cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၂ သန်းခန့်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ခန့် ဝင်ငွေရရှိရန် ရည်မှန်းဆောင်ရွက်နေ

. သတင်းစုံ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို မိုးစပါး စိုက်ပျိုးမှုမှ ရရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မိုးစပါး အထွက်နှုန်းကောင်းမွန်ခဲ့သည်။ ပြည်တွင်းစားသုံးမှုနှင့် ပိုလျှံမှု ကိုတွက်ချက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်ကွဲ-ပေါင်းဆန်တန်ချိန် ၂ သန်းနီး ပါးတင်ပို့ရန်လျာထားကြောင်း၊ အမေရိကန်ဒေါ်လာ သန်းတစ် ထောင်ဝင်ငွေရရှိအောင် ရည်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • ပြည်ပနိုင်ငံများသို့ ဆန်တန် ချိန် ၂ သန်းခန့် တင်ပို့ပြီး အမေရိ ကန်ဒေါ်လာ သန်းတစ်ထောင်ခန့်ဝင်ငွေ ရရှိရန် ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

    ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို မိုးစပါး စိုက်ပျိုးမှုမှ ရရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မိုးစပါး အထွက်နှုန်းကောင်းမွန်ခဲ့သည်။ ပြည်တွင်းစားသုံးမှုနှင့် ပိုလျှံမှု ကိုတွက်ချက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်ကွဲ-ပေါင်းဆန်တန်ချိန် ၂ သန်းနီး ပါးတင်ပို့ရန်လျာထားကြောင်း၊ အမေရိကန်ဒေါ်လာ သန်းတစ် ထောင်ဝင်ငွေရရှိအောင် ရည်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှုမှာ အဓိကဝယ်လက်က ဥရောပဈေးကွက်ဖြစ်ပြီး အိမ်နီး ချင်းနိုင်ငံဖြစ်သည့် တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံတွေကိုလည်း ကောင်းမွန် သည့်ဈေးနှုန်း ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

    `` စိုက်ပျိုးရာသီအစကတည်း က တောင်သူတွေ အားထည့် စိုက်ပျိုးတာဖြစ်လို့ မိုးစပါးစိုက် ဒေသတွေမှာ အထွက်နှုန်းကောင်း ကောင်းရရှိခဲ့ပါတယ်။ ပျှမ်းမျှ အထွက်နှုန်း တင်း ၈၀ ဝန်းကျင် နှင့် တင်း ၁၀၀ ကျော်ထိ ထွက် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ဆန် စပါးဈေးကွက်ကတော့ ပြည်တွင်း အခြေအနေရယ် နိုင်ငံတကာ အခြေတွေပေါ်မူတည်ပြီး အပြောင်း အလဲရှိပါတယ်။ ပြည်တွင်းထုတ် လုပ်မှုနဲ့ စားသုံးမှုဖူလုံမှုကို တွက် ချက်ပြီး ပိုလျှံတဲ့ပမာဏကို စနစ် တကျ ပြည်ပတင်ပို့ရောင်းချနိုင် အောင် စီစဉ်နေပါတယ်။၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှာ ဆန်တန် ချိန် ၁ သန်းခွဲကနေ ၂ သန်းခန့် တင်ပို့နိုင်အောင် ရည်မှန်းထား ပါတယ်။ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ဝင်ငွေရရှိ အောင် တင်ပို့နိုင်ဖို့ ခန့်မှန်းပါတယ်´´ ဟု ၄င်းကပြောသည်။

    ပြည်ပသို့ ဆန်တင်ပို့ရာ တွင် တန်ချိန်များများ တင်ပို့တာ ထက် တန်ဖိုးမြှင့် ပေါင်းဆန်တွေ ကိုသာ တင်ပို့သွားမည်ဖြစ်ပြီး ပေါင်းဆန် တစ်တန်လျှင် ဒေါ်လာ ၆၅၀-၇၀၀ ကြား၊ ဆန်ကွဲတစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀-၅၀၀ ကြား ရရှိကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views137views1734