cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ပဲခူး၊ ရန်ကုန်၊ မကွေး ဒေသကြီးတို့အတွက် မိုးလေဝသခန့်မှန်းချက်နှင့် စပါး၊ ပဲ၊ ငါး အကြံပြုချက်
  • ပဲခူးတိုင်းဒေသကြီးရှိ  လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန်ရာခိုင်နှုန်းနည်းသဖြင့် ရာသီဥတု သာယာမည် ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါကြောင်း သတင်းပါးလို ပါတယ် ခင်ဗျာ။ 

    မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါကြောင်း သတင်းပါးလို ပါတယ် ခင်ဗျာ။  

    ပဲသီးနှံ အကြံပြုချက်

    ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်ပါက မတ်ပဲစိုက်ခင်းအား ရေသွင်းပေးရန် လိုအပ်ပါသည်။  မတ်ပဲခင်းများတွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ပဲတောင့်ဖြစ်ထွန်းသည့် အဆင့်တို့တွင် ရေသွင်း သင့်သော်လည်း စိုက်ခင်းထဲတွင် ရေများ ဝပ်မနေသင့်ပါ။  မျိုးစေ့မချမှီ စိုက်ခင်းမြေသည် လွန်စွာခြောက် သွေ့နေ ပါက တကြိမ်ခန့် ရေသွင်းပေးခြင်းသည် မျိုးညှောင့်ပေါက်နှုန်းအား ကောင်းမွန်စေပါသည်။  ဆောင်းရာသီတွင် ရေသွင်းဖို့ အဆင်ပြေလျှင် သီးတောင့် ဖြစ်ထွန်းသည့် အဆင့်တွင် ရေပါးပါး သွင်းပေးပါက အထွက်နှုန်း တိုးစေနိူင် ပါသည်။  သီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ခင်းသို့ ရေသွင်းရာတွင် စိုက်ပျိုးမြေ အနေအထားနှင့် ရာသီဥတု အခြေ အနေပေါ်တွင် မူတည်၍ ချိန်ဆ သွင်းပေးရပါမည်။ 

    မျိုးညှောင့်ပေါက် ညီညာစေရန်အတွက် သင့်တော်သော မြေကြီးအစိုဓာတ်သည် အရေးကြီးသည်။ (မျိုးစေ့ချပြီး ၃ပတ်အတွင်း)။ ခြောက်သွေ့သော အခြေအနေတွင် ရေသွင်းခြင်းကို ၄ရက်ခြားတစ်ခါ ဆောင်ရွက် ပေးသင့်ပါသည်။ မျိုးစေ့ချပြီးနောက် ၃ပတ်အကြာတွင် လိုအပ်ပါက ရေသွင်းခြင်းကို ၇ရက်တစ်ခါ ဆောင်ရွက် ပေးသင့်သည်ပဲတောင့်ရင့်လာချိန်တွင် ရေသွင်းခြင်း မလိုအပ်တော့ပါ။ လုံလောက်သော မြေအစိုဓာတ် ရရှိရန် မရှိမဖြစ် အလိုအပ်ဆုံး အချိန်မှာ ပင်ညှောင့်ပေါက်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တို့ဖြစ်သည်။ ပုံမှန်အားဖြင့် မတ်ပဲစိုက်ခင်းသို့ ရေသွင်းပေးမည်ဆိုပါက ၁ဝရက်-၁၅ရက်ကြားတစ်ခါ ရေသွင်းပေးနိူင်ပါသည်။ သို့သော် စိုက်ခင်းအား ရေပိုလျှံစွာ မပေးမိစေရန်နှင့် ရေမဝပ်စေရန် သတိပြုပါ။ 

    နွေစပါးအကြံပြုချက်

    စပါးအမြစ်တွေမှာ သေးငယ်သော အဖုလေးတွေ များစွာပေါ်နေတာ ဘာကြောင့်လဲ?

    -----------------------------------------------

    မြစ်ဖုနီမတုတ် ရောဂါလက္ခဏာ

    မြစ်ဖုရောဂါသည် စပါးပင်၏ အမြစ်များတွင် သေးငယ်သော အဖုလေးများ ဖြစ်ပေါ်နေပါသည်။ စပါးပင်၏ အမြစ်ထိပ်ဖျားတွင် လွန်းပုံ၊ လုံးရှည်ပုံ အဖုငယ်လေးများ ဖြစ်ပေါ်ပြီး ငါးများချိတ်သဖွယ် ကွေးသွား သည်။ အပင်အပေါ်ပိုင်း တွေ့ရသည့် လက္ခဏာမှာ အပင်ပုပြီး အရွက်များ ဝါနေသည်။တစ်ခါတစ်ရံ မြစ်ဖုကျ ရောက်နေသော အမြစ်များစွာ ပွားများနေတက်သည်။ မြစ်ဖုအတွင်း၌ အိတ်ပုံစံ ခန္ဓာကိုယ်ရှိသည့် နီမတုတ် အမများစွာ နေထိုင်သည်။ အမ၏ ခန္ဓာကိုယ်ထဲတွင် ဥပေါင်းများစွာ ပါဝင်သည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ မျိုးဆက်ပွားနိုင်သည်။ မြစ်ဖု နီမတုတ် ကျရောက်မှု ဆိုးဝါးပါက အပင်သေစေနိုင်သည်။ တခြားသော လက္ခဏာ များမှာ အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ အနှံမအောင်ခြင်းတို့ ဖြစ်တက်သည်။

