cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ကန်ဖော်ပြီးနောက် သန့်ရှင်းရေးဆောင်ရွက်ထားသင့်သော အချိန်ကာလဖြစ်ပါတယ်။ သို့သော် ဆက်လက်မွေးမြူသော အချို့ကန်များအတွက် အောက်ပါအချက်များကို ဂရုပြုရန် တိုက်တွန်းလိုပါတယ်-
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ(၃) ရက် နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ(၃) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလို ပါတယ် ခင်ဗျာ။

    မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ (၃) ရက်နေ့ အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တစ်ဆက် တည်းမှာပင် ရာသီဥတု စတင်နွေးလာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပဲသီးနှံ အကြံပြုချက်

    ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်ပါက မတ်ပဲစိုက်ခင်းအား ရေသွင်းပေးရန် လိုအပ်ပါသည်။  

    မတ်ပဲခင်းများတွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ပဲတောင့်ဖြစ်ထွန်းသည့် အဆင့်တို့တွင် ရေသွင်း သင့်သော်လည်း စိုက်ခင်းထဲတွင် ရေများ ဝပ်မနေသင့်ပါ။  

    မျိုးစေ့မချမှီ စိုက်ခင်းမြေသည် လွန်စွာခြောက်သွေ့နေပါက တစ်ကြိမ်ခန့် ရေသွင်းပေးခြင်းသည် မျိုးညှောင့်ပေါက်နှုန်းအား ကောင်းမွန်စေပါသည်။  

    ဆောင်းရာသီတွင် ရေသွင်းဖို့ အဆင်ပြေလျှင် သီးတောင့် ဖြစ်ထွန်းသည့် အဆင့်တွင် ရေပါးပါး သွင်းပေးပါက အထွက်နှုန်း တိုးစေနိူင်ပါသည်။  

    သီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ခင်းသို့ ရေသွင်းရာတွင် စိုက်ပျိုးမြေ အနေအထားနှင့် ရာသီဥတု အခြေအနေပေါ်တွင် မူတည်၍ ချိန်ဆ သွင်းပေးရပါမည်။ 

    မျိုးညှောင့်ပေါက် ညီညာစေရန်အတွက် သင့်တော်သော မြေကြီးအစိုဓာတ်သည် အရေးကြီးသည်။(မျိုးစေ့ချပြီး ၃ပတ်အတွင်း)။  

    ခြောက်သွေ့သော အခြေအနေတွင် ရေသွင်းခြင်းကို ၄ရက်ခြားတစ်ခါ ဆောင်ရွက်ပေးသင့်ပါသည်။  

    မျိုးစေ့ချပြီးနောက် ၃ပတ်အကြာတွင် လိုအပ်ပါက ရေသွင်းခြင်းကို ၇ရက်တစ်ခါ ဆောင်ရွက်ပေးသင့်သည်။  

     ပဲတောင့်ရင့်လာချိန်တွင် ရေသွင်းခြင်း မလိုအပ်တော့ပါ။ လုံလောက်သော မြေအစိုဓာတ် ရရှိရန် မရှိမဖြစ် အလိုအပ်ဆုံး အချိန်မှာ ပင်ညှောင့်ပေါက်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တို့ဖြစ်သည်။ 

    ပုံမှန်အားဖြင့် မတ်ပဲစိုက်ခင်းသို့ ရေသွင်းပေးမည်ဆိုပါက ၁ဝရက်-၁၅ရက်ကြားတစ်ခါ ရေသွင်းပေးနိူင်ပါသည်။ သို့သော် စိုက်ခင်းအား ရေပိုလျှံစွာ မပေးမိစေရန်နှင့် ရေမဝပ်စေရန် သတိပြုပါ။ 

