cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲမျိုးစုံ သိုလှောင်ဖျက်ပိုးမကျစေရန် စိုက်ခင်းကစ ကာကွယ်ပါ

. ပိုးမွှား
ပဲကြမ်းပိုးစိမ်းသည် သီးကင်းဝင်စ(ပဲတီ စိမ်း)နှင့် အသီးကြီးထွားချိန် (ပဲပုပ်)တွင် ကျရောက်တတ်ပါသည်။ ဖော်ပြပါ ဖျက်ပိုးများသည်ပဲစေ့၊ ပဲတောင့်၊ ပဲသီးကို ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် စတင်ကျရောက်ပြီး အစေ့၊ အတောင့်၊ အသီးထဲ ဝင်ရောက်ကာ ဖျက်ဆီးမှုကို သိုလှောင်ချိန်၌ အများဆုံးပြု လုပ်၍ ပန်းပွင့်ချိန်မတိုင်မီ ကြိုတင် ကာကွယ်နှိမ်နင်းသင့်သည်။
  • စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းသီးနှံ တို့သည် ဈေးကွက်နှင့် မျိုးကို ချိန်ဆ၍ နှစ်ပေါက် သိုလှောင်ထား တတ်ကြသည်။ သိုလှောင် ချိန်တွင် ဖျက်ပိုးကင်းရှင်းရန် လိုလား ကြသည်။ ဤတွင် ပဲမျိုးစုံ သီးနှံသည် သိုလှောင်ရာ၌ ကာလတို အတွင်း၌ပင် ပိုးထိုး ဖျက်ဆီး ခံရသည်။ အများစုသည် ပဲစေ့ ထိုးပိုး၊ ပဲတောင့် ထိုးပိုး၊ သီးလုံး ဖောက်ပိုး တို့ဖြစ် ကြသည်။ ပဲမျိုးစုံ တွင်လည်း ကုလား ပဲစေ့တွင် သီးလုံးဖောက် ပိုးကြောင့် ပျက်စီးနိုင်မှုများ သဖြင့် အထူးသတိပြုကြရသည်။

    ကုလားပဲတွင် ကျရောက်သော သီးလုံး ဖောက်ပိုးသည် ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ပြောင်းဖူး ပင်များတွင် ကျရောက်သော သီးလုံး ဖောက်ပိုးနှင့် အမျိုး အစား တူညီသည်။ စိုက်ပျိုးသူများ အများစုသည် သီးလုံး ဖောက်ပိုးသည် သိုလှောင် ချိန်ရောက်မှ၊ သိုလှောင်ထားချိန်မှ ကျရောက်သည့် ဖျက်ပိုး မဟုတ်ပါ။

    သီးနှံစိုက်ခင်း ကတည်း ကပါလာသော ကျရောက်သော ပိုးဖြစ်ပါသည်။ ပန်းမပွင့်ခင်ကာလနှင့် ပန်းပွင့်ပြီးချိန်၊ သီးကင်း လေးဝင်စ အချိန်ကတည်းက စတင်ကျရောက်ခဲ့ပါသည်။ သိုလှောင်ချိန်ထိ ပါရှိသွားပါသည်။

    အများဆုံး ဖျက်ဆီး ခံရချိန်သည် အိတ်၊ ပုတ်၊ ကျီ၊ ဂိုဒေါင်နှင့် သိုလှောင်ရာတွင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုတွင် အများဆုံးကျရောက်သော သီးလုံးဖောက် ပိုး ဖြစ်သည်။ ပဲတောင့်ထိုးပိုးပြီးလျှင် သီးလုံး ဖောက်ပိုး ဂရုပြုရမည်။ မည်သည့်အချိန် ဂရုပြုရမည်နည်း။

    ပဲစိုက်ခင်းများ ပန်းပွင့် ချိန်မှ သီးကင်းဝင်ချိန်ဖြစ်ပါသည်။ ထို့အတူ ပဲမျိုးစုံအပင်များ၊ အဖူး၊ အပွင့်၊ အသီးသီးချိန်တွင်ကျရောက်နိုင် သော ဖျက်ပိုးများမှာ အစက်အပြောက် ပဲတောင့်ထိုးပိုးဖြစ်သည်။ ကုလားပဲမှလွဲ၍ ကျန်သည့် ပဲစိုက်ခင်းများ သတိပြုရမည်။

