တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး)
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်
ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် အအေးဓာတ်လျော့နည်းလာပြီး ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် အအေးဓါတ်လျော့နည်းလာပြီး ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် အအေးဓါတ်လျော့နည်းလာပြီး ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ပဲသီးနှံအတွက် စိုက်ပျိုးရေးအကြံပြုချက်
စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းသီးနှံ တို့သည် ဈေးကွက်နှင့် မျိုးကို ချိန်ဆ၍ နှစ်ပေါက် သိုလှောင်ထား တတ်ကြသည်။ သိုလှောင် ချိန်တွင်ဖျက်ပိုးကင်းရှင်းရန် လိုလား ကြသည်။ ဤတွင် ပဲမျိုးစုံ သီးနှံသည် သိုလှောင်ရာ၌ ကာလတို အတွင်း၌ပင် ပိုးထိုး ဖျက်ဆီး ခံရသည်။ အများစုသည် ပဲစေ့ ထိုးပိုး၊ ပဲတောင့် ထိုးပိုး၊ သီးလုံး ဖောက်ပိုး တို့ဖြစ် ကြသည်။ ပဲမျိုးစုံ တွင်လည်း ကုလား ပဲစေ့တွင် သီးလုံးဖောက် ပိုးကြောင့် ပျက်စီးနိုင်မှုများ သဖြင့် အထူးသတိပြုကြရသည်။
ကုလားပဲတွင် ကျရောက်သော သီးလုံး ဖောက်ပိုးသည် ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ပြောင်းဖူး ပင်များတွင် ကျရောက်သော သီးလုံး ဖောက်ပိုးနှင့် အမျိုး အစား တူညီသည်။ စိုက်ပျိုးသူများ အများစုသည် သီးလုံး ဖောက်ပိုးသည် သိုလှောင် ချိန်ရောက်မှ၊ သိုလှောင်ထားချိန်မှ ကျရောက်သည့် ဖျက်ပိုး မဟုတ်ပါ။
သီးနှံစိုက်ခင်း ကတည်း ကပါလာသော ကျရောက်သော ပိုးဖြစ်ပါသည်။ ပန်းမပွင့်ခင်ကာလနှင့် ပန်းပွင့်ပြီးချိန်၊ သီးကင်း လေးဝင်စ အချိန်ကတည်းက စတင်ကျရောက်ခဲ့ပါသည်။ သိုလှောင်ချိန်ထိ ပါရှိသွားပါသည်။
အများဆုံး ဖျက်ဆီး ခံရချိန်သည် အိတ်၊ ပုတ်၊ ကျီ၊ ဂိုဒေါင်နှင့် သိုလှောင်ရာတွင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုတွင် အများဆုံးကျရောက်သော သီးလုံးဖောက် ပိုး ဖြစ်သည်။ ပဲတောင့်ထိုးပိုးပြီးလျှင် သီးလုံး ဖောက်ပိုး ဂရုပြုရမည်။ မည်သည့်အချိန် ဂရုပြုရမည်နည်း။
ပဲစိုက်ခင်းများ ပန်းပွင့် ချိန်မှ သီးကင်းဝင်ချိန်ဖြစ်ပါသည်။ ထို့အတူ ပဲမျိုးစုံအပင်များ၊ အဖူး၊ အပွင့်၊ အသီးသီးချိန်တွင်ကျရောက်နိုင် သော ဖျက်ပိုးများမှာ အစက်အပြောက် ပဲတောင့်ထိုးပိုးဖြစ်သည်။ ကုလားပဲမှလွဲ၍ ကျန်သည့် ပဲစိုက်ခင်းများ သတိပြုရမည်။
