cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇီဇဝါတို့အကြောင်းနှင့်စိုက်ပျိုးပုံ

. စိုက်ပျိုးနည်းစနစ်များ
ဇီဇဝါပန်းပင်သည် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက် ( ၂၉.၆ ဒီဂရီစင်တီဂရိတ်) အနည်းဆုံးလိုအပ်ပြီး နေရောင်ကို ကြိုက်နှစ် သက်ပါသည်။ အရွက်တွေက ဘဲဥပုံဖြစ်ပြီး တောက်ပတဲ့ အစိမ်းရောင်ရှိပါသည်။ အပင်က ၂ပေမှ ၈ ပေအထိ မြင့်ပြီး ကိုင်းဖြတ်မျိုးပွားယူနိုင်ပါသည်။
  • အခုတစ်ခါမှာတော့ မြန်မာလူမျိုးတွေလည်း အလွန်နှစ်သက် တန်ဖိုးထားကြတဲ့ အဆင်းလှ ယုံသာမက ရနံ့ပါသင်းပျံ့ပြီး မြတ်ဘုရားရှင်အား ကပ်လှူပူဇော်ကြတဲ့ ပန်းတစ်မျိုးဖြစ်တဲ့ ဇီဇဝါပန်းပင် အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

    ဇီဇဝါပန်း

    ဇီဇဝါပန်းသည် အနံ့မွှေး၍ ပန်းအနံ့သည် စပယ်ပန်း အနံ့နှင့်ဆင်တူ၏။ ဇီဇဝါပန်းသည် နွမ်းပြီးဝါသွားတဲ့ အချိန်ထိတိုင် အောင် မွှေးပျံ့သည့်ရနံ့ရှိပါသည်။ ပွင့်ဖတ်များသည် နူးညံ့၍ အရောင်တောက်ပ၏။ အပွင့်၌ အထပ်နှစ်ထပ်ရှိ တတ်သည်။ ဇီဇ ဝါပင်သည် အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်း များတွင် ပေါက်ရောက် လေ့ရှိ၏။ အမြဲတမ်း စိမ်းနေသည့် ဇီဇဝါပန်းပင်သည် ချုံပုတ်မျိုးဖြစ်ပြီး နေအပူကို ခံနိုင်စွမ်းရှိသော အပင်မျိုးဖြစ်ပါသည်။ အင်္ဂလိပ်အမည် "Gardenia" လို့ခေါ်တွင်ပြီး

    "Cape jasmine"ဟုလည်းခေါ်ကြပါသည်။

    (၁)မူလဇာတိ

    ဇီဇဝါ၏ ရုက္ခဗေဒအရ "Gardenia jasminoides" 'ရူဗီအေစီအီး'မျိုးရင်း ဖြစ်သည်။ ဇီဇဝါ၏ မူလဇာတိ နေရာသည် တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံတို့ ဖြစ်ကြပါသည်။ ဇီဇဝါပန်း၏ ဇာတိနေရာမှာ အမေရိကန် ပြည်ထောင်စု မဟုတ်သော်လည်း (၁၈ ) ရာစုက အမေရိကန်လူမျိုး ဆေးပညာရှင် "Dr. Alexander Garden" ၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထား ခြင်းဖြစ်ပါသည်။ ယနေ့အခါမှာတော့ ကမ္ဘာပေါ်မှာ ဇီဇဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်ခန့်ရှိနေပါပြီ။ ဇီဇဝါပန်းပင်များကို တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ၊ ပူနွေးစွတ်စိုတဲ့ ရာသီဥတုရှိသော အရှေ့တောင်အာရှနိုင်ငံများ ၊ ပစိဖိတ်ကျွန်းများ နှင့် တောင်အာဖရိကတိုက်နိုင်ငံများမှာ တွေ့ရပါသည်။

    (၂)စိုက်ပျိုးပုံ

    ဇီဇဝါပန်းပင်သည် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက် ( ၂၉.၆ ဒီဂရီစင်တီဂရိတ်) အနည်းဆုံးလိုအပ်ပြီး နေရောင်ကို ကြိုက်နှစ် သက်ပါသည်။ အရွက်တွေက ဘဲဥပုံဖြစ်ပြီး တောက်ပတဲ့ အစိမ်းရောင်ရှိပါသည်။ အပင်က ၂ပေမှ ၈ ပေအထိ မြင့်ပြီး ကိုင်းဖြတ်မျိုးပွားယူနိုင်ပါသည်။ စွတ်စိုပြီး ရေစီးရေလာ ကောင်းမွန်တဲ့ မြေဆီလွှာမျိုးကို နှစ်သက်ပြီး pH ၅.၀ နှင့် ၆.၀ အတွင်းရှိသည့် မြေဆီလွှာကို နှစ်သက် ပါသည်။ မြေကြီးတွင် ချစိုက်၍သော်လည်းကောင်း ၊ ပန်းအိုးတွင်းမှာသော်လည်း ကောင်းစိုက်ပျိုးနိုင်ပါတယ်။ မြေကြီးချစိုက်ပျိုးလျှင်တော့ ချုံပုတ်သဖွယ်ကြီးထွားမြန်ပါသည်။

    (၃)ထူးခြားချက်

    ဇီဇဝါပန်းသည် အဖြူရောင်ရှိပြီး နွမ်းသွားလျှင် အဝါရောင်သို့ ပြောင်းသွားပါသည်။ နွမ်းပြီး အဝါရောင် ဖြစ်သွားသည့်တိုင် အောင် မွှေးရနံ့ ပျက်ပြယ်သွားခြင်း မရှိပေ။ အနောက်နိုင်ငံများမှာတော့ ဇီဇဝါပန်းကို ပန်းအလှပြင်ဆင်ခြင်းနဲ့ မင်္ဂလာပွဲများ မှာ အသုံးပြုကြပါသည်။ ဇီဇဝါပန်းကို အသုံးပြုခြင်း ၊ ဆောင်ခြင်းဖြင့် လုံခြုံစိတ်ချ နွေးထွေးမှု ရှိသည်ဟု့ အယူရှိကြပါ သည်။ဇီဇဝါပန်း၏ အခြား အဓိပ္ပာယ်ကတော့ လှို့ဝှက် အချစ် ဖြစ်ပြီး မိန်းကလေးတစ်ဦးအား ဇီဇဝါပန်းပွင့်ကို လက်ဆောင် ပေးခြင်းဟာ အဲဒီ မိန်းကလေးက ချစ်စရာကောင်းတယ်လို့ ညွှန်းဆို ခြင်းဖြစ်ပါသည်။ အဝါရောင် ဇီဇဝါသီးများကို တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ဆေးဆိုးရာ၌ အသုံးပြုကြသည်။ နှစ်ထပ်ပန်းပွင့်ကြီးများ ပွင့်သော ဇီဇဝါပင်မျိုးများသည် အကောင်းဆုံး ဖြစ်သည်။ ထိုအပင်မျိုးများကို 'မစ္စထရီ' နှင့် 'ဗဲလမွန့်'ဟု ခေါ်ကြပါသည်။

    သုတဇုန် ထွန်းလင်း

    -----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes10comments0
views209views2483