cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စီးပွားဖြစ် ရေငန်ပုစွန်အသားတိုးမွေးမြူနည်းး 🦐

. ငါးမွေးမြူရေးဆောင်းပါးများ
ရေ၏အရည်အသွေး (Water Quality)ရေငန်ပုစွန် အသားတိုးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုရမည့် ရေ၏ အရည် အသွေးသည်ကောင်းမွန်ရန် လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်းတွင် အသုံးပြုမည့် ရေအမျိုးအစား၏ မူလဂုဏ်သတ္တိအနေ ဖြင့် အငန်နှုန်း (Salinity)) အပူချိန် Temperature)၊ ချဉ်ဖန်ဓာတ်ပါဝင် နှုန်း(စံ)နှင့် အောက်ဆီဂျင် ပျော်ဝင်မှုနှုန်း Dissolved Oxygen) တို့ သည် ရာသီဥတုအခြေအနေနှင့် နေရာဒေသပတ်ဝန်းကျင်ကို လိုက် ၍ကွဲလွဲမှုများရှိနိုင်သဖြင့် လိုအပ်သလို ပြုပြင်သုံးစွဲရမည်ဖြစ်ပေသည်။
  • စီးပွားဖြစ်ရေငန်ပုဇန်အသားတိုးမွေးမြူရာတွင် အောက်ပါအချက်များထည့်သွင်းစဉ်းစားဖို့လိုပါသည်-

    ၁။ ရေရရှိမှု

    ၂။ ရေ၏ အရည်အသွေး

    ၃။ ရာသီဥတု

    ၄။ ဆက်သွယ်ရေးလမ်းကြောင်း

    ၅။ ဈေးကွက်

    ၆။ အခြေခံအဆောက်အဦ

    ၁။ ရေရရှိမှု(Water Supply)စီးပွားဖြစ် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သောအရာမှာ ရေဖြစ်သည်။ ရေငန်ရရှိနိုင်မှုမှာ အဓိကဖြစ်ပြီး ရေချိုရရှိနိုင်မှုမှာ ဒုတိယဖြစ်သည်။ ပင်လယ်ရေငန်ကို ရေငန် ဝင်ရောက်ရာမြစ်များ၊ ချောင်းများ၊ မြစ်ချောင်းလက်တက်များ၊ တူးမြောင်းများနှင့် ပင်လယ်ကမ်းစပ် ဒေသရှိ ရေပြင်များမှ တိုက်ရိုက် ဆက်သွယ်ရယူနိုင်ပါသည်။

    ရေချိုများကိုမူ နေရာဒေသကိုလိုက်၍ အဝီစိတွင်းများ၊ တောင် ကျစမ်းများနှင့်ရေချို တွင်းများမှ တစ်ဆင့် ရရှိနိုင်သည်။ သဘာဝ ပတ်ဝန်းကျင်အခြေအနေမှ ရေရယူနိုင်သည့်နည်းလမ်း နှစ်မျိုးရှိ သည်။ ၎င်းတို့မှာ သဘာဝအခြေအနေအတိုင်းရယူခြင်း Natural Fed)နှင့် စက်ယန္တရားများ၏ အကူအညီဖြင့်ရယူခြင်း (Mechanical Fed)တို့ ဖြစ်ကြပါသည်။

    သဘာဝအခြေအနေအတိုင်းရယူနည်းမှာဒီရေTideအတက် အကျကို အခြေခံပြီး ရေငန်ပု စွန် အသားတိုး မွေးမြူရေးကန်များ အတွင်းသို့ ရေသွင်းခြင်း၊ ရေထုတ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပြီး စက်ယန္တရား အားဖြင့် ရယူနည်းမှာ တည်ဆောက်ပုံအမျိုးမျိုး ရှိသည့် ရေစုပ်စက်များကို အသုံးပြု၍ လိုအပ်သည့်အချိန်တွင် ကန် များအတွင်းသို့ စုပ်ယူပေးပို့ခြင်းဖြစ်သည်။