ပဲစေ့ထိုးပိုးမှာ သိုလှောင်ချိန် ကျရောက်သော ဖျက်ပိုးဖြစ်သည်။ သို့သော် ဖျက်ပိုးသည် စိုက်ခင်းထဲ၌ အသီး၊ အစေ့ ရင့်မှည့်ချိန် (ကုလားပဲ)၊ ရိတ်သိမ်းရန် နောက်ကျသည့် စိုက်ခင်း(ပဲစင်းငုံ)၊ (ပဲလွမ်း)တို့တွင် တွေ့ရ မှုများသည်။ ပဲတောင့်၊ ပဲသီး၊ ပဲစေ့တွင်း ပိုး ဝင်ပေါက်တွေ့နိုင်သည်။
ပဲစေ့ပေါ်တွင် သေးငယ်သောဥများ ကပ်ပါသွားနိုင်သည်။ ပဲစေ့ထဲတွင် လောက်ကောင်နှင့် ရုပ်ဖုံးဘ၀ နှစ်ခုရောက်ရှိနိုင်ပြီး ထိုးဝင်သွားသော အပေါက်ကို အမှေးပါးလွှာနှင့် ပြန်လည်ဖုံး အုပ်ထား၍ မမြင်နိုင်၊ မသိနိုင်ပါ။ ယင်ဖြူ ဖျက်ပိုးမှာ ဆောင်းစိုက် ပဲစင်းငုံနှင့် ပဲတီစိမ်း ၌ ပန်းပွင့်ပြီးချိန် ကျရောက်တတ်သည်။
ပဲကြမ်းပိုးစိမ်းသည် သီးကင်းဝင်စ(ပဲတီ စိမ်း)နှင့် အသီးကြီးထွားချိန် (ပဲပုပ်)တွင် ကျရောက်တတ်ပါသည်။ ဖော်ပြပါ ဖျက်ပိုးများသည်ပဲစေ့၊ ပဲတောင့်၊ ပဲသီးကို ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် စတင်ကျရောက်ပြီး အစေ့၊ အတောင့်၊ အသီးထဲဝင်ရောက်ကာ ဖျက်ဆီးမှုကို သိုလှောင်ချိန်၌ အများဆုံးပြုလုပ်၍ ပန်းပွင့်ချိန်မတိုင်မီ ကြိုတင် ကာကွယ်နှိမ်နင်းသင့်သည်။
တစ်ဆက် တည်း သတိပြုစေလိုသည်မှာလှေးကျိုင်း သည် ပဲလွမ်းတွင် ကျရောက်မှုများပြီး မတ်ပဲ နှင့် ပဲတီစိမ်းတွင် တစ်ခါတစ်ရံမှ ဖျက်ဆီးမှု ဆိုးရွားသည်။ မြေကြီးထဲတွင် ဥအု၍ ပဲပင် အမြစ်များ စားသည်။
ပျသည် ရွက်နုများ ဖျက်ဆီးစားပစ်သည်။ ပင်စည် ထိုးယင်သည် ကျရောက်သော ပဲပင်ကို စောစီးစွာ သိလျှင် စိုက်ခင်းမှ နှုတ်ဖယ်ရှင်းခြင်းဖြင့် သိသာစွာပျက်စီးမှုနည်းသည်။ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲပုပ်တွင် အပင်ညှိုးလာမှုလက္ခဏာ ပြလာ၏။
စပါးသီးထပ်စိုက်သော နေရာများ၌ ကျရောက်တတ်သဖြင့် စိုက်ခင်းထဲမှ ပိုးအကြွင်း အကျန်များကို ရိုးပြတ်ပါ မကျန် ထယ်ထိုး ဖယ်ရှားသင့်သည်။ ယခုအခါ မြစ်ရေကြီးသော နေရာများ၌ မတ်ပဲ စိုက်ခင်း များတွင် ငမြှောင်တောင်၊ ပိုးနဂါးများသည် မတ်ပဲ စိုက်ခင်းများ၌ ကျရောက်မှု ရှိနေသည်။
ဤဖျက်ပိုးများသည် ရှေ့ပိုင်းတွင် ဖော်ပြထားသော ဖျက်ပိုးများကဲ့သို့ သိုလှောင်ချိန်ထိ ဖျက်ဆီးမှု မရှိသလောက် နည်းသည်။ စိုက်ခင်းမှာ အများဆုံး တွေ့ရသည်။ သိုလှောင် ဖျက်ပိုး အများစုသည် စိုက်ခင်း ထဲမှာကတည်းက ပါလာ တတ်သည်ကို သတိပြုပါ။
