cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နိုင်ငံပိုင် ဆီအုန်းခြံ ၈ ခြံမှ ဆီသီးခိုင်များ ရောင်းချသွားမည်🌲🌲

. သတင်းစုံ
မြန်မာနိုင်ငံရဲ့ စားသုံးဆီသုံးစွဲမှုက နှစ်စဉ်တန်ချိန် ၁ သန်းခန့်ရှိပြီး ပြည်တွင်းကနေ တန်ချိန် ၄ သိန်းခန့်ပဲ ထုတ်လုပ်နိုင်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းဈေးကွက်မှာ ဆီဖူလုံမှုရှိစေဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းနေရပါတယ်။
  • ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

    နိုင်ငံပိုင် ဆီအုန်းခြံတွေကနေ ထွက်လာရှိလာမယ့် ဆီသီးခိုင်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ရောင်းချပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

    လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင် ဆီအုန်းခြံ ၈ ခြံကနေ ဆီသီးခိုင်တွေ ရောင်းချပေးဖို့ စီစဉ်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနလက်အောက် နှစ်ရှည်သီးနှံဌာနခွဲက ပြောပါတယ်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က အင်္ဂဘိုခြံနဲ့ စိန်ကလဲ့ခြံ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနက မော်လမြိုင်ခြံ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ညောင်ပင်ကွင်းခြံ၊ ကော့သောင်းခရိုင်က မလိဝမ်း၊ အော်ကြီး၊ ဟတ်စဒင်း၊ ရေတံခွန် စတဲ့ ဆီအုန်းခြံတွေကနေ ရောင်းချသွားမှာပါ။

    ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး နှစ်ရှည်သီးနှံဌာနခွဲ၊ ရုံးအမှတ် (၅၀) နေပြည်တော်ကို အဆိုပြုလွှာပေးပို့ လျှောက်ထားရမယ်လို့ ကြေညာထားပါတယ်။

    မြန်မာနိုင်ငံမှာ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍကနေ အဓိကစိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နေတာပါ။

    ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စတင်စိုက်ပျိုးခဲ့ကြပေမယ့် ၁၉၉၉ ခုနှစ်ရောက်မှပဲ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ စားသုံးဆီသုံးစွဲမှုက နှစ်စဉ်တန်ချိန် ၁ သန်းခန့်ရှိပြီး ပြည်တွင်းကနေ တန်ချိန် ၄ သိန်းခန့်ပဲ ထုတ်လုပ်နိုင်ပါတယ်။

    ဒါ့ကြောင့် ပြည်တွင်းဈေးကွက်မှာ ဆီဖူလုံမှုရှိစေဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းနေရပါတယ်။

    လက်ရှိမှာ ဧကပေါင်း ၂ သိန်း ၈ သောင်းကျော်မှာ စားအုန်းဆီစိုက်ပျိုးဖို့ ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင် ချပေးထားကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဖော်ပြနေတဲ့ Mongabay.com မှာ ဖော်ပြထားပါတယ်။

    ပြည်တွင်းမှာ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်း အများစိုက်ပျိုးကြပြီး နိုင်ငံတစ်ဝှမ်း စုစုပေါင်းစိုက်ဧကရဲ့ ထက်ဝက်ကျော်အထိ ရှိပါတယ်။

    ဒါပေမယ့် ဧက ၄ သိန်းမှာ ဆီသီးခိုင်က ဧက ၁ သိန်းမှာပဲ ထွက်ရှိလို့ ဆီအုန်းစိုက်ပျိုးဧကအားလုံးမှာ ဆီသီးခိုင်အပြည့်အဝထွက်ရှိရေး ဆောင်ရွက်ကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views105views1489