cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ကြက်ဥစားသုံးခြင်း၏ အကျိုးကျေးဇူးများ” ✅✅

. ကျန်းမာရေးဆောင်းပါးများ
ကြက်ဥတွင် ကိုလင်းဓါတ်အပြင် ပရိုတင်းဓါတ်များ ကြွယ်ဝစွာပါရှိသည်။ ထိုပရိုတင်းဓါတ်သည် သွေးတွင်း သကြားဓါတ်ကို တည်ငြိမ်အောင်ထိန်းပေးသောကြောင့် အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေပါသည်။ ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ( ၁၂ )၊ ဆီလီနီယမ်၊ အမိုင်နိုအက်ဆစ်၊ အင်တီအောက်စီဒင့်စသည့် အာဟာရဓါတ်များနှင့် အခြားအာဟာရဓါတ်များစွာ ပါဝင်ပါသည်။
  • ကျွန်ုပ်တို့နေ့စဉ် လှုပ်ရှားသွားလာရာတွင် တက်ကြွလန်းဆန်းနေစေရန်အတွက် အာဟာရပြည့်ဝသော နံနက်စာစားသုံးရန်လိုအပ်ပါသည်။ အာဟာရပြည့်ဝသော နံနက်စာကို ကလေးများအား ကျွေးခြင်းဖြင့် ဉာဏ်ရည်ပိုမို ထက်မြက်လာစေနိုင်ပါသည်။ ဦးနှောက်အတွက် အကျိုးများစွာဖြစ်ထွန်းစေပြီး အာရုံစူးစိုက်မှုကိုလည်း ပိုမိုအားကောင်းစေနိုင်ပါသည်။ ကြက်ဥတွင်ပါဝင်သော Choline (ကိုလင်း)ဓါတ်သည် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ပိုမိုအားကောင်းလာစေရန် စွမ်းဆောင်ပေးနိုင်ပါသည်။ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အသုံးဝင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များ ကြက်ဥကို စားသုံးသင့်ပါသည်။

    ကြက်ဥတွင် ကိုလင်းဓါတ်အပြင် ပရိုတင်းဓါတ်များ ကြွယ်ဝစွာပါရှိသည်။ ထိုပရိုတင်းဓါတ်သည် သွေးတွင်း သကြားဓါတ်ကို တည်ငြိမ်အောင်ထိန်းပေးသောကြောင့် အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေပါသည်။ ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ( ၁၂ )၊ ဆီလီနီယမ်၊ အမိုင်နိုအက်ဆစ်၊ အင်တီအောက်စီဒင့်စသည့် အာဟာရဓါတ်များနှင့် အခြားအာဟာရဓါတ်များစွာ ပါဝင်ပါသည်။

    ကြက်ဥကို အသင့်အတင့် စားပေးခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူဖြစ်စေပါသည်။ ကြက်ဥ ကို နံနက်စာအဖြစ်စားသုံးပါက ကြာကြာဗိုက်ပြည့်စေပြီး ကယ်လိုရီရရှိမှုကို ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။ တစ်ချို့သောလူများက ကြက်ဥသည် သွေးတွင်းမကောင်းသော ကိုလက်စ်စထရောကို မြင့်တက်စေသည်ဟု ယူဆကာ ကြက်ဥစားသုံးခြင်းကို ရှောင်ကျဉ်တက်ကြပါသည်။ မည်သည့်အစားအစာမဆို အသင့်အတင့်စားသုံးပေးပါက ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ ကြက်ဥသည် အာဟာရပါဝင်မှု အများဆုံးအစားအစာများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။

    တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးပါက သွေးခဲနှုန်း၊ နှလုံးရောဂါဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ချေတို့ကို လည်း လျော့ကျစေနိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။ မျက်စိကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါသည်။ အသက်ကြီးချိန်တွင် ဖြစ်တတ်သော မက်ကူလာ ယိုယွင်းပျက်ဆီးမှု (Macular Degeneration) နှင့် အတွင်းတိမ် ရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါသည်။

    အသားအရေလှပစေခြင်း၊ လက်သည်းများကို သန်စွမ်းစေခြင်းနှင့် ဆံကေသာကို တောက်ပစေခြင်းစသည့် အစွမ်း သတ္တိများကို ပေးစွမ်းနိုင်သော ဆာလဖာဓါတ်သည်လည်း ကြက်ဥထဲတွင် ပါဝင်ပေသည်။ ဆာလဖာသည် ကော်လာဂျင်နှင့် ကီရာတင် ထုတ်လုပ်မှု အလွန်အားကောင်းပါသည်။

    ကြက်ဥတစ်လုံးတွင် အရွယ်ရောက်သူတစ်ဦးအတွက် တစ်နေ့တာလိုအပ်သော အာဟာရ၏ (၂၅%) ခန့် ပါဝင် ပါသည်။ စျေးကွက်တွင်လည်း အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ချက်ရလွယ်ကူသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ကြက်ဥတွင် ပါဝင်နေသော ပရိုတင်းဓါတ်သည် လူ၏ခန္ဓာကိုယ်ကို သန်မာထွားကြိုင်းစေပြီး ကြွက်သားများကိုလည်း ပိုမို သန်မာလာစေနိုင်ပါသည်။ အမိုင်နိုအက်ဆစ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ကြက်ဥကို နံနက်စာအဖြစ် တစ်နေ့တစ်လုံးစားသုံးသင့်ပါသည်။

    ရေးသားသူ - သဲဆုလှိုင်

    -----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes17comments0
views167views1831