cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမုန့်ပြုလုပ်နည်း 🐳🐳

. ငါးမွေးမြူရေးလမ်းညွှန်
အဆင့် ( ၁ ) - ပထမဦးစွာ ငါးကုလား (သို့) ငါးဖယ်ကို ခြစ်ယူပါ။ ရလာသော အသားများကို ကြိတ်စက်ဖြင့် ကြိတ်ပါ။ ကြိတ်စက်မရှိလျှင် ငရုတ်ဆုံကို အသုံးပြုနိုင်သည်။

အဆင့် ( ၂ ) - ကော်မှုန့်နှင့် ဂျုံမှုန့်ကို သမအောင်နယ်ပါ။

အဆင့် ( ၃ ) - ရရှိလာသော အရောအနှောကို ဖော်ပြထားသည့် ရေအချိုးအစားအတိုင်း အနည်းငယ်စီထည့်၍ သမအောင် နယ်ပါ။ (မုန့်သားသည် စေးထန်လာသည့် အနေအထားရှိရမည်။)
  • လိုအပ်သောပစ္စည်းများ

    ၁။ စတီးဗန်းကြီး (သို့) သတ္ထုဗန်းကြီး - ( ၁ ) ချပ်

    ၂။ ငါးမုန့်နယ်ရန်ဇလုံကြီး - ( ၁ ) လုံး

    ၃။ အသားလှီးဓါး - ( ၁ ) လက်

    ၄။ စဉ်းနှီတုံး - ( ၁ ) ခု

    ၅။ ဟင်းခတ်ဇွန်းကြီး - ( ၁ ) ခု

    ၆။ ကော်မှုန့်စစ်ရန် ဇကာ - ( ၁ ) ခု

    ၇။ ကြိတ်စက်(သို့) ငရုတ်ဆုံ - ( ၁ ) ခု

    ၈။ ချိန်တွယ်စက်(သို့) အလေးချိန်ခွင် - ( ၁ ) ခု

    ၉။ ပေါင်းခံရန်အိုးကြီး - ( ၁ ) လုံး

    ၁၀။ ဝါးဇကာကြီး - ( ၁ ) ချပ်

    ပါဝင်သောပစ္စည်းများ

    ----------------------

    ၁။ ငါးအသားခြစ် (ငါးကုလားခြစ် (သို့) ငါးဖယ်ခြစ်) - ( ၁၀ ) ကျပ်သား

    ၂။ ကော်မှုန့် (သို့) ပီလောပီနံမှုန့် - (၃၀) ကျပ်သား

    ၃။ ဂျုံမှုန့် - (၄) ကျပ်သား

    ၄။ ဆား - (၁) ကျပ်သား

    ၅။ ငံပြာရည် - (၁) ကျပ်ခွဲသား

    ၆။ သကြား - ( ၂ ) ကျပ်သား

    ၇။ ငရုတ်ကောင်းမှုန့် (အနံ့ရရုံသာ) - အသင့်အတင့်

    ၈။ ကြက်သွန်ဖြူ (အခွံနွှာပြီးသားအချိန်) - ( ၂ ) ကျပ်ခွဲသား

    ၉။ ရေကျက်အေး (အေးမှထည့်ရန်) - ( ၁၃ ) ကျပ်သား

    ပြုလုပ်ပုံအဆင့်ဆင့်

    --------------------

    အဆင့် ( ၁ ) - ပထမဦးစွာ ငါးကုလား (သို့) ငါးဖယ်ကို ခြစ်ယူပါ။ ရလာသော အသားများကို ကြိတ်စက်ဖြင့် ကြိတ်ပါ။ ကြိတ်စက်မရှိလျှင် ငရုတ်ဆုံကို အသုံးပြုနိုင်သည်။

