင် ပါတယ်။ မုန်လာဥဖြူတွင် sulfur နှင့် raphanin ဓာတ်တို့လည်းပါရှိနေကြပြီး သိုင်းရွိက်ဟော်မုန်းများကို မျှတစေပါတယ်။ လိပ်ခေါင်းရောဂါရှိသူများ မုန်လာဥဖြူကို အစိမ်းလိုက်ဝါးစားပါ(သို့မဟုတ်) ကြိတ်ခြေ၍ ဖျော်ရည်အဖြစ်သောက်ပါ။ ခန္ဓာကိုယ်တွင်း အပူအပုပ်များသူတွေနှင့် ပူအိုက်သောရာသီများတွင် အအေးစာ ဖြစ်တဲ့ မုန်လာဥဖြူကို အပူငြိမ်းအေး စေတတ်သော ဓာတ်စာကုထုံးအဖြစ်စားပေးသင့်ပါတယ်။ ဒါ့ပြင် မုန်လာဥဖြူတွင် ဇင့်၊ မီးစုန်းနှင့် ဗီတာမင်စီတို့လည်း မြောက်များစွာပါရှိနေ၍ ခန္ဓာကိုယ်တွင်းရေဓာတ်လုံလောက်စေကာ တစ်ရှူး ကြွက်သားများကို အာဟာရဖြစ်စေပါတယ်။ အထူးသဖြင့် မုန်လာဥဖြူအစေ့ထဲတွင် ကယ်လ်စီယမ် အမြောက်အများပါရှိ၍ အရိုးအားကောင်းစေပါတယ်။ ခန္ဓာကိုယ် အရေပြား သန့်စင်စိုပြည်ဝင်းမွတ်လှပလိုသူများ မုန်လာဥဖြူ များများစားပါ။ ဒူး၊ တံတောင် ဆစ်၊ ခြေဖနောင့်များ အသားမာ တက်၍ ညိုမည်းကွဲအက်ခြင်းအတွက် မုန်လာဥဖြူကို ကြိတ်ခြေ၍ သံလွင်ဆီဖြင့် အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါ။ ဆံပင်ကျွတ်လွန်းသူများနှင့် ဗောက်ထသူများ မုန်လာဥဖြူများများစား၍ ၎င်းမုန်လာဥဖြူကို ကြိတ်ခြေကာ ဦးရေပြား အနှံ့လိမ်းပေးပါ။ ဦးရေပြား ကျန်းမာစေကာ ဆံသားအရောင်များလည်း တောက်ပလာစေနိုင်ပါတယ်။ လတ်ဆတ်သော မုန်လာဥသည် အပေါ်ယံအခွံတင်းနေပြီး အမြစ်မှာကြွပ်ဆတ်ဆတ်ဖြစ်၍၊ အရွက်များ စိမ်းစိုစိုဖြစ်ကာ အသီးအခွံပေါ်တွင် အစက်အပြောက်အက်ကွဲခြင်းမရှိစေရဘဲ ချောမွေ့နေရမည် ဖြစ်ပါတယ်။ မုန်လာဥကို ရေခဲသေတ္တာတွင် အထူးတလည် သိမ်းထားဖို့ မလိုအပ်ပေ။ မုန်လာဥကို စက္ကူအိတ်ဖြင့် လေမဝင်အောင် ထုပ်ပိုးကာ အေး၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားပေးခြင်းခြင့် ရက်သတ္တတစ်ပတ်ခန့်ကြာသည်အထိ လတ်ဆတ်နေမှာ ဖြစ်ပါတယ်။ သတိပြုရန်မုန်လာဥဖြူနဲ့ မစား အပ်သော အစားအစာများမှာ မတ်ပဲ၊ ဖြစ်ပါတယ်။

    ပေါက်ပေါက် (မြန်မာတောင်သူကြီးများ ဂျာနယ်)


  • article
likes16comments0
views151views3210