cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇီးသီးပင် (ဆီးသီး) စိုက်ပျိုးနည်း🌳🌳

. စိုက်ပျိုးနည်းစနစ်များ
ဇီးပင်ကို မြေသြဇာ ကျွေးနိုင်ပါသည်။ မြေဆီသြဇာ ကျွေးပြီးပါက အပင်အရင်းမှ ၃ ပေခန့်အကွာတွင် အပင်အရွယ်ကို လိုက်၍ တစ်ပေခန့်နက်သော မြောင်းကလေးများ ပြုလုပ်ပါ။ ထိုမြောင်းအတွင်း နွားချေး ၊ မြေဆွေး သစ်ဆွေးတို့ကို ထည့်ပေးပြီး ရေစပ်စပ် လောင်းပေးပါ။ ရေဝပ်နေအောင် မလောင်းရပါ။ ဆီးပင်သည် တကယ်တမ်း သီးပီ ဆိုလျှင် ဖွေးဖွေးလှုပ်အောင် သီးတတ်ပါသည်။
  • ဆီးသီးသည် မြေရွေးသော အပင် မဟုတ်ပါ။ သို့ရာတွင် နှုန်းမြေစေးနှင့် နှုန်းမြေများကိုမူ နှစ်သက်သည်။ ရေဝပ်ခြင်းကို မနှစ်သက်ပေ။ ဆီးဟီးတွင် ဆီးရိုင်းနှင့် ဆီးယဉ်ဟူ၍ အဓိက (၂ )မျိုးရှိပေသည်။

    ဆီးယဉ်တွင် ဆးီတော်မျိုး ၊ စလေဆီးသီးမျိုး ၊ ယိုးဒယား ဆီးသီးမျိုးဟူ၍ သုံးမျိုးရှိပေသည်။ ဆီးတော်သည် အသီးတစ်လက်မ ၊ တစ်လက်မခွဲရှိပြီး အစေ့မှာလည်း ကြီး၏။ စလေဆီးသီးမှာမူ အစေ့မှာ သေးငယ်၏။ အခွံလဲ ပါး၏။ သည့်အတွက် အားလုံးကို ဝါးစား၍ ရပေသည်။ ယိုးဒယားဆီးသီး မျိုးမှာမူ ဆီးတော်ထပ် ပိုမို၍ ကြီးမားပေသည်။ ဆီးသီးကို အများအားဖြင့် အစေ့မှ စိုက်ပျိုးလေ့ရှိကြ၏။ အစေ့မှ မြန်မြန် ပေါက်လိုပါက အစေ့ကို ကွဲအပ်အောင် တူဖြင့် ထု၍လည်းကောင်း ၊ အဆန်နီးပါးရောက်အောင် သွေး ၍လည်းကောင်း ပျိုးပေးပါက ငါးရက်မှဆယ်ရက်အတွင်း အပင်ကလေးများ ပေါက်လာပါမည်။

    ထိုသို့မဟုတ် အစေ့မှ စိုက်ပျိုးလို စိတ် မရှိပါက ဆီးရိုင်းများကို အစေ့ပျိုးထောင်ထားပြီး တစ်နှစ်သားရှိသော အခါတွင် မျိုးကောင်းသောဆီးနှင့် အတူမြုပ်၍ သော်လည်းကောင်း ၊ ကိုင်းချင်း ပူးဆက်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

    ဆီးပင်သည် အပင် အရပ်ပုမျိုးဖြစ်ပါက တစ်ပင်နှင့်တစ်ပင် ၁၅ ပေခန့် ခွာ၍ လည်းကောင်း၊ အပင်လတ်မျိုးဖြစ်ပါက တစ်ပင်နှင့်တစ်ပင် ၂၅ ပေခန့်ခွာ၍ လည်းကောင်း တြိဂံပုံစံ စနစ်အရ စိုက်ပျိုးသင့်ပါသည်။

    ဆီးပင်ငယ်များကို စိုက်တော့မည်ဆိုပါလျှင် စိုက်ကျင်းများကို သုံးပေပတ်လည် နှစ်ပေ အနက်တူး၍ မြေဆွေး၊ သဲ ၊ နှုန်းတို့ကို ကျင်းထဲသို့ သမအောင် ထည့်ကာ စိုက်ပျိုးသင့်ပေသည်။

