cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယခုနှစ် ဇန်နဝါရီလအတွင်းစတင်ထွက်ပေါ်တဲ့ စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်) အကြွပ်သီးစျေးယခင်နှစ်ထက် ဈေးပိုရနေ 📈📈

. သတင်းစုံ
ယခုနှစ် ဇန်နဝါရီလအတွင်း (၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် စတင်ခဲ့ပြီးယခင်နှစ်ကစတော်ဘယ်ရီ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်စျေးနှုန်းဖြစ်၍ (၁၀၀၀) ကျပ် ပိုမိုစျေးနှုန်းရရှိနေကာထိုင်ဝမ်အချိုသီးကတော့ ယခင်နှစ်တွင်(၁၂၀၀၀) ကျပ်ရှိပြီးယခုနှစ်တွင် (၁၃၀၀၀)ကျပ် စျေးနှုန်းရှိသလိုဒေသသီးနှင့် အခြားမျိုးများထွက်ပေါ်မှုမရှိသေး၍ စျေးကွက်ဖွင့်လှစ်မှုမရှိသေးကြောင်းလည်းကုန်သည်များထံကသိရှိရပါတယ်။
  • ရန်ကုန်။ ၂၀၂၄၊ ဖေဖော်ဝါရီ ၁၁ ရက်

    ယခုနှစ် ဇန်နဝါရီလအတွင်းစတင်ထွက်ပေါ်လာတဲ့ စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်) အကြွပ်သီးစျေးဟာယခင်နှစ်ထက် ဈေးပိုရနေတယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(မန္တလေး)မှ သိရှိရပါတယ်။

    စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်) အကြွပ်သီးအဖွင့်စျေးနှုန်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း (၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် စတင်ခဲ့ပြီးယခင်နှစ်ကစတော်ဘယ်ရီ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်စျေးနှုန်းဖြစ်၍ (၁၀၀၀) ကျပ် ပိုမိုစျေးနှုန်းရရှိနေကာထိုင်ဝမ်အချိုသီးကတော့ ယခင်နှစ်တွင်(၁၂၀၀၀) ကျပ်ရှိပြီးယခုနှစ်တွင် (၁၃၀၀၀)ကျပ် စျေးနှုန်းရှိသလိုဒေသသီးနှင့် အခြားမျိုးများထွက်ပေါ်မှုမရှိသေး၍ စျေးကွက်ဖွင့်လှစ်မှုမရှိသေးကြောင်းလည်းကုန်သည်များထံကသိရှိရပါတယ်။

    စတော်ဘယ်ရီထွက်ပေါ်ချိန် (၅)လတာကာလအတွင်းသီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် စျေးနှုန်းကျဆင်းတတ်ပြီးယခင်နှစ် စျေးနှုန်းအနေဖြင့်(၁)ပိဿာလျှင် (၈၀၀၀-၇၀၀၀-၅၅၀၀) ကျပ်အထိကျဆင်းခဲ့သလိုဝယ်လိုအားထက် ရောင်းလိုအားများသောကြောင့် သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်းလည်းတောင်သူများနှင့် ကုန်သည်များထံမှ သိရှိရပါတယ်။

    စတော်ဘယ်ရီကိုစတင်ထွက်ပေါ်ချိန်မှ သီးနှံရိတ်သိမ်းပြီးချိန်အထိပြင်ဦးလွင်မှတဆင့် တိုင်းဒေသကြီးများ၏ မြို့ကြီးများသို့ တင်ပို့ရောင်းချကြလို့ စိုက်ပျိုးတောင်သူများနှင့် ကုန်သည် ၊ ပွဲစားများအတွက် ဝင်ငွေကောင်းသောသီးနှံတစ်မျိုးဖြစ်ကာနှစ်စဉ် ပြင်ဦးလွင်မြို့ရဲ့ အဓိကထားပြီးစိုက်ပျိုးကြတဲ့ သီးနှံတစ်မျိုးဖြစ်တယ်လို့လည်းသိရှိရပါတယ်။

    စျေးကွက် အနေဖြင့် ပြည်ပတင်ပို့နိုင်မှုမရှိသေးသော်လည်းပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးလျက်ရှိကာအသီးအစိမ်းအနေဖြင့်သော်လည်းကောင်း၊ ယိုစုံ၊ Jum၊ ဝိုင် စသဖြင့် စားသောက်ကုန်များထုတ်လုပ်၍ သော်လည်းကောင်းပြည်တွင်းရှိတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် မြို့များသို့တင်ပို့ရောင်းချလျက်ရှိတယ်လို့ သိရှိရပါတယ်။

    ပြင်ဦးလွင်မြို့နယ်တွင် စတော်ဘယ်ရီသီးနှံကိုစက်တင်ဘာနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီးဇန်နဝါရီမှ မေလအထိခူးဆွတ်ရိတ်သိမ်းကြောင်း၊ စိုက်ဧက(၂၃၅)ဧကစိုက်ပျိုးပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၉၆၈ ဒသမ ၁၉)ပိဿာထွက်ရှိကာ (၁)ဧကကုန်ကျစရိတ်အနေဖြင့်(၄၅)သိန်းကုန်ကျကြောင်းလည်းစိုက်ပျိုးသူများထံကသိရှိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    -------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views101views1995