cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးဂုတ်ကျိုး ရောဂါလက္ခဏာ နှင့် ကာကွယ်နှိမ်နှင်းနည်း🌾🌾

. ရောဂါ
တစ်နှစ်ပတ်လုံး စပါးတစ်မျိုးတည်းကိုသာ စိုက်တဲ့ နေရာတွေမှာဆိုရင် စပါးဂုတ်ကျိုးရောဂါသည် တစ်ရာသီမှ တစ်ရာသီသို့ ကူးစက်ပျံ့နှံ့ ပြီး ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိနိုင်ပါတယ်။
  • ✅စပါးဂုတ်ကျိုး ရောဂါလက္ခဏာ

    - စပါးတွင် အဓိကကျရောက်သည့် ရောဂါဖြစ်သည်။

    - မှိုကြောင့်ဖြစ်ပြီး ပင်ပွားစည်းချိန်တွင် အရွက်၊ ပင်စည် နှင့် ပန်းပွင့်များတွင် ကျရောက်ပြီး စပါးအထွက်ကို လျှော့စေပါသည်။

    - တစ်နှစ်ပတ်လုံး စပါးတစ်မျိုးတည်းကိုသာ စိုက်တဲ့ နေရာတွေမှာဆိုရင် စပါးဂုတ်ကျိုးရောဂါသည် တစ်ရာသီမှ တစ်ရာသီသို့ ကူးစက်ပျံ့နှံ့ ပြီး ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိနိုင်ပါတယ်။

    - ထို့ကြောင့် မျိုးရင်းဝင်မတူတဲ့ သီးနှံပင်များ နှံစားပြောင်း၊ ပြောင်း၊ ပီလောပီနံ၊ ဟင်းသီးဟင်းရွက်များဖြင့် သီးလှည့် စိုက်ပျိုးခြင်းဖြင့် စပါးဂုတ်ကျိုးရောဂါကျ ရောက်မှုကို လျှော့နည်းစေပါတယ်။


    ✅ရောဂါပင်ပြ လက္ခဏာ

    - စိုက်ခင်းထဲသို့ ရောဂါကျရောက်မှု ရှိမရှိကို သိရှိရန် တစ်ပတ်လျှင် တစ်ကြိမ်ခန့်ပုံမှန် စစ်ဆေးရပါမည်။

    - စပါးရွက်တွင် ဘဲဥပုံ (သို့မဟုတ်) လွန်းပုံစံအကွက်များ အလယ်တွင် အဖြူရောင်အစက်ရှိပြီး အမည်းရောင် အနားကွက်ဖြင့် အဆုံးသတ်ထားသည်။ - ပင်စည်တွင် ရောဂါကျရောက်ပါက အဆစ်နှင့် အနှံဂုတ်များ ညိုမည်းရောင်ပြောင်းပြီး ကျိုးလွယ်သည်။

    - ရောဂါကျရောက်သည့် အဆစ်များသည် အညိုရောင်(သို့မဟုတ်) အမည်းရောင် အကွက်များကို တွေ့ရသည်။ အပင်၏ အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။

    - အနှံတွင် ရောဂါကျရောက်ပါက ညိုမည်းရောင်ပြောင်းပြီး အနှံကျိုးလွယ်သည်။

    - နို့ရည်မတည်ခင် ရောဂါကျရောက်ပါက နို့ရည်ဆက်မတည်နိုင်ပေ။ အဆန် မတည်သော နို့ရည်တို့မှာ စပါးရင့်မှည့်ချိန် မတိုင်ခင်တွင် ထောင်မတ်နေကြသည်။


    ✅စပါးဂုတ်ကျိုး ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?

