cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းဆံစျေး ကျဆင်းနေတဲ့အပြင် အရောင်းအဝယ်ပါအေးနေ

. ဈေးကွက်
" ပြောင်းပို့ကုန်သမားတွေအနေနဲ့ ဆီတင်သွင်းနိုင်ဖို့ကမလွယ်ဘူး၊မလွယ်တော့အခု Exporter ကြီးတွေ အဝယ်ရပ်လာကြတယ်။ အဓိက ဘယ်လိုမှမကိုက်တဲ့ ၆၅ % ၃၅ % ကို ပြန်သုံးလိုက်တယ်။ အရင်လို ၇၀ %၃၀ % ကိုက ဆီကိုယ်တိုင်သွင်းသူကိုပဲ ပေးတော့တယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး " လို့ ပြောင်းဆံပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • ဖေဖော်ဝါရီ ၂၀

    ပြည်တွင်း ပြောင်းစျေးကွက် ထိုးကျဆင်းနေပြီး အရောင်းအဝယ်ပါ ရပ်တဲ့အခြေအနေအထိ ဖြစ်နေတယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။

    ယခင်က ပို့ကုန်ရငွေအပေါ် ပြောင်းပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်တိုင် ပြည်ပကနေ စက်သုံးဆီ ၊ စားသုံးဆီ တင်သွင်းခြင်း သို့မဟုတ် ယင်းကုန်စည်တွေ တင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းချမယ်ဆိုရင် ပို့ကုန်ရငွေ ၇၀ % ၃၀ %စနစ်ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ စက်သုံးဆီ ကိုယ်တိုင်တင်သွင်းသူမှသာ ၇၀ % ၃၀ % စနစ်ကိုရရှိနိုင်ပြီး ကျန်သူတွေကတော့ ၆၅ % ၃၅ % စနစ်ခံစားခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

    ဒါကြောင့် ပြောင်းတင်ပို့တဲ့ကုန်သည်တွေက ပြောင်းအဝယ်တွေ ရပ်နားလာပြီး ပြည်တွင်းပြောင်းဆံစျေး ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။

    " ပြောင်းပို့ကုန်သမားတွေအနေနဲ့ ဆီတင်သွင်းနိုင်ဖို့ကမလွယ်ဘူး၊မလွယ်တော့အခု Exporter ကြီးတွေ အဝယ်ရပ်လာကြတယ်။ အဓိက ဘယ်လိုမှမကိုက်တဲ့ ၆၅ % ၃၅ % ကို ပြန်သုံးလိုက်တယ်။ အရင်လို ၇၀ %၃၀ % ကိုက ဆီကိုယ်တိုင်သွင်းသူကိုပဲ ပေးတော့တယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး " လို့ ပြောင်းဆံပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၈ ရက်နေ့ တုန်းက ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၅၀ ကျပ်မှ ၁၁၇၀ ကျပ်အထိ စျေးရှိခဲ့ပြီး လက်ရှိ ရန်ကုန်စျေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၀၈၀ ကျပ်မှ ၁၁၀၀ ကျပ်အထိသာ စျေးတန်းရှိတယ်လို့ သိရပါတယ်။

    ပြောင်းဆံ စျေးကွက်သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပို့ကုန်ရငွေအပေါ် မူဝါဒအပြောင်းအလဲကြောင့် စျေးဆက်တိုက်ကျလာတာဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်ကျော်အတွင်းမှာ ပြောင်းဆံတစ်ပိဿာကို ၇၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပြောင်းဆံစျေးကျပြီးအရောင်းအဝယ်အေးနေသလို ရှမ်းပြည်နယ် စျေးကွက်မှာလည်း အရင်က ပြောင်းဆံတစ်ပိဿာကို ၉၅၀ ကျပ်ပေးဝယ်ယူရာကနေ လက်ရှိမှာ အများဆုံး ၉၀၀ ကျပ်အထိသာစျေးရှိပြီး အဝယ်မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။

    ပြောင်းဆံစျေးကျဆင်းနေတာကြောင့် ပြောင်း စိုက်တောင်သူတွေလည်း အရှုံးနဲ့ရင်ဆိုင်ရပြီး ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။

    ချစ်ခွန်းချို (AMIA)

    ----------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views122views2050