ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်
ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်
ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြ မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ်၊ငပုတောမြို့နယ်၊
ဖေဖော်ဝါရီလ 23ရက်နေ့ကနေ ဖေဖော်ဝါရီလ 29ရက်တာ ကာလအတွင်း ရာနှုန်းပြည့် နီးပါး နေသာနိုင်ပြီး ရာသီဥတု ကြည်လင်ပြီး သာယာအေးမြနေမှာဖြစ်ပါတယ် ။
ပဲ သီးနှံ အကြံပြုချက်
ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်ပါက မတ်ပဲစိုက်ခင်းအား ရေသွင်းပေးရန် လိုအပ်ပါသည်။
မတ်ပဲခင်းများတွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ပဲတောင့်ဖြစ်ထွန်းသည့် အဆင့်တို့တွင် ရေသွင်း သင့်သော်လည်း စိုက်ခင်းထဲတွင် ရေများ ဝပ်မနေသင့်ပါ။
မျိုးစေ့မချမှီ စိုက်ခင်းမြေသည် လွန်စွာခြောက်သွေ့နေပါက တကြိမ်ခန့် ရေသွင်းပေးခြင်းသည် မျိုးညှောင့်ပေါက်နှုန်းအား ကောင်းမွန်စေပါသည်။
ဆောင်းရာသီတွင် ရေသွင်းဖို့ အဆင်ပြေလျှင် သီးတောင့် ဖြစ်ထွန်းသည့် အဆင့်တွင် ရေပါးပါး သွင်းပေးပါက အထွက်နှုန်း တိုးစေနိူင်ပါသည်။
သီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ခင်းသို့ ရေသွင်းရာတွင် စိုက်ပျိုးမြေ အနေအထားနှင့် ရာသီဥတု အခြေအနေပေါ်တွင် မူတည်၍ ချိန်ဆ သွင်းပေးရပါမည်။
မျိုးညှောင့်ပေါက် ညီညာစေရန်အတွက် သင့်တော်သော မြေကြီးအစိုဓာတ်သည် အရေးကြီးသည်။(မျိုးစေ့ချပြီး ၃ပတ်အတွင်း)။
ခြောက်သွေ့သော အခြေအနေတွင် ရေသွင်းခြင်းကို ၄ရက်ခြားတစ်ခါ ဆောင်ရွက်ပေးသင့်ပါသည်။
မျိုးစေ့ချပြီးနောက် ၃ပတ်အကြာတွင် လိုအပ်ပါက ရေသွင်းခြင်းကို ၇ရက်တစ်ခါ ဆောင်ရွက်ပေးသင့်သည်။
ပဲတောင့်ရင့်လာချိန်တွင် ရေသွင်းခြင်း မလိုအပ်တော့ပါ။ လုံလောက်သော မြေအစိုဓာတ် ရရှိရန် မရှိမဖြစ် အလိုအပ်ဆုံး အချိန်မှာ ပင်ညှောင့်ပေါက်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တို့ဖြစ်သည်။
ပုံမှန်အားဖြင့် မတ်ပဲစိုက်ခင်းသို့ ရေသွင်းပေးမည်ဆိုပါက ၁ဝရက်-၁၅ရက်ကြားတစ်ခါ ရေသွင်းပေးနိူင်ပါသည်။ သို့သော် စိုက်ခင်းအား ရေပိုလျှံစွာ မပေးမိစေရန်နှင့် ရေမဝပ်စေရန် သတိပြုပါ။
နွေစပါးအကြံပြုချက်
ရွက်ညိုပြောက် ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများ
• ပင်ပွားထွက်ချိန်မှ စ၍ စပါးရွက်များပေါ်တွင် ရေစိုနာကွက်များကို တွေ့ရတတ်ပါသည်။
• အစပိုင်းတွင် သေးငယ်သော အညိုရောင် အပြောက် အပြောက်များကို တွေ့ရတတ်ပြီး မှိုမှ ထွက်သော အဆိပ်ကြောင့် ထိုအပြောက်လေးများသည် တစ တစ ကြီးမားလာတတ်ပါသည်။
• ခံနိုင်ရည်မဲ့သော မျိုးများတွင် အစက်အပြောက်များသည် ၅-၁၄ မီလီမီတာထိ ရှိတတ်ပြီး တဖြေးဖြေး ခြောက်သွေ့သွားတတ်ပါသည်။
• ခံနိုင်ရည်ရှိသော မျိုးများတွင်မူ အညိုရောင် အစက်အပြောက်လေးများကို အပ်ပေါက်ရာ ပမာဏခန့်သာ တွေ့ရတတ်ပါသည်။
စပါးရွက်ညိုပြောက် ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?
ရွက်ညိုပြောက်ရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများရွက်ညိုပြောက် ရောဂါမှ ကာကွယ်ရန် ဖော်ပြပါ နည်းလမ်းများ အတိုင်း လုပ်ဆောင်နိုင်ပါသည်။
• ခံနိုင်ရည် ရှိသော မျိုးများကို အသုံးပြုပါ။
• မျိုးမချမီ ရောဂါကင်းအောင် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုပါ။
• ထိရောက်သော မှိုသတ်ဆေးများကို အသုံးပြုပါ။
• မြေဆီလွှာ အာဟာရဓာတ်ကို ပုံမှန် စစ်ဆေးပြီး လိုအပ်သော မြေသြဇာကို ပေါင်းထည့်ပေးပါ။
စပါးပင်များအား ရွက်ညိုပြောက်ရောဂါမှ ကာကွယ်ရန် မှိုသတ်ဆေးများကို စနစ်တကျ သုံးစွဲပေးရပါမည်။
ဖော်ပြပါ ဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပရိုပီကိုနားဇိုး (၂၅၀%) အီးစီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း
၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟက်ဆာကိုနားဇိုး(၅%) အက်စီ ၊ စားပွဲတင်ဇွန်း (၆-၈) ဇွန်းသို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)
ငါးကန်များအတွက်အကြံပြုချက်
ရာသီဥတုနွေးလာပြီဖြစ်သည့်အတွက် ကန်ရေအတွင်း ဓါတု ဓါတ်ပြုနှုန်းမြင့်လာနိုင်သဖြင့် သတိပြုရန်၊ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်တိုးလာတိုင်း ဓါတ်ပြုနှုန်း ၂ ဆမှ ၃ ဆတက်လာနိုင်ပြီး ယင်းအခြေအနေမှ ငါးကြီးထွားနှုန်းနှင့် ဇီဝ ကမ္မဖြစ်စဉ်အားထိခိုင်နိုင်သဖြင့် သတိပြုရန်နှင့် ယင်းအခြေအနေမှ ကာကွယ်ရန် အရိပ်များ လုပ်ပေးရန် အကြံပြုလိုပါတယ်။ တစ်ချိန်တည်းမှာပင် အောက်ဆီဂျင် ပျော်ဝင်နှုန်း နည်း လာခြင်း၊ ရေချဉ်ဖန်နှုန်း မြင့်လာခြင်း ဖြစ်ပေါ်နိုင်ပါသဖြင့် ရေလှဲပေးခြင်း၊ ရေဒလတ်ဖြင့် လှည့်ပေး ခြင်း၊ ရေချဉ်ဖန်နှုန်း မြင့်မာမှုကိုလျော့ချရန် ရှာလကာရည်ထည့်ပေးခြင်းများ စသည့်တို့ကို ဆောင်ရွက် သင့်ပါကြောင်း အကြံပြုလိုက်ပါတယ် ခင်ဗျာ။
Weather Source: CIAT https://htwettoe.com/post/46775
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