    မိုးစပါးတွင် ကျရောက်သော မြစ်ဖုနီမတုတ် ရောဂါကို ကာကွယ်နှိမ်နင်းခြင်း နိုက်ထရိုဂျင် ဓါတ်မြေသြဇာ အလွန်အကျွံ မသုံးပါနှင့်။ နီမတုတ်ရောဂါ ကျနေသော ပျိုးပင်များကို စိုက်ခင်းကို ရွှေ့ပြောင်း မစိုက်ပါ နှင့်။ ကောင်းစွာ ဆွေးမြေ့နေသော သဘာဝမြေသြဇာ တမာကြိတ်ဖက်များကို အသုံးပြုပေးပါ။ သက်တမ်းတိုသည့် ပဲမျိုးရင်းဝင် အပင်များ၊ ချစ်တီးပန်း၊ ဉာဏ်ပင်များကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပေးပါ။နီမတုတ် အတွက် လက်ခံပင် မဟုတ်သော အပင်များ မုံညှင်း၊ ပန်းဂေါ်ဖီ၊ ပဲလွန်း၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ကြက်ဆူ စသည့် သီးနှံပင် များနှင့် သီးလှည့် စိုက်ပျိုးပေးပါ။ ပျိုးခင်းနှင့် စိုက်ခင်းထဲတွင် စပါးမြစ်ဖုနီမတုတ်ရောဂါ ဆိုးဝါးစွာ ကျရောက်ပါက ------- အသုံးပြုပေးပါ။စိုက်ခင်းကို ရေမပြတ် သွင်းထားခြင်းဖြင့် နီမတုတ်ရောဂါ ကျရောက်မှုကို သက်သာ စေပါသည်။ မျိုးရင်းဝင် မတူသည့် သီးနှံပင်များ ဖြစ်သော ကြက်ဆူ၊ ပဲလွန်း၊ ပဲပုပ်၊ ကန်စွန်းဥ၊ နေကြာ၊ ဂုန်လျှော်၊ ရုံးပတီပင်များနှင့် သီးလှည့်စိုက်ပျိုးပေးပါ။

    မြစ်ဖုနီမတုတ် ရောဂါ ကျရောက်မှုကို သက်သာစေဖို့အတွက် သီးလှည့် စိုက်ပျိုးခြင်းကို တစ်နှစ်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ စပါးပင်များအား မြစ်ဖု နီမတုတ် ရောဂါမှ ကာကွယ်ရန် လယ်ယာစိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ အကြံပြု တိုက်တွန်းထားသော  Cartap 4% + Thimethoxam 04%+ Abamectin 0.2% ၅ ကီလိုဂရမ် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။

     

    ငါးကန်များအတွက် အကြံပြုချက်  

     

    🐟      အယ်လ်နီညိုမှ လာနီညာ ရာသီဥတုသို့ ကူပြောင်းလာပြီး ခြောက်သွေ့သည့် ရာသီဥတုသို့ ကူပြောင်း လာပြီး ကန်ရေအပူချိန်မြင့်တက်လာနိုင်သဖြင့် သတိပြုနိုင်ရန်၊

    🐟      သို့ဖြစ်၍ ကန်ရေ အမြင့် ၃ ပေအောက် မလျော့စေရေး သတိပြုရန်၊

    🐟      တဆက်တည်းမှာပင် ကန်ရေ အမြင့်ဆုံး ၆ ပေခွဲထက် မပိုရန် သတိပြုရန်၊

    🐟      ကန်ရေအမြင့် ၃ ပေထက်လျော့နည်းသွားပါက ကန်အတွင်းရှိ ငါးများ ဖိစီးမှုဖြစ်စေပြီး အစာစားနှုန်း လျော့ကျကာ ယင်းအခြေအနေမှ ရောဂါဖြစ်စေသဖြင့် သတိပြုရန်၊

    🐟      အပူချိန်မြင့်လာသဖြင့် ရေသွင်းရန် ခက်ခဲသောဒေသများတွင် ကန်အတွင်း အပူချိန်မြင့်မားလာမှုကို လျော့ချရန် ကန်၏ ၅ ပုံ ၁ ပုံခန့်အား အရိပ်များလုပ်ပေးခြင်း သို့မဟုတ် ဗေဒါကဲ့သို့သော အရိပ်ရ အပင်များ စိုက်ပျိုးရန် အကြံပြုအပ်ပါတယ် ခင်ဗျာ။

    Weather Source: CIAT  

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments0
views216views1460