cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက် (ပင်ဆင့်ကိုင်းကူးနည်း)🧑‍🌾🧑‍🌾🌳🌳

. စိုက်ပျိုးနည်းစနစ်များ
ဒါ့ကြောင့် သရက်တောင်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ သရက်ကိုင်းမွေးနည်းနဲ့ စိုက်ပျိုးရေး နည်းလမ်းကောင်းတွေကို နောက်တစ်ကြိမ် တင်ဆက်မှုတွေကနေ ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်လို့ ထွက်တိုး ယူကျူချန်နယ်ကို like and Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ လင့်ကို နှိပ်၍လည်း video ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
  • သရက်စိုက်ပျိုးရေးကို အထူးစိတ်ဝင်စားကြတဲ့ ဝါသနာရှင်များခင်ဗျာ...

    ဒီနေ့မှာတော့ ပြည်တွင်းမှာရော၊ ပြည်ပစျေးကွက်မှာပါ အထူးရောင်းအားကောင်းနေတဲ့ စိန်တလုံးသရက်ကို စစိုက်ချင်သူများနဲ့ သရက်ဝါသနာရှင်များအတွက် အောက်ခံသရက် အကြမ်းပင်ပေါ်မှာ စိန်တလုံးသရက်မျိုးပင်ကို ဆင့်ပြီး ပင်ဆင့်ကိုင်းကူး မျိုးယူနည်းအကြောင်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

    ပင်ဆင့်ကိုင်းကူးတော့မယ်ဆိုရင် လိုအပ်တာတွေကတော့ အောက်ခံသရက် အကြမ်းပင်၊ စိန်တလုံးမျိုးပင်မှ သရက်ကိုင်းတစ်ကိုင်း၊ ဓားထက်ထက်တစ်လတ်၊ ပလတ်စတစ်ကြိုးပြားစ တို့လိုအပ်တာ ဖြစ်ပါတယ်။

    အရင်ဆုံး အောက်ခံပင်ကို ပင်စည်အထက် ၆ လက်မလောက်အထိ ချန်ထားကာ အပေါ်ပိုင်းကို ဖြတ်ပစ်ရပါမယ်။ အောက်ခံပင်စည်ကို အလည်တည့်တည့်မှ ၁ လက်မခန့် ခွဲ/ဖြတ်ပေးပါ။ စိန်တလုံးသရက်မျိုးကိုင်း အောက်ခြေကို ပါးသွားအောင် ချွန်ပေးပါ။

    ဖြတ်ထားသော အောက်ခံပင်စည်ထဲကို ချွန်ထားသော စိန်တလုံးသရက်ကိုင်းထည့်ပြီး ဆက်ပေးပါ။

    ထိုဆက်ထားသောနေရာကို ပလက်စတစ်ကြိုးပြားဖြင့် တင်းကြပ်စွာ ပတ်ပေးပါ။ကြပ်သွားအောင် စည်းပါ။

    ထိုပတ်တာက မလုံဘူးဆိုရင် ရေဝင်ပြီး ရောဂါပိုးမွှားကူးစက်ကာ ကိုင်းဆက်တာက အောင်မြင်တော့မှာ မဟုတ်ပါဘူး။

    အောက်ခံအကြမ်းပင်ပေါ်မှာ ဆင့်ပြီး အခုလို ကိုင်းကူးထားတဲ့ သရက်ပျိုးပင်တွေကို ပျိုးအိတ်မှာ ၃ လကြာအောင် ထပ်ပျိုးထားဖို့ လိုအပ်ပါသေးတယ်။ ပြီးရင်တော့ မိမိစိုက်ချင်တဲ့ နေရာမှာ မြေချစိုက်ပျိုးလို့ ရပါပြီ။

    အခုလိုမျိုးယူထားတဲ့ စိန်တလုံးသရက်ပင်ကနေ မြေချစိုက်ပျိုးပြီးတဲ့နောက် တစ်နှစ်ခွဲသားအကြာမှာ အသီးစသီးနိုင်ပါတယ်။

    ပထမအကြိမ် စိန်တလုံးသရက်စိုက်မယ့် တောင်သူများအတွက်ကတော့ အခုလိုမျိုးယူထားတဲ့ စိန်တလုံးသရက်မျိုးပင်တွေကို စိုက်ပျိုးသင့်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ သရက်ပင်တွေက အသီးများများသီးလာအောင် အကိုင်းမွေးတတ်ဖို့လဲ လိုပါတယ်။ သရက်ပင်တစ်ပင်မှာ အကိုင်းများများ မမွေးနိုင်ဘူးဆိုရင် အသီးအရေအတွက် လျော့နည်းပြီး ဝင်ငွေနည်းနိုင်ပါတယ်။

    ဒါ့ကြောင့် သရက်တောင်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ သရက်ကိုင်းမွေးနည်းနဲ့ စိုက်ပျိုးရေး နည်းလမ်းကောင်းတွေကို နောက်တစ်ကြိမ် တင်ဆက်မှုတွေကနေ ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်လို့ ထွက်တိုး ယူကျူချန်နယ်ကို like and Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ ပုံကို နှိပ်၍လည်း video ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

    သရက် (ပင်ဆင့်ကိုင်းကူးနည်း) (youtube.com)


  • article
likes11comments0
views206views1541