ငါး၊ ပုစွန်နှင့်ရေနေသတ္တဝါများ ကုန်နေသတ္တဝါများထက် ပိုမိုအပုတ်မြန်ရခြင်းအကြောင်းရင်းများ
ရေ နှင့်ရေခဲမလုံလောက်ခြင်း၊ သန့်ရှင်းမှု လုပ်ငန်းများ လုပ်ဆောင်မှု အားနည်းခြင်း။
၁။ ရေပါဝင်မှု ရာခိုင်နှုန်းမြင့်မားခြင်း၊ အကြေခွံမဲ့ငါးတွင် ရေငွေ့ဆုံးရှုံးရန် အကာအကွယ်မဲ့ခြင်း။
၂။ အသားတွင် အမျှင်ဓာတ်နည်းပါးခြင်း။
၃။ သတ်မှတ်ထားသော အလေးချိန်နှင့် သက်တမ်းရောက်ရှိမှ ဖမ်းဆီးမှု မပြုခြင်း။
၄။ အသက်ရှင်လျက် ရောင်းချသည့်ထုံးစံ ကျယ်ကျယ်ပြန့်ပြန့် မရှိခြင်း။
၅။ အမျိုးအစား/ အရွယ်အစားမတူဘဲ ရောနှောထားရှိခြင်း။
၆။ တန်ဖိုးအားဖြင့် ကြက်၊ဝက်၊အမဲတို့ထက် ဈေးပိုနည်းသောကြောင့် ဂရုတစိုက်မသိမ်းဆည်းခြင်း။
၇။ ငါးဖမ်းသည့်နေရာမှ စားသုံးသူအထိ ကိုင်တွယ်မှု အဆင့်ဆင့်များပြားခြင်း။
၈။ ရေ နှင့်ရေခဲမလုံလောက်ခြင်း၊ သန့်ရှင်းမှု လုပ်ငန်းများ လုပ်ဆောင်မှု အားနည်းခြင်း။
၉။ စားသုံးသူများသည် လတ်ဆတ်မှု အရည်အသွေးကို ကောင်းစွာဂရုမစိုက်ကြခြင်း။
၁၀။ ငါးပုတ်သွားသော် ငါးပိကောင်၊ ငံပြာရည် ပြုလုပ်သွားနိုင်သည်ဟု ထင်မြင်ချက်ကို လူအများစုလက်ခံ ထားခြင်း။
၁၁။ ပတ်ဝန်းကျင်ညစ်ညမ်းမှုဟူသမျှ ရေသတ္တဝါများအပေါ် စုပုံကျရောက်ခဲ့သဖြင့် အရည်အသွေးကျဆင်း ရခြင်း ဖြစ်ပါသည်။
----------------------------------------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


