cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ကော်ဖီကို ပြည်ပကဝယ်လိုအားကောင်းပေမယ့် နိုင်ငံတွင်းအခြေအနေကြောင့် တင်ပို့မှုလျော့ကျနိုင်

. သတင်းစုံ
ကော်ဖီအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့နယ်မြေမအေးချမ်းမှုတွေကြောင့် ကော်ဖီတွေ ခူးနိုင်ခြင်းမရှိသလို ကုန်သည်တွေလည်းသွားရောက်ဝယ်ယူနိုင်မှုမရှိခြင်း၊ ကော်ဖီခူးဆွတ်နိုင်ပါကလည်း သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်း၊ တရုတ်နဲ့ထိုင်းကို နယ်စပ်လမ်းကြောင်းကနေ တင်ပို့ရောင်းချနိုင်မှုမရှိခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်ခြင်းစတဲ့အခက်အခဲတွေကြောင့် ပြည်ပတင်ပို့ မှုလျော့ကျပြီး စျေးကွက်ခန့်မှန်းရခက်နေတာဖြစ်တယ်လို့သိရပါတယ်။
  • မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံတွေဆီက ပြည်ပ၀ယ်လိုအားကောင်းနေပေမယ့်လည်း တင်ပို့မှုနယ်စပ်လမ်းကြောင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေတဲ့အတွက် ကော်ဖီ ဈေးကွက်သည် မျှော်မှန်းဖို့ခက်တဲ့အခြေအနေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်းကသိရပါတယ်။

    ကော်ဖီအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့နယ်မြေမအေးချမ်းမှုတွေကြောင့် ကော်ဖီတွေ ခူးနိုင်ခြင်းမရှိသလို ကုန်သည်တွေလည်းသွားရောက်ဝယ်ယူနိုင်မှုမရှိခြင်း၊ ကော်ဖီခူးဆွတ်နိုင်ပါကလည်း သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်း၊ တရုတ်နဲ့ထိုင်းကို နယ်စပ်လမ်းကြောင်းကနေ တင်ပို့ရောင်းချနိုင်မှုမရှိခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်ခြင်းစတဲ့အခက်အခဲတွေကြောင့် ပြည်ပတင်ပို့ မှုလျော့ကျပြီး စျေးကွက်ခန့်မှန်းရခက်နေတာဖြစ်တယ်လို့သိရပါတယ်။

    " ကော်ဖီရှိတဲ့နေရာအများစုက တိုက်ပွဲတွေဖြစ်နေတယ်၊ သွားလာမရတာ ခက်ခဲတာတွေရှိနေတော့ ကော်ဖီစျေးကွက်က ခန်မှန်းလို့မရဘူး၊ကျွန်တော်တို့ကတော့ အခုက လမ်းကြောင်းတော့ရှာပြီး သွားလို့ရတဲ့ နေရာကနေသွားနေပေမယ့် နယ်စပ်ကနေ ယိုးဒယားဘက်ပို့တာလည်းရပ်နေတယ်၊နယ်စပ်ကနေက ထိုင်းကိုအဓိကပို့တာ ၊ ပို့ရတာအခက်အခဲတွေရှိနေတယ်၊ခက်တယ်ပေါ့။တရုတ်ကလည်း အခက်အခဲရှိနေတယ်၊ အခုကမိုင်းလားအပေါက်ရှိမယ်၊လွယ်ဂျယ်ရှိမယ် ဆိုပေမယ့် ကုန်ကျစရိတ်အရမ်းများတယ်။လမ်းခရီးလုံခြုံရေးရှိတယ် " လို့ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းဝင် ကော်ဖီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

    ဒါကြောင့် လက်ရှိ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကို ကော်ဖီတင်ပို့ရောင်းချမှုသည် အရင်ဘဏ္ဍာနှစ်ထက် လျော့ကျမယ့်အခြေအနေရှိတယ်လို့သိရပါတယ်။

    " အရင်နှစ်က တစ်နိုင်ငံလုံးရဲ့ထွက်အား ၈၀ ရာခိုင်နှုန်း လောက်ပြည်ပတင်ပို့နိုင်ခဲ့တာပေါ့၊အခုကတော့ အဲ့ဒီနှုန်းထက်ကိုလျော့နိုင်မယ်။တကယ်လို့ နိုင်ငံကအေးချမ်းပြီးအရင်လိုသွားလာရမယ်ဆိုရင်တော့ တမျိုးဖြစ်သွားမလားပေါ့ " လို့သူကထပ်မံပြောပါတယ်။

    မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ကော်ဖီကိုတော့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ်ဂိတ်ပေါက်တွေကမှ တဆင့် အဓိကတင်ပို့ရပြီး ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနဲ့ UAE နိုင်ငံတွေကိုတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချရတာဖြစ်ပါတယ်။

    ပြည်ပစျေးကွက်မှာတော့ ကော်ဖီတစ်တန်ကို ကုန်ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်မှ ၈၀၀၀ ကျပ်ကျော် အထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

    ကော်ဖီကို နိုဝင်ဘာလကနေ မတ်လအတွင်း ခူးဆွတ်ကြ ပြီး ဧပြီလမှစပြီး ကော်ဖီလက်ကျန်နဲ့ ဝယ်လိုအားအပေါ်လိုက်ကာ တစ်နှစ်ပတ်လုံး ပြည်ပကို တင်ပို့ရောင်းချတာဖြစ်တယ်လို့သိရပါတယ်။

    ကော်ဖီကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသမှာ အများဆုံး စိုက်ပျိုကြပြီး၊ ချင်းပြည်နယ် အပါအဝင် ကျန်တဲ့ မြို့နယ်အချို့တးမှာလည်း စိုက်ပျိုးလာကြပါတယ်။

    မြန်မာနိုင်ငံမှာ နှစ်စဉ် ကော်ဖီတန်ချိန် ၁၀၀၀၀ လောက်ထွက်ရှိပြီး ပြည်ပတင်ပို့ရောင်းချရာမှာ Arabica ကော်ဖီကိုသာ အဓိက တင်ပို့ရောင်းချနေရတာဖြစ်ပါတယ်။

    မြန်မာတစ်နိုင်ငံလုံးမှာဆိုရင် ကော်ဖီ စိုက်ဧက ၅၀၀၀၀ ခန့်ရှိပြီး ဧက ၃၈၀၀၀ ဝန်းကျင်မှာက Arabica အာရေးဗီးကား ကော်ဖီမျိုးစိုက်ပျိုးပြီး ကျန်တဲ့ ဧက ၁၂၀၀၀ ဝန်းကျင်မှာ Robusta ရိုဘမ်စတာ ကော်ဖီမျိုးကို စိုက်ပျိုးတယ်လို့သိရပါတယ်။

    ချစ်ခွန်းချို(AMIA)

    -------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views81views1652