cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးရာသီတွင်မွေးမြူသင့်သော လူ့အကျိုးပြု ခြင်စားငါး (ခေါ်) ဒေါင်းငါးမွေးမြူရေး

. ငါးမွေးမြူရေးဆောင်းပါးများ
စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်း ကောင်ရေ ၃၀ ခန့်ကို စားနိုင်ပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမ တစ်ကောင်သည် ခြင်လောက်လမ်းကောင်ရေ ၆၀ခန့်ကို စားသည်ဟုဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင်ခန်း၊ စာသင်ကျောင်း များ အနီးတစ်ဝိုက်ရှိ သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာတိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန် ကြီးများအတွင်း ဒေါင်း ငါးလေးများကို ထည့်သွင်းမွေးမြူထားသင့်ပါသည်။
  • ဒေါင်းငါး (Guppy Fish) ဟုခေါ်သည့် ခြင်စားငါးများသည် ခြင်သားလောင်း ဖြစ်သည့် ပိုးလောက် လမ်းများကို စားလေ့ရှိသောကြောင့်ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေ ထောက် အစရှိသည့် ရောဂါများကို ကာကွယ်တားဆီးနိုင်ရန် အိမ်များရှိ ရေလှောင်ကန်၊ စဉ့်အိုးများနှင့် ကျောင်းများရှိ အုတ်ကန်များ၌ ခြင်စားငါးများကို ထည့်သွင်းမွေးမြူလေ့ ရှိကြပါသည်။

    ဒေါင်းငါး၏ မူရင်းဒေသဒေါင်းငါးဟုခေါ်ခြင်းမှာ ငါး၏ ပုံပန်းသဏ္ဌာန်ကြောင့်ဖြစ်ပြီး ဒေါင်းငါးများ၏ အမြီးများမှာ ဒေါင်းငှက်များ၏ အမြီးသဖွယ်ပြန့်ကားပြီး အရောင်များ တဖျတ်ဖျတ် ဖြစ်နေသောကြောင့် ဖြစ်သည်။ မြန်မာအခေါ် ဒေါင်းငါး၊ အင်္ဂလိပ်ဘာသာဖြင့် သိပ္ပံအမည် Poecilia reticulata ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန်နှင့် ဂျမေကာတို့ ဖြစ်သည်။ ခြင်သားလောင်း (ပိုးလောက်လမ်း)များ ကို စားတတ်သည့် အလေ့ အထကြောင့် ခြင်နှိမ်နင်းရန်နှင့် ငှက်ဖျား ရောဂါကို ကာကွယ်ရန်အတွက် ကမ္ဘာအရပ်ရပ်သို့ သယ်ယူမွေးမြူ ကြရာမှ ကမ္ဘာအနှံ့အပြား သို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့သွားခြင်း ဖြစ်သည်။

    ငှက်ဖျားရောဂါကာကွယ်ရေးအတွက် မွေးမြူမြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ် အတွင်းကပင် ငှက်ဖျားရောဂါ ကာကွယ် ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင် လာရာမှတစ်ဆင့် ဒေါင်းငါးများ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရ၏။ ဒေါင်းငါးမျိုးစိတ်တွင် ငါးအထီးများ၏ အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့် အတွက် ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးလိုက်ခြင်းဖြစ်ဟန် တူသည်။

    ထိုအလှမွေး ဒေါင်းငါးလေးများသည် ရေချိုငါးမျိုးစိတ်ဖြစ်သော်လည်း ဆားငန်နှုန်းကို အတော်အတန် ခံနိုင်ရည် ရှိ၍ ရေငန်အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့၌လည်း ရှင်သန် နိုင်သည်။

    အကောင်လိုက်မွေးသောငါးမျိုးဒေါင်းငါးလေးများတွင် အထီးသည် တစ်လခွဲ(ခြောက်ပတ်)သား၌ အရွယ်ရောက်ပြီး အမသည် သုံးလ (၁၂ ပတ်)သား၌ အရွယ်ရောက်ကာ သားပေါက်နိုင်သည်။ ဒေါင်းငါးလေးများသည် ဥလေ့မရှိဘဲ အကောင်လိုက်မွေးသောငါးမျိုးဖြစ်သည်။ ဒေါင်းငါးအမများ၏ သန္ဓေဆောင်ကာလသည် ၂၂ ရက်မှ ၂၆ ရက်ရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှ အကောင်ရေ ၃၀ မှ ၆၀ အထိ မွေးလေ့ ရှိကာ အများဆုံး ကောင်ရေ ၁၀ဝ အထိ သားပေါက်နိုင်သည်။ ငါးအမသည် သားပေါက်ပြီး တစ်လခန့်ကြာလျှင် နောက်တစ်ကြိမ်ထပ်မံ၍ သားပေါက် နိုင်သည်။ ဒေါင်းငါးလေးများ၏ သက်တမ်း မှာ နှစ်နှစ်ခန့်ရှိသည်။

    သားစဉ်မြေးဆက် ခြင်နှိမ်နင်းပေးဒေါင်းငါးများ၏ အစာစားသည့် အလေ့အထသည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှားများ၊ ရေပေါက်ပင်လေးများကိုစားသည်။ အထူးသဖြင့် ခြင်သား လောင်းပိုးလောက် လမ်းများကို အဓိကထား စားကြသောကြောင့် ခြင်နှိမ်နင်းရေးငါးမျိုးအဖြစ် ကျော်ကြား သည်။ ခြင်များဥ ချသော ခြင်ဥများမှ တစ်ဆင့် ပိုးလောက်လမ်းများဖြစ်နေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ် ထည့်ပေးထားရုံဖြင့် ယင်းငါးကလေးများက ခြင်နှိမ်နင်းရေးကို သားစဉ်မြေးဆက် အလိုက် စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားကြမည် ဖြစ်သည်။ ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့် ဇီဝနည်း (Biological Control) ဖြစ်ပါသည်။

    စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်း ကောင်ရေ ၃၀ ခန့်ကို စားနိုင်ပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမ တစ်ကောင်သည် ခြင်လောက်လမ်းကောင်ရေ ၆၀ခန့်ကို စားသည်ဟုဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင်ခန်း၊ စာသင်ကျောင်း များ အနီးတစ်ဝိုက်ရှိ သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာတိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန် ကြီးများအတွင်း ဒေါင်း ငါးလေးများကို ထည့်သွင်းမွေးမြူထားသင့်ပါသည်။

    ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ဒေါင်းငါးများကို နီးစပ်ရာ အလှမွေး ငါးအရောင်းဆိုင်များ၊ အလှမွေးငါး သားဖောက်ရောင်းချသူ များထံတွင် ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ဒေါင်းငါးလေးများကို အလှ မွေးငါး အဖြစ်သာမက ခြင်အန္တရာယ်ကာကွယ်သည့်အနေဖြင့်လည်း ရေကန်များအတွင်း ထည့်သွင်းမွေးမြူနိုင် ခြင်းကြောင့် လူ့အကျိုးပြု မွေးမြူရေးငါးတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။

    Source: https://www.mdn.gov.mm

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes11comments1
views277views1951