     နွေစပါးအကြံပြုချက်

    ရွက်ညိုပြောက် ရောဂါလက္ခဏာများ

    ရောဂါလက္ခဏာများ

    • ပင်ပွားထွက်ချိန်မှ စ၍ စပါးရွက်များပေါ်တွင် ရေစိုနာကွက်များကို တွေ့ရတတ်ပါသည်။

    • အစပိုင်းတွင် သေးငယ်သော အညိုရောင် အပြောက် အပြောက်များကို တွေ့ရတတ်ပြီး မှိုမှ ထွက်သော အဆိပ်ကြောင့် ထိုအပြောက်လေးများသည် တစ တစ ကြီးမားလာတတ်ပါသည်။

    • ခံနိုင်ရည်မဲ့သော မျိုးများတွင် အစက်အပြောက်များသည် ၅-၁၄ မီလီမီတာထိ ရှိတတ်ပြီး တဖြေးဖြေး ခြောက်သွေ့သွားတတ်ပါသည်။

    • ခံနိုင်ရည်ရှိသော မျိုးများတွင်မူ အညိုရောင် အစက်အပြောက်လေးများကို အပ်ပေါက်ရာ ပမာဏခန့်သာ တွေ့ရတတ်ပါသည်။

     စပါးရွက်ညိုပြောက် ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?

    ရွက်ညိုပြောက်ရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများရွက်ညိုပြောက် ရောဂါမှ ကာကွယ်ရန် ဖော်ပြပါ နည်းလမ်းများ အတိုင်း လုပ်ဆောင်နိုင်ပါသည်။ 

    • ခံနိုင်ရည် ရှိသော မျိုးများကို အသုံးပြုပါ။ 

    • မျိုးမချမီ ရောဂါကင်းအောင် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုပါ။

    • ထိရောက်သော မှိုသတ်ဆေးများကို အသုံးပြုပါ။ 

    • မြေဆီလွှာ အာဟာရဓာတ်ကို ပုံမှန် စစ်ဆေးပြီး လိုအပ်သော မြေသြဇာကို ပေါင်းထည့်ပေးပါ။

    စပါးပင်များအား ရွက်ညိုပြောက်ရောဂါမှ ကာကွယ်ရန် မှိုသတ်ဆေးများကို စနစ်တကျ သုံးစွဲပေးရပါမည်။

     ဖော်ပြပါ ဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း 

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပရိုပီကိုနားဇိုး (၂၅၀%) အီးစီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟက်ဆာကိုနားဇိုး(၅%) အက်စီ ၊ စားပွဲတင်ဇွန်း (၆-၈) ဇွန်းသို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)

    ငါးကန်များအတွက် အကြံပြုချက် 

      ကန်ဖော်ပြီးနောက် သန့်ရှင်းရေးဆောင်ရွက်ထားသင့်သော အချိန်ကာလဖြစ်ပါတယ်။ သို့သော် ဆက်လက်မွေးမြူသော အချို့ကန်များအတွက် အောက်ပါအချက်များကို ဂရုပြုရန် တိုက်တွန်းလိုပါတယ်-

                 

    🐟 အစားကို နည်းနည်းစီဖြင့် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖြင့် တစ်နေ့နှစ်ကြိမ်ခွဲကျွေးရန်၊

    🐟 ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်တွင် ပုံမှန်ကျွေးနှုန်းထက် အစာပမာဏကို ၃၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းလျော့ကျွေးပါရန်၊

    🐟 အကယ်၍ ရေအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နှင့် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ရောက်ရှိလာပါက အစာကျွေးခြင်းကို လုံးဝရပ်ထားရန်၊

    🐟 ငါးကန်အတွင်း ငါးအကောင်အရေအတွက် ပြွတ်သိပ်မနေစေရန် ဈေးကွက်တင်ပို့မည့် အရွယ်ရောက်ပြီး ငါးများကို ဖမ်းဆီး၍ အကောင်အရေအတွက်လျော့ချရန်၊

    🐟 ကန်ရေ အငွေ့ပြန်နှုန်းလျော့ချရန် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရန်၊

    🐟 အပူချိန်လျော့ချနိုင်မည့် အရိပ်မိုးပေးရန်၊

    Weather Source: CIAT  

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments0
views309views1483