cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် တစ်ပတ်စာ မိုးရွာရန်ရာခိုင်နှုန်းခန့်မှန်းချက်များကို တောင်သူများ အလွယ်တူကြည့်နိုင်အောင် ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
  • article
  • ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက် 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် တစ်ပတ်စာ မိုးရွာရန်ရာခိုင်နှုန်းခန့်မှန်းချက်များကို တောင်သူများ အလွယ်တူကြည့်နိုင်အောင် ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 

     

    ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြ မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ်၊ငပုတောမြို့နယ်၊  


    ဖေဖော်ဝါရီလ ၁၆ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၅ရက်တာ ကာလအတွင်း ရာာနှုန်းပြည့် နီးပါး နေသာနိုင်ပြီး ရာသီဥတု ကြည်လင်ပြီး သာယာအေးမြနေမှာဖြစ်ပါတယ် ။ 

     

    ပဲသီးနှံအတွက် စိုက်ပျိုးရေးအကြံပြုချက် 

      

    စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းသီးနှံ တို့သည် ဈေးကွက်နှင့် မျိုးကို ချိန်ဆ၍ နှစ်ပေါက် သိုလှောင်ထား တတ်ကြသည်။ သိုလှောင် ချိန်တွင်ဖျက်ပိုးကင်းရှင်းရန် လိုလား ကြသည်။ ဤတွင် ပဲမျိုးစုံ သီးနှံသည် သိုလှောင်ရာ၌ ကာလတို အတွင်း၌ပင် ပိုးထိုး ဖျက်ဆီး ခံရသည်။ အများစုသည် ပဲစေ့ ထိုးပိုး၊ ပဲတောင့် ထိုးပိုး၊ သီးလုံး ဖောက်ပိုး တို့ဖြစ် ကြသည်။ ပဲမျိုးစုံ တွင်လည်း ကုလား ပဲစေ့တွင် သီးလုံးဖောက် ပိုးကြောင့် ပျက်စီးနိုင်မှုများ သဖြင့် အထူးသတိပြုကြရသည်။ 

      

    ကုလားပဲတွင် ကျရောက်သော သီးလုံး ဖောက်ပိုးသည် ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ပြောင်းဖူး ပင်များတွင် ကျရောက်သော သီးလုံး ဖောက်ပိုးနှင့် အမျိုး အစား တူညီသည်။ စိုက်ပျိုးသူများ အများစုသည် သီးလုံး ဖောက်ပိုးသည် သိုလှောင် ချိန်ရောက်မှ၊ သိုလှောင်ထားချိန်မှ ကျရောက်သည့် ဖျက်ပိုး မဟုတ်ပါ။ 

      

    သီးနှံစိုက်ခင်း ကတည်း ကပါလာသော ကျရောက်သော ပိုးဖြစ်ပါသည်။ ပန်းမပွင့်ခင်ကာလနှင့် ပန်းပွင့်ပြီးချိန်၊ သီးကင်း လေးဝင်စ အချိန်ကတည်းက စတင်ကျရောက်ခဲ့ပါသည်။ သိုလှောင်ချိန်ထိ ပါရှိသွားပါသည်။ 

      

    အများဆုံး ဖျက်ဆီး ခံရချိန်သည် အိတ်၊ ပုတ်၊ ကျီ၊ ဂိုဒေါင်နှင့် သိုလှောင်ရာတွင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုတွင် အများဆုံးကျရောက်သော သီးလုံးဖောက် ပိုး ဖြစ်သည်။ ပဲတောင့်ထိုးပိုးပြီးလျှင် သီးလုံး ဖောက်ပိုး ဂရုပြုရမည်။ မည်သည့်အချိန် ဂရုပြုရမည်နည်း။ 

      

    ပဲစိုက်ခင်းများ ပန်းပွင့် ချိန်မှ သီးကင်းဝင်ချိန်ဖြစ်ပါသည်။ ထို့အတူ ပဲမျိုးစုံအပင်များ၊ အဖူး၊ အပွင့်၊ အသီးသီးချိန်တွင်ကျရောက်နိုင် သော ဖျက်ပိုးများမှာ အစက်အပြောက် ပဲတောင့်ထိုးပိုးဖြစ်သည်။ ကုလားပဲမှလွဲ၍ ကျန်သည့် ပဲစိုက်ခင်းများ သတိပြုရမည်။ 

