cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မျှစ်ခြောက်ကို ပြည်ပနိုင်ငံစျေးကွက်က အမှာများပေမယ့် ကုန်ကြမ်းအခက်အခဲကြောင့် တန်ချိန်ပိုတိုးမပို့နိုင်

. သတင်းစုံ
" မျှစ်ပေါ်ချိန်မှာ ဝယ်ယူစုဆောင်းရတာမှာ ကုန်ကြမ်းကလိုသလောက်မရဘူး။ လိုသလောက်မရတာက စနစ်တကျနဲ့ မျှစ်တူးဖော်တာအားနည်းနေသေးလို့ပါ။အခုက အလေ့ကျပေါက်တဲ့ သဘာဝအပင်တွေကနေပဲ လိုက်ခူးနေကြတာပေါ့။ စနစ်တကျစိုက်ခင်းနဲ့ စိုက်ပျိုးတာမျိုး လုပ်ဖို့လိုအပ်နေတယ် " လို့ မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်း မျှစ်လုပ်ငန်း အစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
  • တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့ မြန်မာ့မျှစ်ခြောက်က နိုင်ငံတကာစျေးကွက်မှာ အခြေအနေကောင်းပြီး ဝယ်လိုအား ကောင်းပေမယ့် ကုန်ကြမ်းရရှိမှုနည်းတာကြောင့် စျေးကွက်တိုးချဲ့တင်ပို့နိုင်မှု မရှိဘဲ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်း မျှစ်လုပ်ငန်းအစုအဖွဲ့က သိရပါတယ်။

    မျှစ်ခြောက်ပြုလုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့သဘာဝ မျှစ်အစိုကို ဝယ်ယူစုဆောင်းရာမှာ ကုန်ကြမ်းရရှိမှု နည်းတာကြောင့် မျှစ်ခြောက်ထုတ်လုပ်မှုလျော့ကျပြီး ပြည်ပစျေးကွက်ဝယ်လိုအား အမှာစာကို ပြည့်မှီအောင် တင်ပို့နိုင်ခြင်းမရှိဘဲ လိုအပ်ချက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။

    " မျှစ်ပေါ်ချိန်မှာ ဝယ်ယူစုဆောင်းရတာမှာ ကုန်ကြမ်းကလိုသလောက်မရဘူး။ လိုသလောက်မရတာက စနစ်တကျနဲ့ မျှစ်တူးဖော်တာအားနည်းနေသေးလို့ပါ။အခုက အလေ့ကျပေါက်တဲ့ သဘာဝအပင်တွေကနေပဲ လိုက်ခူးနေကြတာပေါ့။ စနစ်တကျစိုက်ခင်းနဲ့ စိုက်ပျိုးတာမျိုး လုပ်ဖို့လိုအပ်နေတယ် " လို့ မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်း မျှစ်လုပ်ငန်း အစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    ဝါးစိုက်ခင်းနဲ့ ဝါးသစ်တောတွေက တစ်နိုင်ငံလုံးအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အပါအဝင်မြို့နယ် အချို့မှာရှိပေမယ့်လည်း သဘာဝသစ်တောကိုသာ မှီခိုပြီး မျှစ်ချိုးခြင်း၊ စိုက်ခင်းတည်ထောင်မှုနည်းခြင်း၊ နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသတွေမှာ မျှစ်မချိုးနိုင်ခြင်းစတဲ့ အခက်အခဲတွေကြောင့် ကုန်ကြမ်းရရှိမှုနည်းလာတာဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် ဂျပန်နိုင်ငံက မျှစ်ခြောက်တန်ချိန် ၂၀၀ တင်ပို့ဖို့ကမ်းလှမ်းမှုရှိပေမယ့် တန် ၂၀ သာတင်ပို့နိုင်မယ့် အခြေအနေရှိပြီး တရုတ်ကလည်း မျှစ်ခြောက်ပမာ ထပ်တိုးတင်ပို့ဖို့ကမ်းလှမ်းမှုရှိပေမယ့် ထပ်တိုးတင်ပို့နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

    လက်ရှိမှာမျှစ်ခြောက်ကို ဂျပန်၊ တောင်ကိုရီးယား၊တရုတ် ၊ ဟောင်ကောင်ကို တန်ချိန်ပမာအနည်းငယ်သာ တင်ပို့မှုရှိနေတာဖြစ်ပါတယ်။

    မြန်မာ့မျှစ်ခြောက် လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ဆိုရင် ဝါးတောတွေကို ထိန်းသိမ်းရန် လိုအပ်ပြီး အစိုးရသက်ဆိုင်ရာဌာန တာဝန်ရှိသူတွေအပြင် လုပ်ငန်းရှင်၊ ပြည်သူ၊ ပညာရှင်အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။

    မျှစ်ခြောက် ပြုလုပ်ရန်အတွက် မျှစ် အစိုကို နှစ်စဉ် ဇူလိုင်လမှ စက်တင်ဘာလ အထိ စုဆောင်းပြီး ယင်းမျှစ်ကို နိုဝင်ဘာလမှ မတ်လကုန် အထိ အခြောက်ခံကာ ပြည်ပကို တင်ပို့ရောင်းချ ခြင်းဖြစ်တယ်လို့်သိရပါတယ်။

    နိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချရာမှာ ဝါးဘိုးဝါးမှ ထွက်ရှိတဲ့ ဝါးမျှစ်ခြောက်သာ ဈေးကွက်ဝင်ကြောင်း၊ ဝါးမျှစ်ကို ပြုပြင် ပြီး ကုန်ချောထုတ်လုပ်ရာမှာလည်း ဓါတုဆေးဝါး မပါဖို့ အထူးဂရုစိုက်ရပြီး အကယ်၍ ဓါတုဓါတ်ကြွင်းပါဝင်ခဲ့ပါက ဈေးကွက်ပျက်နိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

    မချစ်ခွန်းချို(AMIA)

    Exclusive Content for Htwet Toe

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views104views2094