    ပဲစေ့ထိုးပိုးမှာ သိုလှောင်ချိန် ကျရောက်သော ဖျက်ပိုးဖြစ်သည်။ သို့သော် ဖျက်ပိုးသည် စိုက်ခင်းထဲ၌ အသီး၊ အစေ့ ရင့်မှည့်ချိန် (ကုလားပဲ)၊ ရိတ်သိမ်းရန် နောက်ကျသည့် စိုက်ခင်း(ပဲစင်းငုံ)၊ (ပဲလွမ်း)တို့တွင် တွေ့ရ မှုများသည်။ ပဲတောင့်၊ ပဲသီး၊ ပဲစေ့တွင်း ပိုး ဝင်ပေါက်တွေ့နိုင်သည်။

    ပဲစေ့ပေါ်တွင် သေးငယ်သောဥများ ကပ်ပါသွားနိုင်သည်။ ပဲစေ့ထဲတွင် လောက်ကောင်နှင့် ရုပ်ဖုံးဘ၀ နှစ်ခုရောက်ရှိနိုင်ပြီး ထိုးဝင်သွားသော အပေါက်ကို အမှေးပါးလွှာနှင့် ပြန်လည်ဖုံး အုပ်ထား၍ မမြင်နိုင်၊ မသိနိုင်ပါ။ ယင်ဖြူ ဖျက်ပိုးမှာ ဆောင်းစိုက် ပဲစင်းငုံနှင့် ပဲတီစိမ်း ၌ ပန်းပွင့်ပြီးချိန် ကျရောက်တတ်သည်။

    ပဲကြမ်းပိုးစိမ်းသည် သီးကင်းဝင်စ(ပဲတီ စိမ်း)နှင့် အသီးကြီးထွားချိန် (ပဲပုပ်)တွင် ကျရောက်တတ်ပါသည်။ ဖော်ပြပါ ဖျက်ပိုးများသည်ပဲစေ့၊ ပဲတောင့်၊ ပဲသီးကို ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် စတင်ကျရောက်ပြီး အစေ့၊ အတောင့်၊ အသီးထဲ ဝင်ရောက်ကာ ဖျက်ဆီးမှုကို သိုလှောင်ချိန်၌ အများဆုံးပြု လုပ်၍ ပန်းပွင့်ချိန်မတိုင်မီ ကြိုတင် ကာကွယ်နှိမ်နင်းသင့်သည်။

    တစ်ဆက် တည်း သတိပြုစေလိုသည်မှာလှေးကျိုင်း သည် ပဲလွမ်းတွင် ကျရောက်မှုများပြီး မတ်ပဲ နှင့် ပဲတီစိမ်းတွင် တစ်ခါတစ်ရံမှ ဖျက်ဆီးမှု ဆိုးရွားသည်။ မြေကြီးထဲတွင် ဥအု၍ ပဲပင် အမြစ်များ စားသည်။

    ပျသည် ရွက်နုများ ဖျက်ဆီးစားပစ်သည်။ ပင်စည် ထိုးယင်သည် ကျရောက်သော ပဲပင်ကို စောစီးစွာ သိလျှင် စိုက်ခင်းမှ နှုတ်ဖယ်ရှင်းခြင်းဖြင့် သိသာစွာပျက်စီးမှုနည်းသည်။ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲပုပ်တွင် အပင်ညှိုးလာမှုလက္ခဏာ ပြလာ၏။

    စပါးသီးထပ်စိုက်သော နေရာများ၌ ကျရောက်တတ်သဖြင့် စိုက်ခင်းထဲမှ ပိုးအကြွင်း အကျန်များကို ရိုးပြတ်ပါ မကျန် ထယ်ထိုး ဖယ်ရှားသင့်သည်။ ယခုအခါ မြစ်ရေကြီးသော နေရာများ၌ မတ်ပဲ စိုက်ခင်း များတွင် ငမြှောင်တောင်၊ ပိုးနဂါးများသည် မတ်ပဲ စိုက်ခင်းများ၌ ကျရောက်မှု ရှိနေသည်။

    ဤဖျက်ပိုးများသည် ရှေ့ပိုင်းတွင် ဖော်ပြထားသော ဖျက်ပိုးများကဲ့သို့ သိုလှောင်ချိန်ထိ ဖျက်ဆီးမှုမရှိသလောက် နည်းသည်။ စိုက်ခင်းမှာ အများဆုံး တွေ့ရသည်။ သိုလှောင် ဖျက်ပိုး အများစုသည် စိုက်ခင်းထဲမှာကတည်းက ပါလာ တတ်သည်ကို သတိပြုပါ။

    အထူးသဖြင့် ပဲ စိုက်ခင်းများ ပန်းပွင့်ချိန်မှ အသီးရင့်ချိန်ထိ ဖြစ်ပါသည်။

    ကိုရဲ (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes12comments0
views115views2617