      

    ပဲစေ့ထိုးပိုးမှာ သိုလှောင်ချိန် ကျရောက်သော ဖျက်ပိုးဖြစ်သည်။ သို့သော် ဖျက်ပိုးသည် စိုက်ခင်းထဲ၌ အသီး၊ အစေ့ ရင့်မှည့်ချိန် (ကုလားပဲ)၊ ရိတ်သိမ်းရန် နောက်ကျသည့် စိုက်ခင်း(ပဲစင်းငုံ)၊ (ပဲလွမ်း)တို့တွင် တွေ့ရ မှုများသည်။ ပဲတောင့်၊ ပဲသီး၊ ပဲစေ့တွင်း ပိုး ဝင်ပေါက်တွေ့နိုင်သည်။ 

      

    ပဲစေ့ပေါ်တွင် သေးငယ်သောဥများ ကပ်ပါသွားနိုင်သည်။ ပဲစေ့ထဲတွင် လောက်ကောင်နှင့် ရုပ်ဖုံးဘ၀ နှစ်ခုရောက်ရှိနိုင်ပြီး ထိုးဝင်သွားသော အပေါက်ကို အမှေးပါးလွှာနှင့် ပြန်လည်ဖုံး အုပ်ထား၍ မမြင်နိုင်၊ မသိနိုင်ပါ။ ယင်ဖြူ ဖျက်ပိုးမှာ ဆောင်းစိုက် ပဲစင်းငုံနှင့် ပဲတီစိမ်း ၌ ပန်းပွင့်ပြီးချိန် ကျရောက်တတ်သည်။ 

      

    ပဲကြမ်းပိုးစိမ်းသည် သီးကင်းဝင်စ(ပဲတီ စိမ်း)နှင့် အသီးကြီးထွားချိန် (ပဲပုပ်)တွင် ကျရောက်တတ်ပါသည်။ ဖော်ပြပါ ဖျက်ပိုးများသည်ပဲစေ့၊ ပဲတောင့်၊ ပဲသီးကို ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် စတင်ကျရောက်ပြီး အစေ့၊ အတောင့်၊ အသီးထဲ ဝင်ရောက်ကာ ဖျက်ဆီးမှုကို သိုလှောင်ချိန်၌ အများဆုံးပြု လုပ်၍ ပန်းပွင့်ချိန်မတိုင်မီ ကြိုတင် ကာကွယ်နှိမ်နင်းသင့်သည်။ 

      

    တစ်ဆက် တည်း သတိပြုစေလိုသည်မှာလှေးကျိုင်း သည် ပဲလွမ်းတွင် ကျရောက်မှုများပြီး မတ်ပဲ နှင့် ပဲတီစိမ်းတွင် တစ်ခါတစ်ရံမှ ဖျက်ဆီးမှု ဆိုးရွားသည်။ မြေကြီးထဲတွင် ဥအု၍ ပဲပင် အမြစ်များ စားသည်။ 

      

    ပျသည် ရွက်နုများ ဖျက်ဆီးစားပစ်သည်။ ပင်စည် ထိုးယင်သည် ကျရောက်သော ပဲပင်ကို စောစီးစွာ သိလျှင် စိုက်ခင်းမှ နှုတ်ဖယ်ရှင်းခြင်းဖြင့် သိသာစွာပျက်စီးမှုနည်းသည်။ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲပုပ်တွင် အပင်ညှိုးလာမှုလက္ခဏာ ပြလာ၏။ 

      

    စပါးသီးထပ်စိုက်သော နေရာများ၌ ကျရောက်တတ်သဖြင့် စိုက်ခင်းထဲမှ ပိုးအကြွင်း အကျန်များကို ရိုးပြတ်ပါ မကျန် ထယ်ထိုး ဖယ်ရှားသင့်သည်။ ယခုအခါ မြစ်ရေကြီးသော နေရာများ၌ မတ်ပဲ စိုက်ခင်း များတွင် ငမြှောင်တောင်၊ ပိုးနဂါးများသည် မတ်ပဲ စိုက်ခင်းများ၌ ကျရောက်မှု ရှိနေသည်။ 

      