    ပြုစု ပျိုးထောင်မှု ကောင်းလျှင် ကောင်းသလောက် ဆီးပင်သည် ကာလတာ တစ်နှစ်ခန့်အကြာတွင် အသီးများသီးနိုင်ပေသည်။ အပင်ပိုင်းကို မျိုးပွား၍ စိုက်ပျိုးထားသော ဆီးပင်အား အောက်ခံပင်မှ ထွက်သည့် အကိုင်းများကို တစ်ပတ်တစ်ခါ ဖြတ်တောက်ဖယ်ရှားသင့်ပါသည်။ ဦးစွာ စတင်သီးလာသည့် အသီးများအားလုံးကို မယူပါနှင့် ။ အပွင့်အားလုံးကို ခြွေပစ်ပါ။

    နောက်တစ်နှစ်ရောက်လျှင်လည်း အသီးအားလုံး ငါးဆယ်ခန့်သာယူပြီး အပွင့်အားလုံးကို ခြွေပစ်ပါ။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် နောင်နှစ် နောင်နှစ်များတွင် အသီးထွက်နှုန်းကောင်းလာ ပါလိမ့်မည်။ ထွက်နှုန်းကောင်းသည်သာမက အသီးအရွယ် ပမာဏလည်း ကြီးထွားပြီး အရသာမှာလည်း ကောင်းမွန်ပေလိမ့်မည်။

    ဆီးပင်ကို မြေသြဇာ ကျွေးနိုင်ပါသည်။ မြေဆီသြဇာ ကျွေးပြီးပါက အပင်အရင်းမှ ၃ ပေခန့်အကွာတွင် အပင်အရွယ်ကို လိုက်၍ တစ်ပေခန့်နက်သော မြောင်းကလေးများ ပြုလုပ်ပါ။ ထိုမြောင်းအတွင်း နွားချေး ၊ မြေဆွေး သစ်ဆွေးတို့ကို ထည့်ပေးပြီး ရေစပ်စပ် လောင်းပေးပါ။ ရေဝပ်နေအောင် မလောင်းရပါ။ ဆီးပင်သည် တကယ်တမ်း သီးပီ ဆိုလျှင် ဖွေးဖွေးလှုပ်အောင် သီးတတ်ပါသည်။

    အသီးများကို ခူးဆွတ်မည် ဆိုပါက ရင့်မှည့်သော အသီးကို ရွေးချယ် ခူးဆွတ်ပါ။ အသီးတုံးပြီဆိုလျှင် အပင်သုံးပေခန့် အကွာတွင် ဓားထက်ထက်ဖြင့် တိခနဲနေအောင် တုံးပစ်ရသည်။ ပင်ခြေပတ်လည်ရှိ ပေါင်းမြက်များကို ရှင်းလင်း နှုတ်ယူကာ အပင်ပတ်လည်တွင် စုပုံ အုံပေးထားနိုင်ပါသည်။

    ဆီးသီးကို လူမျိုးဘာသာ မရွေး နှစ်သက်စွာ စားသုံးကြသည်။ ဆီးသီး အစိမ်းသက်သက်ကို စားကြသလို ဆီးသီးခြောက်များကိုလည်း စားကြသည်။ ဆီးသီးခြောက်ကို သုပ်စားခြင်း ၊ ဟင်းထဲ ထည့်စားခြင်း ၊ ပေါင်းခြင်း ၊ ယိုထိုးခြင်း ၊ ဆီးသီး မဆလာလုပ်ခြင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ပြုလုပ်ကာ စားသုံးကြသည်။

    ဆီးယို ဆီးပေါင်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ဆီးအနှစ်များ ထုတ်လုပ်ကြသည်။ ပူပြင်းသော နွေလရာသီများတွင် နှလုံးသည်းခြေ ညီညွတ်စေရန်အတွက် ဆီးဖျော်ရည် သောက်ကြသလို ၊ ဆီးယို ထိုး၍လည်း စားလေ့ရှိကြပေသည်။

    အညာရပ်ဒေသများတွင် အလေ့ကျပေါက်သော ဆီးပင်များရှိသကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးထားသော ဆီးပင်များကိုလည်း တွေ့မြင်နိုင်ပေသည်။ ဆီးပင်၏ မူရင်းဒေသသည် အရှေ့တောင်အာရှ မှ ဖြစ်၏။ မျိုးရင်းမှာ(ROSACEAE) ဖြစ်၏။ ရုက္ခဗေဒ အမည်မှာ (Zizyphus jujuba) ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Plum or Jujube ဖြစ်ပေသည်။

    Source- ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံစိုက်ပျိုးနည်း

    ----------------------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes18comments0
views285views2495