အထူးသဖြင့် ပဲ စိုက်ခင်းများ ပန်းပွင့်ချိန်မှ အသီးရင့်ချိန်ထိ ဖြစ်ပါသည်။
ကိုရဲ (စိုက်ပျိုးရေး)
စပါး သီးနှံ အကြံပြုချက်
စပါးကို စိုက်ပျိုးကြတဲ့တောင်သူဦးကြီးများအနေနဲ့ စပါးပင်မှာ တောင်သူများအခေါ် နီတို ပြဿနာကိုကြုံဖူးကြမှာပါ။ ဒါပေမဲ့ တောင်သူများခေါ်နေကြတဲ့ နီတိုဆိုတာက ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ပိုးမွှားကျရောက်မှုကြောင့်ဖြစ်တာလားဆိုတာ မသေချာ၊ မရေရာ ဖြစ်နေတတ်ကြပါတယ်။ အမှန်တကယ်တမ်းကတော့ နီတို ဆိုတာက ရောဂါလည်းမဟုတ်သလို ပိုးကျတာကြောင့် ဖြစ်တာလည်း မဟုတ်ပါဘူး။
အမှန်တကယ်တော့ စပါးစိုက်ခင်းထဲမှာရေကိုကြာရှည်စွာသိုလှောင်ထားတဲ့အခါ ရေထဲမှာ သံဓါတ်တွေပျော်ဝင် စုစည်းလာပြီးတော့ ကြာလာတာနဲ့အမျှ စပါးပင်တွေက သံဓါတ်အဆိပ်သင့်လာတဲ့ ပြဿနာပါ။ အဲလို သံဆိပ်သင့်တဲ့အခါ စပါးပင်တွေက ပုပြီးတိုလာခြင်း၊ စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်းကြောင့် စပါးပင် နီတိုဖြစ်တယ်လို့ အလွယ်ခေါ်ကြခြင်းဖြစ်ပါတယ်။
မိုးကောင်းသောက်ဒေသတွေမှာ စပါးခင်းအတွက် ရေရရှိရန်မလွယ်ကူတဲ့အတွက် စပါးအောင်ရေရတဲ့အထိ ရေကိုလှောင်ထားတတ်ကြပါတယ်။ နောက်ပြီးတော့ ရေသွင်းရေထုတ်ပြုလုပ်ဖို့ခက်ခဲတဲ့ စိုက်ခင်းတွေ မှာလည်း ရေကို ကြာရှည်စွာလှောင်ထားတာမျိုးရှိတတ်ပါတယ်။ ထိုကဲ့သို့ရေကိုကြာရှည်စွာ လှောင်ထား တဲ့အခါမျိုးမှာ စိုက်ခင်းရှိ မြေထဲတွင် လေမရှိတော့ပဲ အောက်ဆီဂျင်ဓါတ်ကုန်ခမ်းသွားပါတယ်။ ဒီလို အချိန်မျိုးမှာ စပါးခင်းထဲမှာရှိတဲ့ သံဓါတ်(အခဲ) တွေဟာ စပါးပင်အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓါတ် (အမှုန်) ပုံစံသို့ ပြောင်းသွားပြီးတော့ စပါးပင်ထဲကို ရေကြောမှတစ်ဆင့် ပမာဏများစွာဝင်ရောက် သွားပါတယ်။ လိုအပ်တဲ့ပမာဏထက်ပိုလာတဲ့အခါမှာတော့ စပါးရွက်တွေဟာ သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ပါတယ်။
နောက်ပြီးတော့ စပါးပင်ထဲမှာရှိနေတဲ့ သံဓါတ်တွေဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ အခဲပုံစံသို့ ပြန်ပြောင်းသွားပြီးတော့ စပါးပင်စည် အတွင်းမှာရှိတဲ့ ရေကြောနဲ့အစာကြောတွေမှာ ပိတ်ဆို့သွားပါတယ်။ အဲချိန်မှာဆိုရင် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရတွေကို