cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဘက်ဝင် မြင်းခွာရွက်အကြောင်း သိကောင်းစရာ 🌱🌱

. ကျန်းမာရေးဆောင်းပါးများ
ပထမမျိုးကအရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။

ဒုတိယမျိုးကတော့မြင်းခွာရွက်အဖြူမျိုးပဲ၊ အဲဒီမြင်းခွာပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။ ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။
  • မြင်းခွာပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွာပင်ဟာ အပင်ငယ်လေးဖြစ်တယ်။ မြေကြီးမှာကပ်ပြီး ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ ခွာနဲ့တူလို့ သူ့ကို မြင်းခွာပင် လို့ခေါ်ခြင်းဖြစ်တယ်။

    မြင်းခွာပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။ တစ်ဆောင်းလုံး၊ တစ်မိုးလုံးမှာ မြင်းခွာပင် ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတု ရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူ လေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။

    မျိုးသုံးမျိုး---

    မြင်းခွာပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းဘောင်ကလေးတွေလုပ်ပြီး စိုက်ကြ၊ မြေသြဇာကျွေးကြတော့ သန်လိုက်တဲ့ဖြစ်ခြင်း။

    အဲဒီလိုစိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြင်းခွာပင်ကလေးတွေကို နုတ်ယူပြီး နှီးနှင့်စည်းကာ ရောင်းချကြတယ်။ ဘယ်ဈေးမှာဖြစ်ဖြစ် ကုန်စိမ်းသည်တွေထံမှာ ဝယ်လို့ရတယ်။ အလွယ်တကူ စားသုံးနိုင်တယ်။

    မြင်းခွာပင်ကလေးများဟာ မျိုးသုံးမျိုး ရှိပါတယ် -

    ပထမမျိုးကအရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။

    ဒုတိယမျိုးကတော့မြင်းခွာရွက်အဖြူမျိုးပဲ၊ အဲဒီမြင်းခွာပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။ ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။

    တတိယမျိုးကတော့အနီမျိုးပဲ။ သူ့အရိုးမှာ အနီရောင်သန်းနေတယ်။ အဖြူမျိုးထက် အနီမျိုးက ပိုပြီးအစွမ်း ထက်မြက်တယ်။ တနည်းအားဖြင့်ဆေးဝါးအာနိသင် ပိုပြီးပြည့်ဝတယ်။

    မြင်းခွာပင်ဟာ သေးလည်းသေး၊ တွေ့ဖူး မြင်ဖူးနေကြလို့ အထင်အမြင်သေးကြတယ်။ အထင်အမြင်မသေး လိုက်ပါနဲ့။ အစွမ်းအလွန်ထက်တဲ့ ဆေးပင်ကလေးပါ။ ဒါပေမဲ့ လူအများက သူ့ကို အထင်မကြီးဘူး။ ငွေများ များပေးပြီး ဝယ်သောက်ရတဲ့ဆေးကိုမှ အထင်ကြီးကြတယ်။ အလွယ်တကူ ကိုယ့်နိုင်ငံမှာရှိတဲ့ မြင်းခွာပင်ကို အထင်သေးကြတယ်။

    မြင်းခွာပင်ကလေးကို စားသုံးခြင်းဖြင့် လူကို ကောင်းသောအကျိုးကျေးဇူးသာပြုတယ်။ တိုင်းတပါးဆေးလို ဘေးထွက်ဆိုးကျိုး မပေးဘူး။ အဲဒီလို သစ္စာရှိရှိ၊ တာဝန်သိသိ အကျိုးကျေးဇူးပြုတဲ့ မြင်းခွာပင်ကလေးပါ။

    အရသာ

    မြင်းခွာပင် ပဉ္စငါးပါးဟာ ချို, ခါး, အေး အရသာရှိပါတယ်။

    ဂုဏ်နှင့်စွမ်းရည်

    မြင်းခွာပင်ကလေးဟာ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးသွေးပါ၊ ဆီးကျင်၊ သွေးဝမ်းသွားခြင်းရောဂါများ အတွက်ဆေးအသုံးဝင်လှတယ်။

    မြင်းခွာပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန် မြင်းခွာရွက်ကိုစားပေးခြင်းဖြင်အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွာရွက်ကို မှန်မှန်စား ပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ ဆံပင်ကိုမြင်းခွာရွက်ကို နေ့စဉ်ဆက်ပြီးစားပေး ခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည် နက်မှောင်လာစေတယ်။

    ဒါကြောင့် မြင်းခွာပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။

    မြင်းခွာပင်နှင့် ဆေးအသုံးများ -

    ဆီးရောဂါအမျိုးမျိုးအတွက်

    (၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွာပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။

    ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊ နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။ သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။

    သက်လုံကောင်းအောင်

    (၂) မြင်းခွာပင် ပဉ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။

    မျက်စဉ်း

    (၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခွာရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။

    သွေးစုနာနှင့် အနာစိမ်း

    (၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွာရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကိုတွေ့ရမယ်။

    အဆစ်များ ကိုက်ခဲလျှင်

    (၅) မြင်းခွာပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။

    ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း---

    (၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွာရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။

    မှတ်ဉာဏ်နှင့် အားတိုးဆေး

    (၇) မြင်းခွာရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။

    အထက်ပါ မြင်းခွာပင်ကလေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ အလွယ်တကူပြုလုပ်နိုင်သော နည်းနာများသာ ဖြစ်ပါတယ်။

    Source: imyanmarhouse.com

    -----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes13comments0
views182views1597