    မိုးစပါးတွင် ကျရောက်သော စပါးဂုတ်ကျိုး ရောဂါကို ကာကွယ်နှိမ်နင်းခြင်း

    - ရောဂါကင်းသည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။

    - သင့်တော်မှန်ကန်သည့် မျိုးစေ့နှုန်းထားကိုသာ စိုက်ပျိုးပါ။

    - စပါးဂုတ်ကျိုးရောဂါကျရာက်မှုကို ရှောင်ရှားရန် သီးနှံပင်ကို စောစောစိုက်ပါ။

    - စိုက်ခင်းကို အချိန်မှန် ရေသွင်းပေးရန် လိုအပ်ပါသည်။

    - စိုက်ခင်းကို ရေမပြတ်သွင်းထားပါက အပင်ကို အားနည်းစေပြီး ရောဂါဒဏ်ကို ခံနိုင်မဲ့သောကြောင့် ရေသွင်းရေထုတ် ပုံမှန်ပြုလုပ်ပေးပါ။

    - နိုင်ထရိုဂျင်ဓါတ်မြေသြဇာကို အလွန်အကျွံ မကျွေးပါနှင့်။

    - ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းနှင့် စိုက်ခင်းကို ရေမဝပ်စေဘဲ နိုင်ထရိုဂျင်ဓါတ်မြေသြဇာကို အလွန်အကျွံ အသုံးမပြုပါနှင့်။

    - ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းခြင်း၊ အပင်မစိုက်ခင် မျိုးစေ့လူးနှယ်ဆေး အသုံးပြုခြင်းတို့ကို လုပ်ဆောင်ပေးပါ။

    - စပါးဂုတ်ကျိုးရောဂါကို ကာကွယ်ရန် ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပျိုးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း စိုက်နည်းစနစ်ကို ဂရုတစိုက် လုပ်ဆောင်ခြင်းဖြင့်လည်း ရောဂါကျရောက်မှုကို ကြိူတင် ကာကွယ်နိုင်သည်။

    - စိုထိုင်းဆများချိန်နှင့် ပန်းပွင့်ချိန် တစ်ထပ်တည်း ကျရောက်ပါက စပါးဂုတ်ကျိုးရောဂါ ဖြစ်နိုင်သောကြောင့် စိုက်ချိန်ကို ပြောင်းစိုက်ပါ။

    - ရောဂါကျရောက်နေသော စပါးခင်းမှ အနီးအနားရှိ စိုက်ခင်းများသို့ ကူးစက်ပျံ့ပါက ရောဂါဆိုးဝါးနိုင် သောကြောင့် ပတ်ဝန်းကျင်ရှိ စိုက်ခင်းများနှင့် တစ်ချိန်တည်း စိုက်ပျိုးရမည်။

    - စိုက်ခင်းထဲကို နိုင်ထရိုဂျင် ဓါတ်မြေသြဇာကို တစ်ကြိမ်တည်း ကျွေးခြင်းထက် (၂-၃)ကြိမ် ခန့်ခွဲကျွေးသင့်ပါသည်။

    - လေဝင်လေထွက်ကောင်းစေရန် ပင်စည်နှင့် အရွက်များ နေရောင်ခြည် ကောင်းကောင်းရရန် အပင်စိပ်စိပ် စိုက်ခြင်းအား ရှောင်ပါ။

    - တိုက်ရိုက် စိုက်ပျိုးခြင်းခြင်းထက် အပင်ကို ရွှေ့ပြောင်း စိုက်ပျိုးသည့် စနစ်အား ကျင့်သုံးပါ။

    - ရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို မြေမြှုပ်ပစ်ပါ။ စိုက်ခင်းထဲတွင် မှိုစပိုးများ ကျန်ရှိနေနိုင်သောကြောင့် သေချာ မရှင်းလင်းဘဲ နောက်ထပ် သီးနှံတစ်ခုကို မစိုက်ပျိုးပါနှင့်။

    - စပါးဂုတ်ကျိုးရောဂါကို သက်သာစေရန်.အနှံစတည်သည့် အချိန်တွင် ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ထရိုင်ဆိုင်ကလာဇိုး (40% SC) စားပွဲတင်ဇွန်း 5-6ဇွန်း ပက်ဖျန်း အသုံးပြုနိူင်သည်။

    - အကယ်၍ ပျိုးခင်း၌ ရောဂါ ကျရောက်နေပါက ရွှေ့ပြောင်းမစိုက်ခင် (၃)ရက်အလိုတွင် ဆေးဖျန်းပေးရမည်။

    - ရောဂါကျရောက်မှု အခြေအနေပေါ်မူတည်ပြီး အနှံမတည်ခင်နှင့် အနှံတည်ပြီးအချိန်တွင် (၁၅) ရက်ခြားတစ်ခါ ဆေးဖျန်းပေးရမည်။

    Source: Htwet Toe

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes19comments0
views203views2388