အရွက်သို့ရောက်အောင် မပို့နိုင်တော့ပါဘူး။ အပင်က အာဟာရကောင်းစွာမရနိုင်တဲ့အတွက် ဆက်လက်မကြီးထွားနိုင်တော့ပဲ အပင်တွေပုကုန်ပါတယ်။ ဒီလိုချိန်မျိုးမှာ တောင်သူအများစုဟာ အပင်ကြီးထွားမှုကောင်းအောင်ပုလဲမြေဩဇာ ပက်လေ့ရှိပါတယ်။ သို့သော် အပင်ရဲ့ အစာကြော၊ရေကြောဟာပိတ်နေတာဖြစ်တဲ့အတွက် အပင်ကမစားနိုင်ပါဘူး။ ကျွေးသမျှ ကတော့ လေလွင့်ဆုံးရှုံးကုန်ပါမယ်။
ဒီတော့ နီတို ဖြစ်လာပြီဆိုရင် ပြန်လည်ကုစားရမယ့် အကောင်းဆုံးနည်းလမ်းကတော့ စိုက်ခင်းထဲ ကရေတွေကို ပြောင်အောင်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ရေထုတ်ခြင်းဖြင့် သံဓါတ်အဆိပ်သင့်မှုကို ကုစားနိုင်မှာဖြစ်ပါတယ်။ ရေထုတ်ပြီး တစ်ပတ် အကြာလောက်မှာတော့ အပင်အတွက် အာဟာရတွေ ပြန်လည်ထောက်ပံ့ပေးသင့်ပါတယ်။
သို့သော် အချို့သောဒေသများတွင် ရေထုတ်ရန် အတွက် အခက်အခဲရှိတတ်ကြပါတယ်။ များသော အားဖြင့် မိုးရေကိုသာအားကိုးရတဲ့မိုးကောင်းသောက်ဒေသ တွေမှာဆိုရင် ရေကိုလုံးဝကုန်စင် အောင် ထုတ်ပေးနိုင်ဖို့ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ထိုကဲ့သို့သောဒေသများမှာ သံဓါတ်အဆိပ် သင့်မှု ပြဿနာကို ကုစားဖို့အတွက် ပိုတက်ချ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ချ်(K) ဟာ စပါးပင် အမြစ် တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ချ်(K) မြေဩဇာအပြင် ကျောက် မှုန့်မြေဩ ဇာကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။
ငါးကန်များအတွက် အကြံပြုချက်
🐟 ကန်ဖော်သင့်သည့်အချိန်ဖြစ်၍ ကန်ရေထုတ်ဆောင်ရွက်ရန်၊
🐟 ကန်မဖော်မီ အသုံးပြုမည့် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး ကိစ္စများကို ကြိုတင် ပြင်ဆင် ထားရန်နှင့် ကန်ဖော်ရာတွင် ကန်အတွင်း ငါးများမထိခိုက်စေရန် စနစ်တကျ ကိုင်တွယ် ဆောင် ရွက်ရန်၊
🐟 ကန်ဖော်ပြီးနောက် မိမိငါးကန်၏ အောက်ခြေရှိ ရွံ့မြေများ အက်ကွဲသည်အထိ ရက်အနည်းငယ် အခြောက်ခံထားရန်၊
🐟 ကန်အောက်ခြေရှိ အဆိုပါ ရွံ့မြေများကို ဖယ်ရှားပြီး စိုက်ပျိုးပင်များတွင်ထည့်သွင်း အသုံးပြု နိုင်ရန်၊
🐟 အကယ်၍ ကန်အောက်ခြေရှိ ရွံ့မြေထုသည် ၅ စင်တီမီတာ သာရှိပါက ဖယ်ရှားမပစ်ဘဲ ဆက်လက် ထားရှိရန်၊
🐟 ငါးကန် သန့်ရှင်းရေး ဆောင်ရွက်ရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။