cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ဈေးကွက်အကြိုက်ဖြစ်နေသည့်မြန်မာ့ပဲတီစိမ်း🌱🌱

. သတင်းစုံ
ရန်ကုန်ဈေးကွက်တွင်လည်း ပဲတီစိမ်း(ခရမ်းရွှေဝါ)ထိပ်စ သုံးတင်းဝင် တစ်အိတ် လျှင် ကျပ် ၂၁၄၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀ ပေါက်ဈေးရှိသလို တစ်ရက်အတွင်း တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာခဲ့သည်။
  • မြန်မာ့ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်းမှာလည်း နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် သီးနှံ တစ်ခု အဖြစ် ပါဝင်လျက်ရှိသည်။

    အဆိုပါ ပဲတီစိမ်းများကို အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ဈေးကွက်သို့ တင်ပိုခြင်းများရှိပြီး ရွှေလီနှင့် ဝမ်တိန်ဘက်မှ အဓိကအားဖြင့် နေ့စဉ် ပျမ်းမျှ ကုန်တင်ကား အစီးရေ ၃၀ ခန့် ပို့ဆောင်လေ့ရှိသည်။ မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တင်ပို့ရာတွင် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ပင် လယ် ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် ပြည်ပဈေးကွက်များသို့ အဓိက တင်ပို့ လျက်ရှိပြီး အဓိကအားဖြင့် တရုတ်နိုင်ငံကို အများဆုံးတင်ပို့လျက်ရှိသည်။

    မြန်မာနိုင်ငံသည် ပဲတီစိမ်း စိုက်ပျိုးမှုများသလို တင်ပို့မှုအပိုင်းတွင်လည်း အများဆုံးတင်ပို့နိုင်သည့် နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာ့ပဲတီစိမ်း ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ဈေးပိုမိုရရှိနေသလို တင်ပို့မှုအပိုင်းတွင် ပိုမိုတင်ပို့နိုင်ခြင်းကြောင့် အလားအလာကောင်း များစွာရှိနေသည့် သီးနှံတစ်မျိုးအဖြစ် တည်ရှိနေလျက်ရှိသည်။

    ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် အများဆုံး ၁၀ မျိုးစာရင်းတွင် ပါဝင်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိကာလအတွင်း တန်ချိန်ပေါင်း ၂၇၉၉၂၉ တန်၊ အမေရိကန်ဒေါ်လာ ၁၈၉ ဒသမ ၈၂၅ သန်းဖိုးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ရွှေလီနှင့် ဝမ်တိန်ဘက်မှ နေ့စဉ် ပျမ်းမျှ ကုန်တင်ကား အစီးရေ ၃၀ ခန့် တင်ပို့လျက်ရှိသည်။

    ၂၀၂၃ ခုနှစ် စက်တင်ဘာလတစ်လတည်းမှာပင် တရုတ်နိုင်ငံသို့ ပဲတီစိမ်း တန်ချိန် ၁၅၃၀ ကျော် တင် ပို့နိုင်ခဲ့ သလို စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည်ဖြင့် တင်ပို့ နိုင်ခဲ့ပြီး အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံသို့လည်း တန်ချိန် ၇၀၀ လောက်တင်ပို့နိုင်ခဲ့သလို ယူအေအီးနိုင်ငံသို့ တန်ချိန် ၁၀၀ ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့လည်းတင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနစာရင်းများ၌ ဖော်ပြထားသည်။

    မြန်မာနိုင်ငံမှ ပဲတီစိမ်းကိုပြည်ပတင်ပို့ရာတွင် ကုန်သွယ်ရေးနည်းလမ်းများဖြစ်သည့် ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြင့် ပြည်ပဈေးကွက်များသို့ အဓိကတင်ပို့ လျက်ရှိ သည်။ အဓိက အားဖြင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်းများ အများဆုံးတင်ပို့နေပြီး ယခုနှစ်တွင် ယခင်နှစ် ကာလတူ ထက် ပိုမိုတင်ပို့နိုင်ခဲ့သလို ယခင်နှစ်ကထက် ဈေးနှုန်းလည်း ပိုမိုရရှိခဲ့သည်။

    မြန်မာနိုင်ငံအောက်ပိုင်း ခရမ်း-သုံးခွဘက်မှထွက်ရှိသည့် ပဲတီစိမ်းများကို ယခင်က မန္တလေးမြို့မှတစ် ဆင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း ယခုအခါ နယ်စပ်ကုန်သွယ် မှု မူဝါဒ အပြောင်းအလဲများကြောင့် ပဲတီစိမ်းဈေးကွက်မှာ ရန်ကုန်ပဲဈေးကွက်သို့ ပြောင်းရွှေ့လာပြီး တရုတ် နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့်တင်ပို့လျက်ရှိသည်။

    မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဈေးကွက်အခြေ အနေကို ကြည့်ကာ လုပ်ဆောင်ကြရခြင်းဖြစ်သည်။ အပူပိုင်းဒေသ အာရှနိုင်ငံများတွင် ပဲတီစိမ်းကိုစိုက် ပျိုး လေ့ရှိကြပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများ၌ စိုက်ပျိုးကြသည်။ မိုးရေသောက် သီးနှံအ ဖြစ်မိုးဦး၊ မိုးလယ်ကာလတို့တွင် သီးသန့်(သို့) ဝါ၊ ပဲစင်းငုံတို့နှင့်အတူ သီးညှပ်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင်မူ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးပြီး ရေသွင်းနိုင်သည့် ဒေသများတွင် မိုးကြိုသီးနှံ အဖြစ် စိုက်ပျိုးထားကြသည်။

    ပဲတီစိမ်းကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့နှင့် ရန်ကုန် တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင်စိုက်ပျိုးကြပြီး ၂၀၁၂-၂၀၁၃ ကာလအ တွင်း မြန်မာနိုင်ငံရှိ ပဲတီစိမ်း စိုက်ဧရိယာမှာ ဧက ၂၆၈၅၅၂၁ နှင့် ထုတ်လုပ်မှုမှာ ၃၂၃၆၇၃၃၂ တင်းထွက်ရှိခဲ့ သည်။ လက်ရှိတွင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှ ပဲတီစိမ်းတန်ချိန် ၅၀,၀၀၀ ကျော်လောက်သာ ထွက်နေပြီး ယင်းအနက်တွင် တန်ချိန် ၂၀,၀၀၀ ကျော်မှာ တရုတ်သို့တင်ပို့ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၄,၀၀၀ လောက် တင်ပို့လျက်ရှိသည်။ စင်ကာပူနိုင်ငံကိုတင်ပို့မှုမှာ တစ် ဆင့် တင်ပို့မှုများလည်းရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုထားကြသည်။ အိန္ဒိယနိုင်ငံကိုလည်း တိုက်ရိုက် တင်ပို့မှုအဖြစ် တန် ၁,၀၀၀ လောက် တင်ပို့ခဲ့ကြသလို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မြန်မာ့ပဲတီစိမ်း တန်ချိန် ၁၀၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ပဲတီစိမ်းထွက်ရှိမှု၏ ၄၀ ရာခိုင်နှုန်းလောက်သာ တင်ပို့နေပြီး ဆက်လက်တင်ပို့မည့် အ ခြေအနေ ဖြစ်နေလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်း တင်ပို့ရန် မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထား သည်။ ထိုသို့တင်ပို့ရာတွင် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစီကို လေးကြိမ်ခွဲကာ တန်ချိန် ခြောက်သိန်း တင်ပိုရန် လျာထားကြသည်။ ပဲတီစိမ်းကို တရုတ်နိုင်ငံသာမကဘဲ အိန္ဒိယ၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီ စသည့် နိုင်ငံများထံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးများမှ တစ်ဆင့် တင်ပို့လေ့ရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ကာလအတွင်းက ပြည်ပသို့ ပဲတီစိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၉ ဒသမ ၂၉၅ သန်းအထိ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

    ယခုအခါ ပြည်ပပို့ကုန်ကုန်သည်များက အဝယ်လိုက်လာခြင်းကြောင့် ပဲတီစိမ်းဈေးမှာ အနည်းငယ် မြင့်တက် သွားသည်။ အလားတူ မြေထောက်ပဲ၊ ပဲကြီး၊ ပဲထောပတ်၊ ပဲဇီးကွက်နှင့် နှမ်းနက်၊ မြေပဲဆန် တို့မှာ ဇန်နဝါရီလကုန်ပိုင်းရက်များလောက်တွင် ဈေးမြင့်တက်လာခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံများသို့ ပဲတီစိမ်း တင်ပို့မှုရှိပြီး ပဲအသစ်များ ထွက်ပေါ်နေခြင်းကြောင့် ပဲဈေးကွက်တွင် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင်လည်း ပဲတီစိမ်း(ခရမ်းရွှေဝါ)ထိပ်စ သုံးတင်းဝင် တစ်အိတ် လျှင် ကျပ် ၂၁၄၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀ ပေါက်ဈေးရှိသလို တစ်ရက်အတွင်း တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာခဲ့သည်။

    ယခုလအတွင်း ပြည်ပသို့ပဲတီစိမ်းများတင်ပို့မှုရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး ပဲတီစိမ်းစိုက်ပျိုးသည့် ဒေသစုံမှ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်လည်းဖြစ်သည်။ ဝယ်လိုအားမှာလည်း မြင့်တက်လာသလို ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင်ထွက်ပေါ်နေလျက်ရှိသည်။ တရုတ်ဈေး ကွက်မှလည်း ဝယ်လိုအားများ သိသာစွာတိုးလာပြီး ပြည်ပပို့ကုန်ဝယ်လက်များက ဈေးကွက်အတွင်း လိုက်လံဝယ်ယူမှုများ ရှိသလို ဈေးကွက်အကြိုက်ဖြစ်လာကာ အလားအလာကောင်းတစ်ခုကို ပိုင်ဆိုင် နိုင်တော့မည့် အကြောင်း ရေးသားလိုက်ရပေသည်။

    ဧပရယ်လ်

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    --------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views118views1342