cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါး သံဓာတ်အဆိပ်သင့်ခြင်း 🌾

. အပင်အာဟာရ
ဒီကနေ့မှာတော့တောင်သူဦးကြီးတွေအတွက်စပါးမှာသံဓာတ်အဆိပ်သင့်ခြင်း 🌾
(သို့မဟုတ်) နီတိုပြသနာအကြောင်းတင်ပေးလိုက်ပါတယ်။
  • စပါးမှာ သံဓါတ် အဆိပ်သင့်ခြင်း (သို့မဟုတ်) နီတို ပြသနာစပါးမှာ သံဓါတ် အဆိပ်သင့်ခြင်း (သို့မဟုတ်) နီတို ပြသနာမိုးကောင်းသောက်ဒေသတွင် မိုးရေရရှိရန် မသေချာသဖြင့် စပါးအောင်ရေရသည်အထိ ရေလှောင်ထားခြင်း၊ ဆည်ရေသောက်ဒေသတွင် ရေသွင်းရေထုတ်ရန် အခက်အခဲရှိသော အကွက်များတွင် ရေကိုထိန်းသိမ်းလှောင်ထားခြင်းများ ပြုလုပ်သည့်အခါတွင် အနည်းလိုအာဟာရဓာတ်ဖြစ်သော သံဓာတ်ပျော်ဝင်စုစည်းလာပြီး တောင်သူအခေါ် “ နီတို “ ဖြစ်လာတတ်သည်။ သံဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေ -

    • အဆိပ်သင့်မှုမှာ အချဉ်ဓာတ်လွန်ကဲသောမြေများ၊ ရေဝပ်မြေများတွင် လေဝင်လေထွက် ညံ့ခြင်းကြောင့် သံဓါတ် အဆိပ်သင့်ခြင်းကို ပိုဖြစ်စေသည်။

    • သံဓါတ် အဆိပ်သင့်ခြင်းကို မြေအများအပြားတွင် တွေ့ရပြီး ရေအမြဲသွင်းထားသည့် စပါးခင်းတွင် ပို၍ အဖြစ်များသည်။ စပါးပင် သက်တမ်း တစ်လျှောက်လုံးတွင် တွေ့ရသည်။ သံဆိပ်သင့်မှု လက္ခဏာ

    • သံဓါတ် အဆိပ်သင့်ခြင်းဖြင့် စပါးရွက်တွင် ကြေးနီရောင် ပြောင်းသွားသည်။

    • သံဆိပ်သင့်ခြင်း ဆိုးဝါးပါက အပင်ပုပြီး အရွက်သည့် ခရမ်းရင့်ရောင် ပြောင်းသွားသည်။ အပင်ပုခြင်း၊ ပင်ပွားနည်းခြင်းကို ဖြစ်စေပါသည်။

    • အမြစ်များ ညိုမဲပြီး သေဆုံးသွားပါသည်။ အပင်ကို ဆွဲနုတ်ကြည့်သည့် အခါ အမြစ်ပွားများမှုနှုန်း နည်း၍ အမြစ်များသည်လည်း မဲပုပ်နေသည်ကို တွေ့ရပါသည်။

    ပြန်လည်ကုစားနည်း -

    • ပိုတက်(K) ဓာတ်ပါသော မြေသြဇာများအပြင် ဂျစ်ပဆန်နှင့် ကယ်လ်စီယမ်(Ca)ပါသော ဓာတ်မြေသြဇာများ ထည့်ပေးခြင်းဖြင့်လည်း အဆိပ်သင့်မှုကို ပြေပျောက်စေနိုင်ပါသည်။

    • ရေသွင်းရေထုတ်လွယ်ကူသော အကွက်များတွင်မူ ရေထုတ်ခြင်းဖြင့် သံအဆိပ်သင့်မှု လွတ်ကင်းမည်ဖြစ်ပြီး ရေထုတ်ပြီး တစ်ပတ်မှ ၁၀ ရက်အကြာ မြေဖန့်ပါက ရေပြန်သွင်းပြီး လိုအပ်မည့်အာဟာရများ ပြန်ဖြည့်တင်းပေးနိုင်ပါသည်။

    • ရေသွင်းပြီး (၁၀-၂၀) ကြာမှ အပင်ကို ရွှေ့ပြောင်းစိုက်ပျိုးပါ။ မြေချဉ်ပါက ထုံးထည့်ပေးပါ။ ပိုတက်ဆီယမ် (K) ၊ ဖော့စဖရပ်(စ်) (P) နှင့် မဂနီဆီယမ် (Mg) ကို လုံလောက်စွာကျွေးပါ။

    Source: Htwet Toe

    --------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes22comments0
views244views1604