    မွေးမြူရေးကန်များကို ကုန်းပိုင်းနေရာဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုပါက ပင်လယ်ရေငန်ကို တူးမြောင်းဖောက်လုပ်၍ ရေငန်ရရှိအောင် ဆောင်ရွက်သင့်ပေသည်။ သို့မှသာ ကုန်ကျစရိတ် ကျဉ်းစွာဖြင့် အခက်အခဲမရှိ လုံလောက်စွာ ရေကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက် မည်ဖြစ်ပေသည်။

    ၂။ ရေ၏အရည်အသွေး (Water Quality)ရေငန်ပုစွန် အသားတိုးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုရမည့် ရေ၏ အရည် အသွေးသည်ကောင်းမွန်ရန် လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်းတွင် အသုံးပြုမည့် ရေအမျိုးအစား၏ မူလဂုဏ်သတ္တိအနေ ဖြင့် အငန်နှုန်း (Salinity)) အပူချိန် Temperature)၊ ချဉ်ဖန်ဓာတ်ပါဝင် နှုန်း(စံ)နှင့် အောက်ဆီဂျင် ပျော်ဝင်မှုနှုန်း Dissolved Oxygen) တို့ သည် ရာသီဥတုအခြေအနေနှင့် နေရာဒေသပတ်ဝန်းကျင်ကို လိုက် ၍ကွဲလွဲမှုများရှိနိုင်သဖြင့် လိုအပ်သလို ပြုပြင်သုံးစွဲရမည်ဖြစ်ပေသည်။

    အထူးသတိထားရမည့်အချက်မှာ မိမိဆောင်ရွက်မည့် မွေးမြူ ရေးလုပ်ငန်းအတွက် အသုံးပြုရမည့် ရေငန်သည် စိုက်ပျိုးရေးနှင့် စက်ရုံများမှ စွန့်ပစ်ထားသော ရေဆိုး၊ ရေညစ်များ ပါဝင်မှုမရှိစေရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။

    ၃။ ရာသီဥတု(Climatical)ရေငန်ပုစွန်မွေးမြူရေးအတွက် အကောင်းဆုံး အပူချိန်ဖြစ် သည့် ၂၇ ဒီဂရီ စင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း တစ်နှစ်ပတ်လုံး ရေရရှိနိုင်မည့်နေရာဒေသ၊ ဒေသ၏မြစ်ရေ ကြီးခြင်း၊သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်မှု စသည်တို့ကို အနည်းဆုံးတစ်နှစ်စာ မှတ်တမ်းများ ပြုစုမှတ်သား လေ့လာရန် လိုအပ်ပေသည်။

    မိမိမွေးမြူမည့် ကန်ပတ်ဝန်းကျင်ဒေသရှိ ဒေသခံများ၏ စီးပွား ရေးနှင့် လူမှုရေးကောင်းမွန်ပြီး ဒေသခံ လူများ၏ ဓလေ့စရိုက်၊ အမူ အကျင့်၊ ယဉ်ကျေးမှုရှိမှသာလျှင် မိမိလုပ်ငန်း၏လုံခြုံရေး၊ လုပ်ငန်း ဆောင်ရွက်မှုတို့ကို ထိခိုက်မှုမရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မွေးမြူ ရေးကာလတစ်လျှောက်လုံး လုပ်ငန်းနှင့်ပတ်သက်၍ ပျောက်ဆုံးမှု၊ ထိခိုက်ပျက်စီးမှုများ မရှိစေရန် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးရှိရန်မှာလည်း အရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပါ သည်။

