cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်အတွင်း ဖြစ်ပေါခဲ့တဲ့ စျေးကွက်အခြေအနေ နိူင်းယှဥ်သုံးသပ်ချက်✅✅

. ဈေးကွက်
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၃၈၃၀၀၀၀ ကျပ် ရှိပြီး တစ်တန် ကို ၁၃၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
  • ပဲစင်းငုံနီ ၊ မတ်ပဲ စျေးတွေ ဒီတစ်ပတ်အထိပါ ဆက်တိုက် ကျဆင်းလာနေပြီး ပဲတီစိမ်းက စျေးငြိမ်နေပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။

    ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပို့ကုန်ရငွေအပေါ် ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ် ကတည်းက ပဲစင်းငုံနီစျေးက ကျဆင်းလာတာဖြစ်ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၃၈၃၀၀၀၀ ကျပ် ရှိပြီး တစ်တန် ကို ၁၃၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစင်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၆၀၀၀ ကျပ်

    ကျပ်စျေးပေါက်ပြီး တစ်ပတ်အတွင်း ၁၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    လတ်တလောမှာပို့ကုန်ရငွေမူဝါဒဂယက်ကြောင့် ဈေးကျနေပေမယ့် အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ် ရိက္ခာ အတွက် မြန်မာ့ ပဲစဥ်းငုံနီကို လိုအပ်ချက်ရှိတာကြောင့် ပဲစင်းငုံနီစျေးကွက်က အိန္ဒိယရဲ့ ဝယ်လိုအား ၊စျေးကောင်းပေးဝယ်ယူမှုအပေါ်လိုက်ပြီး စျေးက အတက်ဘက်ကို ပြန်ရောက် လာနိုင် တယ် လို့ကုန်သည်အချို့က ခန့်မှန်းပါတယ်။

    မတ်ပဲ

    မတ်ကလည်း စျေးတွေဆက်တိုက်ကျဆင်းလာပါတယ်။

    ပဲစဥ်းငုံနည်းတူ မတ်ပဲကလည်း Export ပဲအမျိုးအစားဖြစ်တာကြောင့် ပို့ကုန်ရငွေ မူဝါဒဂယက်ကြောင့် စျေးတွေ ဆက်တိုက်ကျဆင်းလာနေတာဖြစ်ပါတယ်။

    ဒါပေမယ့်လည်း အိန္ဒိယဘက်က မြန်မာ့မတ် ပဲကို လိုအပ်ချက်ရှိနေတာဖြစ် လို့ မြန်မာ့မတ်ပဲ စျေးကွက်က လက်ရှိနှုန်းထက် တော့ ကျဆင်း နိုင်မယ့်အခြေအနေမရှိဘူးလို့သုံးသပ်ထားပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ တစ်တန်ကို ၃၀၇၀၀၀၀ ကျပ် ရှိပါ တယ်။ ပြီးခဲ့တဲ့ အပတ်စျေးကွက်နဲ့ယှဥ်ရင် ၁၁၈၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။

    အလားတူ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ အရည်အသွေးလတ်တာက ပိဿာ ၆၀ ကို ၂၇၀၀၀၀ ကျပ်၊ မတ်ပဲအရည်အသွေးကောင်းတာက ပိဿာ ၆၀ ကို ၂၇၅၀၀၀ စျေးပေါက်နေတာကြောင့် ဒီတစ်ပတ် တစ်အိတ်ကို ၁၀၀၀၀ လောက်စျေးကျလာပါတယ်။

    နယ်ကုန်စည်ဒိုင်တွေ မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၇၃၀၀ ကျပ်သာရှိပြီး ဒီတစ်ပတ်မှာ တစ်တင်းကို ၅၀၀၀ လောက် ကျလာပါတယ်။

    ပဲတီစိမ်းစျေးကွက်

    ဒီတစ်ပတ် ပဲတီစိမ်းက အတက်အကျမရှိ ရန်ကုန်ရော မန္တလေး စျေးကွက်မှာပါ စျေးငြိမ်နေပါတယ်။

    ပဲတီစိမ်း အသစ်တွေ ကုန်စည်ဒိုင်တွေကို နယ်အစုံကနေ ဝင်ရောက်နေမှုရှိနေ ပြီး တရုတ် ကဝယ်လိုအား အေးနေတာကြောင့်လည်း အရောင်းအဝယ်အေးနေပြီး စျေးတန်းက ငြိမ်နေ တာဖြစ် ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ ၃၈၃၅ ကျပ် ရှိပါတယ်။

    မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ကျပ်စျေးရှိပါတယ်။

    ပဲကြီး/ထောပတ်ပဲစျေးကွက်

    ပဲကြီးကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းလာတဲ့အပြင် ထောပတ်ပဲ ကလည်း ဈေးကွက်အတွင်း အဝင်သွက်နေလို့ ဈေးတွေက ကျဆင်းနေပါတယ်။

    ပဲကြီးကပြည်တွင်းစားသုံးမှု အဓိက ပဲအမျိုးအစားဖြစ်ပေမယ့်လည်း လက်ရှိမှာ ပဲအသစ်တွေပေါ်နေ တဲ့အပြင် ပဲမျိုးစုံ ေစျးအကျဘက်ရောက်နေတာကြောင့် လည်း ပဲကြီး စျေးကပါ လိုက် ကျလာနေ တာ ဖြစ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲကြီး (ကြီး)က တစ်အိတ်ကို ၃၅၅၀၀၀ ကျပ် စျေးရှိပြီး အရင်တပတ်ကနဲ့ယှဥ်ရင် ၃၅၀၀၀ လောက်အထိ ကျဆင်းလာတာတွေ့ရပါတယ်။

    ပဲကြီး (လတ်) နဲ့ ပဲကြီးသေး ကတော့ တစ်အိတ်ကို ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ် နဲ့ယှဥ်ရင် တစ်အိတ်ကို ၅၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ စျေးကျလာတာဖြစ်ပါတယ်။

    ပဲထောပတ်ကလည်း မန္တလေးဈေးကွက်မှာ အကြီး တစ်အိတ်ကို ၄၂၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ်၊ပဲကြီး အလတ်ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ ကနေ ၄၀၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views74views2203