    အဆင့် ( ၂ ) - ကော်မှုန့်နှင့် ဂျုံမှုန့်ကို သမအောင်နယ်ပါ။

    အဆင့် ( ၃ ) - ရရှိလာသော အရောအနှောကို ဖော်ပြထားသည့် ရေအချိုးအစားအတိုင်း အနည်းငယ်စီထည့်၍ သမအောင် နယ်ပါ။ (မုန့်သားသည် စေးထန်လာသည့် အနေအထားရှိရမည်။)

    အဆင့် ( ၄ ) - ပြီးလျှင် ကြိတ်ထားသော ငါးအသားခြစ်၊ ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ရောစပ်၍ ချိန်တွယ် ထားပြီးသား ရေကျန်အနည်းငယ်ထည့်ကာ သမအောင်နယ်ပါ။ ထိုသို့ နယ်ထားသော အသားလုံးတွင်းရှိ ပါဝင် ပစ္စည်းများသမစေရန် ကြိတ်စက်တွက် ထည့်၍ကြိတ်ပါ။ (သို့) ငရုတ်ဆုံတွင် ထည့်ထောင်းနိုင်ပါသည်။

    အဆင့် ( ၅ ) - သမလာသော ငါးအသားလုံးကို စေးထန်းလာအောင် ဇလုံကြီးထဲတွင် လက်ဖြင့်နယ်ပေးပါ။ ထို့နောက် ပေါင်းခံ ရန်အတွက် ငါးအသားတောင့်များအား (သင့်တော်သလို) ပြုလုပ်ပါ။

    အဆင့် ( ၆ ) - အသင့်အနေအထား ပြုလုပ်ထားသော ငါးအသားတောင့်များကို ရေနွေးငွေ့ပေါင်းအိုးကြီးထဲတွင် ကြာချိန် ( ၂ ) နာရီခွဲမှ ( ၄ ) နာရီအထိ ပေါင်းရပါမည်။

    မှတ်ချက်။ ။ပေါင်းခံရာတွင် ငါးအသားတောင့်များ ကျက်/မကျက်သိရှိနိုင်ရန်အတွက် အသားလှီးဓါးဖြင့် ငါးအသား တောင့်၏ အလယ်ကိုခွဲကြည့်ပါ။ မုန့်သားသည် အလယ်တွင် ဖြူနေသေးပါက ဆက်လက်၍ ပေါင်းခံရလိမ့်မည်။

    အဆင့် ( ၇ ) - ပေါင်းခံပြီးသား ငါးအသားတောင့်များကို တစ်ညအိပ် အအေးခံထားပါ။

    မှတ်ချက်။ ။ ငါးအသားတောင့်များမှာ လေသလပ်ခံ၍ အပေါ်ယံကြောတင်းလာစေရန်အတွက်ဖြစ်သည်။

    အဆင့် ( ၈ ) - နောက်တစ်နေ့ နံနက်တွင် မမာမပျော့ဖြစ်နေသော ငါးအသားတောင့်များကို အသားလှီးဓါးဖြင့် အဝိုင်းပြားလေး များဖြစ်အောင် လှီးပေးပါ။ (ပါးနိုင်သမျှ ပါးလှပ်အောင် လှီးပေးရပါမည်။)

    အဆင့် ( ၉ ) - လှီးထားပြီးသော ငါးအသားဝိုင်းပြားများကို နေပူပူတွင် ( ၂ ) ရက်မှ ( ၃ ) ရက်အထိ ခြောက်သွေ့အောင်လှန်း ပေးပါ။

    အဆင့် ( ၁၀ ) - ရရှိလာသော ခြောက်သွေ့နေသည့် ငါးအသားပြားဝိုင်းများကို အိတ်တွင်ထည့်၍ သိမ်းဆည်းနိုင်ပါပြီ။ (သို့) ၄င်း ကို ဆီပူပူတွင် ထည့်ကြော်လိုပါက အရသာပြည့်စုံပြီး ဓါတုဆေးမပါဝင်သော ငါးမုန့်ကောင်းကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ----------------------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes10comments1
views93views2631