    ၄။ ဆက်သွယ်ရေးလမ်းကြောင်း(Access)ရေငန်ပုစွန်မွေးမြူခြင်းလုပ်ငန်းအတွက် ရွေးချယ်ထားသော နေရာသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်နေရာဖြစ်ရန် အရေးကြီးလှပေသည်။ တစ်နည်းအားဖြင့် ရေလမ်း၊ ကုန်းလမ်းတို့မှ မွေးမြူရေးကန်များသို့ (သို့မဟုတ်) မွေးမြူရေးကန်များမှ ရာသီဥတု နှင့်အချိန်အခါမရွေး သွားလာနိုင်သည့်နေရာဖြစ်ရန် လိုအပ်ပါသည်။

    ရာသီမရွေး မွေးမြူရေးကန်များသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် ကုန်းကြောင်း၊ရေကြောင်းများမှယာဉ် သွားလမ်းကြောင်းများ ကောင်း မွန်စွာရှိနေအောင် စီမံထားရမည်ဖြစ်ပါသည်။ သို့မှသာ ငွေကုန် လူပန်း သက်သာစေနိုင်ပြီး အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။

    ထို့ပြင် မွေးမြူရေးလုပ်ငန်း အောင်မြင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အတတ် ပညာ၊ နည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၏ အချိန်မီ သွားလာလုပ်ကိုင်ဆောင်ရွက် နိုင်ရေးနှင့် မွေးမြူရေး ကန်များအတွက် လိုအပ်သည့် အစာရိက္ခာနှင့် ဆေးဝါးများ တိုက်ရိုက်ရောက်ရှိရေးမှာလည်း အရေးကြီးသည်။ ထို့အတူ တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းကိရိယာ တန်ဆာပလာများ မွေးမြူရေ းကန်များသို့ အချိန်မီ ရောက်ရှိရေးနှင့် သက်ဆိုင်ရာ ဈေးကွက်များသို့ အချိန်တိုအတွင်း အမြန်ဆုံး ရောက်ရှိ ရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးသည် အလွန်အရေးကြီးလှပါသည်။ လုပ်ငန်း အတွက် လိုအပ် သောပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်းတို့မှတစ်ဆင့် သယ်ယူ ပို့ဆောင်နေရမည်ဆိုပါလျှင် မလိုလား အပ်သော ကုန်ကျစရိတ်များ အပိုကုန်ကျနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းတွင် စီးပွားရေးအရ အောင်မြင်စေရန် လမ်းပန်းဆက်သွယ်ရေးကို အလေး ထား ဆောင်ရွက်သင့်ပေသည်။

    ၎င်းအပြင် ရေငန်ပုစွန် အသားတိုး မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းတွင် သားပေါက်များ ရရှိနိုင်မည့် အခြေ အနေနှင့် အချိန်ကာလ၊ သားပေါက်များ အလွယ်တကူ သယ်ယူရရှိနိုင်မည့်အခြေအနေများ ကိုလည်း လေ့လာ ထားရန် လိုအပ်ပါသည်။ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းအတွက် လိုအပ်သော ပုစွန်သားပေါက်စခန်း များမှ အချိန် တိုအတွင်း အမြန်ဆုံးတိုက်ရိုက် သယ်ဆောင်နိုင်သည့် ဆက်သွယ် ရေးလမ်းကြောင်းများရှိမှသာလျှင် သားပေါက်များ ပင်ပန်းနွမ်းနယ်မှု သက်သာစေပြီး အသက်ရှင်သန်နှုန်းနှင့် ကျန်းမာသန်စွမ်းမှုကို အထောက်အကူ ပြုစေမည်ဖြစ်သည်။

    မွေးမြူရေးလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သည့် သားပေါက်များ၊ အစာရိက္ခာများ၊ ဆေးဝါး ပစ္စည်းများ မွေးမြူရေးကန်များသို့ သယ်ယူပို့ဆောင်ရာတွင် တိုက်ရိုက်ရောက်ရှိနိုင်မည့် ဆက်သွယ်ရေး လမ်း ကြောင်းမှာ အရေးကြီးပေသည်။

