cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲဆန်ဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

. သတင်းစုံ
`` မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာ ရေကျချိန်မှာ မြေပြုပြင် ပြီး ဈေးကွက်ကောင်းမည့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။သီးနှံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို ဒီနှစ်မြေပဲဈေးကွက်ကောင်းတော့ တောင်သူတွေ အဆင်ပြေကြပါ တယ် ´´ ဟု ၎င်းကပြောသည်။
  • ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိတာကြောင့် မြေနုကျွန်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။

    မြေနုကျွန်းစိုက် မြေပဲစိုက်ခင်းများကို အောက်တိုဘာလ ၁၅ ရက် ဝန်းကျင်က စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နုတ်သိမ်းရာ တစ်ဧက မြေပဲတင်း(၅၀)ခန့်ထွက်ရှိတာကြောင့်လည်း အထွက်နှုန်း ကောင်းခဲ့သည်။ ထို့အပြင် မြေပဲဆန်ဈေးမှာလည်း ပိဿာ ၁၀၀လျှင် ငွေကျပ် ၈၇၀၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့်လည်း တောင် သူများထပ်ဆင့် အကျိုးအမြတ်ကောင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးခင်မောင်ရင်က မန္တလေး နေ့စဉ်ကို ပြောသည်။

    `` မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာ ရေကျချိန်မှာ မြေပြုပြင် ပြီး ဈေးကွက်ကောင်းမည့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။သီးနှံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို ဒီနှစ်မြေပဲဈေးကွက်ကောင်းတော့ တောင်သူတွေ အဆင်ပြေကြပါ တယ် ´´ ဟု ၎င်းကပြောသည်။

    မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရာတွင် ထွန်ယက် စိုက်ပျိုးစရိတ်၊ သွင်းအားစုများ ဈေးကောင်းခြင်း၊ လုပ်သားစရိတ်၊ စက်သုံးဆီများ ဈေးများကြီးမြင့်တာကြောင့် တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၆သိန်းဝန်းကျင် ကုန်ကျသော်လည်း မြေပဲဆန်ဈေး ကောင်းမွန် တာကြောင့် တစ်ဧက ငွေကျပ် ၁၄သိန်းခန့် အကျိုးအမြတ်ရရှိ ကြောင်း သိရသည်။


  • article
likes10comments2
views156views2137