cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲ⁠တောင့်ရှည် (တိုင်ထောင်ပဲ) အထွက်တိုးရန် ရွက်ဖျန်းအားဆေး နှင့် ပိုးသတ်ဆေးအသုံးပြုခြင်း

. အပင်အာဟာရ
ဖျော်စပ်နည်းမှာ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း နှင့် လက်ချား မှုန့် ဟင်းစားဇွန်း(၁) ဇွန်းကို ပျော်အောင် ဖျော်ပါ။ (မှတ်ချက်- ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ဖြစ်လာချိန်တွင်အမှုန့်ပြုလုပ်အသုံးပြုပါ။ (သို့) လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။ တစ်ဧကတွင် တစ်ကြိမ်လျှင် ဖော်စပ်ပြီးသား အာဟာရရည် ဂါလံ (၂၀) နှုန်ကို နံနက်စော၊ ညနေစောင်း နှင့် နေအေးသောအချိန်တွင် ပက်ဖျန်းပါ။
  • ပဲတောင့်ရှည်ကို သဲမြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ ရသည်။ အလွန်ချဉ်သော မြေတွင် ကောင်းစွာ မဖြစ်ထွန်းချေ။ စိုက်ပျိုးပြီး အပင် ၂ ပတ်သား တွင် (၇)ပေခန့်ရှည်သော ဝါးတိုင် (သို့) ကိုင်းတန်းများကို အပင်အခြေတွင် တွယ်တက်နိုင်ရန် ထောင် ပေးသည်။ ဝါးရှားသောအရပ်ဒေသတွင် တိုင်ထောင်ပဲကို သက်ကြီးပြောင်းဖူးမျိုးနှင့် ရော၍စိုက်ကြသည်။ ချုံပုတ်ပဲမျိုးကို တစ်တန်းနှင့် တစ်တန်း (၁.၅-၂) ပေခြား၍ တစ်ပင်နှင့် တစ်ပင် (၁) ပေခွာ၍ စိုက်သည်။ ရာသီဥတုတင့်သင့်သော ဒေသတွင် ရေရရှိက ပဲနှစ်မျိုးလုံးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ပဲအထွက်တိုးရန် ရွက်ဖျန်းအားဆေး အသုံးပြုခြင်း ပန်းပွင့်ချိန်မှစ၍ သီးကင်းစတင်ဝင်ရောက်ချိန် ထိ ပုလဲနှင့် လက်ချားကို ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်ဖျန်းပက်ပေး ခြင်းဖြင့် အထွက်နှုန်း (၂၀ မှ ၄၀) ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါသည် ဖျော်စပ်နည်းမှာ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း နှင့် လက်ချား မှုန့် ဟင်းစားဇွန်း(၁) ဇွန်းကို ပျော်အောင် ဖျော်ပါ။ (မှတ်ချက်- ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ဖြစ်လာချိန်တွင်အမှုန့်ပြုလုပ်အသုံးပြုပါ။ (သို့) လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။ တစ်ဧကတွင် တစ်ကြိမ်လျှင် ဖော်စပ်ပြီးသား အာဟာရရည် ဂါလံ (၂၀) နှုန်ကို နံနက်စော၊ ညနေစောင်း နှင့် နေအေးသောအချိန်တွင် ပက်ဖျန်းပါ။ အသီးအပွင့်အားဆေးဆိုရင်လည်း ပန်းပွင့်ချိန်မှ ဖျန်းတာထက် သန္ဓေကပ်ချိန် အဖူးအပွင့် စတည်ချိန်ကတည်းက လိုအပ်တဲ့အာဟာရဓာတ် ( ဥပမာ ကယ်ဆီယမ်၊ ဘိုရွန် နှင့် ပိုတက် အချိုးများသော အားဆေးကို ကြိုတင်ဖြည့်တင်းပေးခြင်းဖြင့် ရာသီဒဏ်ပိုမိုခံနိုင်ပြီး အသီးအပွင့် ပိုမိုကောင်းမွန်နိုင်ပါတယ်။ ပိုးမွှားများ စိုက်ခင်းတွင် ပျ၊ ဖြုတ်၊ ယင်ဖြူ၊ ခူမွှေးရှည်၊ သီးလုံဖောက်ပိုး၊ လှေးပိုးများ ကျရောက်တတ်သည်။ ၎င်းတို့အတွက် ပင်လုံးပြန့်နှင့် ထိသေ အာနိသင်ရှိသော ဒိုင်မီသိုအိတ် ၄၀% အီးစီ ကို အသုံးပြုနိုင်သည်။ ရွက်စားပိုး၊ စုပ်စားပိုး၊ သီးလုံးဖောက်ပိုးများအတွက် ဆိုက်ပါမီသရင် ၁၀ % အီးစီကို အသုံးပြုနိုင်သည်။ ဒါ့အပြင် ထိသေ၊ စားသေ၊ ပင်လုံးပြန့် အာနိသင်ရှိသော အက်ဆီဖိတ် ၇၅% ရေဖော်ဆေးမှုန့် ကို အသုံးပြုနိုင်သည်။ မြေအောင်းပိုးများ၊ ပင်ခြေတွင် ကျရောက်တတ်သော ဖျက်ပိုးများ၊ နှံဖျက်ပိုး၊ ရွက်ထွင်းပိုး၊ သီးတောင့်ထိုးပိုး၊ အမြစ်ထွင်းပိုးများကို ကာကွယ်ရန် အဆိပ်ငွေ့ အာနိသင်ပါသော ကလိုပိုင်ရီဖေ့ ၄၀%ကို အသုံးပြုနိုင်သည်။ ရောဂါများ အရွက် သံချေးရောဂါ၊ ပင်စည်ပုပ်၊ ပင်ညှိုးရောဂါ၊ သီးတောင့်နှင့် ပင်စည်ခြောက်ရောဂါ၊ အနာချိုင့်ရောဂါ၊ မှဲ့ပျောက်စွန်းရောဂါတို့အတွက် ပင်လုံးပြန့် အာနိသင်ရှိသော ကြိုတင် ကာကွယ်ဆေး၊ ကုသဆေး၊ မျိုးစေ့ စီရင်ဆေးအဖြစ် Thiophenate-Methlye(သိုင်အိုဖီနိတ် မီသိုင်း) ၇၀ % ရေဖျော်ဆေးမှုန့်ကို အသုံးပြုနိုင်သည်။ မြေအောင်းမှိုရောဂါများအတွက် မျိုးစေ့လည်းစီရင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိသော မက်တယ်လက်ဇီး ၃၅ % ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။ ရွက်ညိုပြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ ဆာကိုစပိုရာ ရွက်ပြောက် တို့အတွက် ထိသေ အာနိသင်ရှိ Chlorothalonil( ကလိုရို သာလိုနေး) ၇၅% ရေဖျော်ဆေးမှုန့်ကို အသုံးပြုနိုင်သည်။ ရွက်ပြောက်၊ ရွက်ခြောက်၊ အရွက်သံချေးမှိုရောဂါများကို ကာကွယ်နိုင်သော မျိုးစေ့အား လူးနယ်စီရင်နိုင်သော မက်ကိုဇက် ၈၀% ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။ ပဲသီးများကို ပန်းပွင့်ပြီး (၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ တစ်ဧကလျှင် သီးတောင့် (၁၅၀၀၀၀-၂၀၀၀၀၀) ထွက်ရှိနိုင်သည်။ Source - စိုက်ပျိုးရေးဦးစီးဌာန


  • article
  • article
  • article
  • article
  • article
likes15comments3
views168views1842