    ၅။ ဈေးကွက်(Market)စီးပွားဖြစ် ရေငန်ပုစွန် အသားတိုး မွေးမြူထုတ်လုပ်ရာတွင် လုပ်ငန်းခွင်မှ ထုတ်ကုန်များ၏ ဈေးကွက်ရရှိရေးသည် အဓိကဖြစ်သည်။ မည်သည့်ထုတ်လုပ်မှုလုပ်ငန်းမဆို ဈေးကွက်ရရှိရေး သည် စီးပွားရေးအရ အောင်မြင်မှု၊ ဆုံးရှုံးမှု၏အဖြေဖြစ်သည်။ အသားတိုး မွေးမြူရေးစခန်းမှ ရေငန်း ပုစွန်များကို သက်ဆိုင်ရာဈေးကွက်သို့ အချိန်တိုအတွင်း တိုက်ရိုက်တင်ပို့နိုင်မှသာလျှင် လက်ဆတ်မှုရှိပြီး ဈေး ကောင်းရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နေရာဒေသရွေးချယ် ရာတွင် ထုတ်ကုန်များအတွက် ဈေးကွက်နှင့် နီးစပ်မှုရှိစေရန် လိုအပ် သည်။

    ၆။ အခြေခံလိုအပ်ချက်များ(infrastructure)စီးပွားဖြစ် ရေငန်ပုစွန် အသားတိုးထုတ်လုပ်ခြင်း လုပ်ငန်းတွင် လျှပ်စစ်မီးရရှိနိုင်မှု၊ လုပ်သားအင်အား၊ ဆေးရုံ၊ ဈေး၊ ကျောင်း၊ အပန်းဖြေစခန်းများနှင့် နီးစပ်ခြင်း အပြင် အခြားလို အပ်သည့် အခြေခံ အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ အသားတိုး မွေးမြူရေး လုပ်ငန်းတွင် ကျွမ်းကျင်ပညာရှင်နှင့်ကျွမ်းကျင် လုပ်သား၊ သာမန်လုပ်သားများ၏ လုပ်အားသည်လည်း မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

    ကျွမ်းကျင်ပညာရှင်များသည် မွေးမြူသည့်နေရာဒေသ၏ ပကတိအခြေအနေများပေါ်တွင် မူတည်၍ သမားရိုးကျနည်းလမ်းများ အပေါ်တွင် အတွေ့အကြုံများ ပေါင်းစပ်၍လုပ်ငန်းတစ်ခုလုံး အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်သူများဖြစ်ပေသည်။

    ထို့အပြင် မွေးမြူရေးလုပ်ငန်း၏စီးပွားရေးအရ အောင်မြင်မှုသည် ကျွမ်းကျင်လုပ်သားများ အပေါ်တွင် မူတည်သကဲ့သို့ လုပ်အားရှင်များ၏ ကြိုးစားမှု၊ တာဝန်သိတတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ အပေါ် တွင် မူတည်နေသဖြင့် ရိုးသားကြိုးစားပြီး ယုံကြည်စိတ် ချရသည့် လုပ်သားရှင်များရရှိရေးမှာလည်း အရေးကြီး ပေသည်။ နေ့စဉ် ပုံမှန်လုပ်ငန်းများအပြင် မွေးမြူထားသည့် သတ္တဝါများ၏လုံခြုံမှုဆိုင်ရာများအတွက် ယုံကြည် စိတ်ချရသည့် လုပ်သားများရရှိ ရေးသည် အရေးကြီးသည့်အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း စီးပွားဖြစ် ရေငန် ပုစွန်အသားတိုး မွေးမြူထုတ်လုပ်မှုတွင် လိုက်နာသင့်သော အခြေခံအချက်များကို လေ့လာရေးသား တင်ပြ လိုက်ရပါသည်။

    Source: https://commercejournal.com.mm

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes11comments0
views102views1865