    ဤဖျက်ပိုးများသည် ရှေ့ပိုင်းတွင် ဖော်ပြထားသော ဖျက်ပိုးများကဲ့သို့ သိုလှောင်ချိန်ထိ ဖျက်ဆီးမှုမရှိသလောက် နည်းသည်။ စိုက်ခင်းမှာ အများဆုံး တွေ့ရသည်။ သိုလှောင် ဖျက်ပိုး အများစုသည် စိုက်ခင်းထဲမှာကတည်းက ပါလာ တတ်သည်ကို သတိပြုပါ။ 

      

    အထူးသဖြင့် ပဲ စိုက်ခင်းများ ပန်းပွင့်ချိန်မှ အသီးရင့်ချိန်ထိ ဖြစ်ပါသည်။ 

      

    ကိုရဲ (စိုက်ပျိုးရေး) 

     

    စပါး သီးနှံ အကြံပြုချက် 

     

    စပါးကို စိုက်ပျိုးကြတဲ့တောင်သူဦးကြီးများအနေနဲ့ စပါးပင်မှာ တောင်သူများအခေါ် နီတို ပြဿနာကိုကြုံဖူးကြမှာပါ။ ဒါပေမဲ့ တောင်သူများခေါ်နေကြတဲ့ နီတိုဆိုတာက ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ပိုးမွှားကျရောက်မှုကြောင့်ဖြစ်တာလားဆိုတာ မသေချာ၊ မရေရာ ဖြစ်နေတတ်ကြပါတယ်။ အမှန်တကယ်တမ်းကတော့ နီတို ဆိုတာက ရောဂါလည်းမဟုတ်သလို ပိုးကျတာကြောင့် ဖြစ်တာလည်းမဟုတ်ပါဘူး။ 

    အမှန်တကယ်တော့ စပါးစိုက်ခင်းထဲမှာရေကိုကြာရှည်စွာသိုလှောင်ထားတဲ့အခါ ရေထဲမှာ သံဓါတ်တွေပျော်ဝင် စုစည်းလာပြီးတော့ ကြာလာတာနဲ့အမျှ စပါးပင်တွေက သံဓါတ်အဆိပ်သင့်လာတဲ့ပြဿနာပါ။ အဲလို သံဆိပ်သင့်တဲ့အခါ စပါးပင်တွေက ပုပြီးတိုလာခြင်း၊ စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်းကြောင့် စပါးပင် နီတိုဖြစ်တယ်လို့ အလွယ်ခေါ်ကြခြင်းဖြစ်ပါတယ်။ 

    မိုးကောင်းသောက်ဒေသတွေမှာ စပါးခင်းအတွက် ရေရရှိရန်မလွယ်ကူတဲ့အတွက် စပါးအောင်ရေရတဲ့အထိ ရေကိုလှောင်ထားတတ်ကြပါတယ်။ နောက်ပြီးတော့ ရေသွင်းရေထုတ်ပြုလုပ်ဖို့ခက်ခဲတဲ့ စိုက်ခင်းတွေမှာလည်း ရေကို ကြာရှည်စွာလှောင်ထားတာမျိုးရှိတတ်ပါတယ်။ ထိုကဲ့သို့ရေကိုကြာရှည်စွာ လှောင်ထားတဲ့အခါမျိုးမှာ စိုက်ခင်းရှိ မြေထဲတွင် လေမရှိတော့ပဲ အောက်ဆီဂျင်ဓါတ်ကုန်ခမ်းသွားပါတယ်။ ဒီလိုအချိန်မျိုးမှာ စပါးခင်းထဲမှာရှိတဲ့ သံဓါတ်(အခဲ) တွေဟာ စပါးပင်အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓါတ် (အမှုန်) ပုံစံသို့ ပြောင်းသွားပြီးတော့ စပါးပင်ထဲကို ရေကြောမှတစ်ဆင့် ပမာဏများစွာဝင်ရောက်သွားပါတယ်။ လိုအပ်တဲ့ပမာဏထက်ပိုလာတဲ့အခါမှာတော့ စပါးရွက်တွေဟာ သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ပါတယ်။ 

    နောက်ပြီးတော့ စပါးပင်ထဲမှာရှိနေတဲ့ သံဓါတ်တွေဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ အခဲပုံစံသို့ပြန်ပြောင်းသွားပြီးတော့ စပါးပင်စည် အတွင်းမှာရှိတဲ့ ရေကြောနဲ့အစာကြောတွေမှာ ပိတ်ဆို့သွားပါတယ်။ အဲချိန်မှာဆိုရင် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရတွေကို အရွက်သို့ရောက်အောင် မပို့နိုင်တော့ပါဘူး။ အပင်က အာဟာရကောင်းစွာမရနိုင်တဲ့အတွက် ဆက်လက်မကြီးထွားနိုင်တော့ပဲ အပင်တွေပုကုန်ပါတယ်။ ဒီလိုချိန်မျိုးမှာ တောင်သူအများစုဟာ အပင်ကြီးထွားမှုကောင်းအောင်ပုလဲမြေဩဇာ ပက်လေ့ရှိပါတယ်။ သို့သော် အပင်ရဲ့ အစာကြော၊ရေကြောဟာပိတ်နေတာဖြစ်တဲ့အတွက် အပင်ကမစားနိုင်ပါဘူး။ ကျွေးသမျှကတော့ လေလွင့်ဆုံးရှုံးကုန်ပါမယ်။ 

    ဒီတော့ နီတို ဖြစ်လာပြီဆိုရင် ပြန်လည်ကုစားရမယ့် အကောင်းဆုံးနည်းလမ်းကတော့ စိုက်ခင်းထဲကရေတွေကို ပြောင်အောင်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ရေထုတ်ခြင်းဖြင့် သံဓါတ်အဆိပ်သင့်မှုကို ကုစားနိုင်မှာဖြစ်ပါတယ်။ ရေထုတ်ပြီး တစ်ပတ် အကြာလောက်မှာတော့ အပင်အတွက် အာဟာရတွေပြန်လည်ထောက်ပံ့ပေးသင့်ပါတယ်။ 

    သို့သော် အချို့သောဒေသများတွင် ရေထုတ်ရန် အတွက် အခက်အခဲရှိတတ်ကြပါတယ်။ များသောအားဖြင့် မိုးရေကိုသာအားကိုးရတဲ့မိုးကောင်းသောက်ဒေသ တွေမှာဆိုရင် ရေကိုလုံးဝကုန်စင်အောင် ထုတ်ပေးနိုင်ဖို့ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ထိုကဲ့သို့သောဒေသများမှာ သံဓါတ်အဆိပ်သင့်မှုပြဿနာကို ကုစားဖို့အတွက် ပိုတက်ချ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ချ်(K) ဟာ စပါးပင်အမြစ်တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ချ်(K) မြေဩဇာအပြင် ကျောက်မှုန့်မြေဩဇာကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။ 

     

    ငါးကန်များအတွက် အကြံပြုချက် 

      

    🐟 အယ်လ်နီညိုမှ လာနီညာ ရာသီဥတုသို့ ကူပြောင်းလာပြီး ခြောက်သွေ့သည့် ရာသီဥတုသို့ ကူပြောင်း လာပြီး ကန်ရေအပူချိန်မြင့်တက်လာနိုင်သဖြင့် သတိပြုနိုင်ရန်၊ 

    🐟 သို့ဖြစ်၍ ကန်ရေ အမြင့် ၃ ပေအောက် မလျော့စေရေး သတိပြုရန်၊ 

    🐟 တဆက်တည်းမှာပင် ကန်ရေ အမြင့်ဆုံး ၆ ပေခွဲထက် မပိုရန် သတိပြုရန်၊ 

    🐟 ကန်ရေအမြင့် ၃ ပေထက်လျော့နည်းသွားပါက ကန်အတွင်းရှိ ငါးများ ဖိစီးမှုဖြစ်စေပြီး အစာစားနှုန်း လျော့ကျကာ ယင်းအခြေအနေမှ ရောဂါဖြစ်စေသဖြင့် သတိပြုရန်၊ 

    🐟 အပူချိန်မြင့်လာသဖြင့် ရေသွင်းရန် ခက်ခဲသောဒေသများတွင် ကန်အတွင်း အပူချိန်မြင့်မားလာမှုကို လျော့ချရန် ကန်၏ ၅ ပုံ ၁ ပုံခန့်အား အရိပ်များလုပ်ပေးခြင်း သို့မဟုတ် ဗေဒါကဲ့သို့သော အရိပ်ရ အပင်များ စိုက်ပျိုးရန် အကြံပြုအပ်ပါတယ် ခင်ဗျာ။ 


likes18comments3
views298views24054