cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲ ၊ ပဲစဥ်းငုံနီ၊ ပြောင်းဆံ၊ ပဲတီစိမ်း စျေးတွေ ထပ်မံကျဆင်းသလို ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်စျေးတွေလည်း ထိုးကျနေပါတယ်။

. သတင်းစုံ
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၁ ရက်နေ့ အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်အခြေအနေ နှိုင်းယှဥ်သုံးသပ်ချက်
  • မတ်ပဲ

    မတ်က အိန္ဒိယဘက်က အဝယ်အေးသွားတဲ့အတွက် ဒီတစ်ပတ်မှာပါ စျေးတွေ ဆက်တိုက်ကျ ဆင်းလာ ပါတယ်။ အိန္ဒိယဘက်က မတ်ပဲအဝယ်အေးသွားတဲ့အပြင် ပြည်တွင်းမှာ ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲမှုအချို့ကိုပါ လုပ်ဆောင်လာတာကြောင့် ကုန်သည်တွေကပါစျေးချဝယ်နေပြီဂ မတ်ပဲ စျေး ဆက်တိုက်ကျဆင်း လာတာဖြစ်ပါတယ်။

    ဒါပေမယ့်လည်း အိန္ဒိယဘက်က မတ် ပဲကို လိုအပ်ချက်ရှိနေသေး တဲ့အတွက် မြန်မာ့ မတ်ပဲစျေး ကွက်က ပိဿာ၂၀ တစ်တင်းကို ကျပ် ၉၀၀၀၀ အောက် ကျဆင်းမယ့် အခြေအနေမရှိ ဘူးလို့သိရ ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ တစ်တန်ကို ၂၉၈၀၀၀၀ ကျပ် ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် စျေးကွက်နဲ့ယှဥ်ရင် ၄၀၀၀၀ ကျပ် ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။

    အလားတူ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ အရည်အသွေးအလတ်တာက ပိဿာ ၆၀ ကို ၂၆၅၀၀၀ ကျပ်၊ မတ်ပဲအရည်အသွေး အကောင်း က ပိဿာ ၆၀ ကို ၂၇၀၀၀၀ ကျပ် စျေးပေါက်နေတာကြောင့် ဒီတစ်ပတ် မှာ တစ်အိတ်ကို ၅၀၀၀ လောက်စျေးကျလာပါတယ်။

    နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၄၅၀၀ ကျပ်သာရှိပြီး တစ်တင်းကို ၃၀၀၀ လောက်ထပ်ကျလာပါတယ်။

    ပဲစဥျးငုံနီ

    ပဲစဥ်းငုံနီကလည်း ဒီတစ်ပတ် ပြည်တွင်း ပဲမျိုးစုံ စျေးကွက်မှာ စျေးတွေထပ်ကျ လာတာတွေ့ရပါ တယ်။

    အိန္ဒိယဘက်က ပဲစဥ်းငုံနီ အဝယ်အေးသွားတဲ့အပြင် ပဲစဥ်းငုံနီကို မြန်မာကနေ ဝယ်ယူမှု အပေါ် မူဝါဒပြောင်းလဲပြီး စျေးသတ်မှတ်တာတွေလုပ်ဖို့ စီစဥ်နေတယ်ဆိုတဲ့သတင်းကြောင့် အဝယ်အေးပြီး စျေးတွေ ကျလာတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြည်တွင်းမှာလည်း ပို့ကုန်ရငွေအပေါ်မူဝါဒ ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တဲ့အတွက် ပဲစဥ်းငုံနီစျေးက ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၇၀၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်က ထက် တစ်တန်ကို ၄၇၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၄၉၀၀၀ မှ ၃၅၀၀၀၀ ကျပ်

    ကျပ်စျေးပေါက်ပြီး ၁၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ပဲတီစိမ်းစျေးကွက်

    ပဲတီစိမ်းကလည်း ဒီတစ်ပတ် ရန်ကုန် စျေးကွက် မှာ စျေးကျလာပြီး မန္တလေးစျေးကွက်မှာ စျေးငြိမ်နေ တာတွေ့ရပါတယ်။

    ပဲတီစိမ်း အသစ်တွေ နယ်အစုံကနေ ကုန်စည်ဒိုင်တွေကို အများအပြား ဝင်ရောက်နေမှုရှိနေ ပြီး တရုတ် က ဝယ်လိုအားအေးသွားသလို ပို့ကုန်ရငွေ ဂယက်ကြောင့် ပဲတီစိမ်းက အရောင်းအဝယ် အေးနေပြီး ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။

    ပဲတီစိမ်း က ထပ်ပြီး ဈေး ကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်အချို့ ခန့်မှန်းမှုတွေ ရှိနေပြီး လက်ရှိ သယ်ယူပို့ဆောင်ရေးအခြေအနေ ပြောင်းလဲနေတဲ့ မူဝါဒတွေကြောင့် ဈေးက ထပ်ပြီး ကျဆင်းနိုင်ခြေ တွေ ရှိတယ်လို့ သုံးသပ်ရပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၂၅၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် နဲ့ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၆၅ မှ ၃၄၂၀ ကျပ် ရှိပြီး ပြီးခဲ့တဲ့အပတ်က ထက် တစ်ပိဿာကို ၂၅၀ မှ ၄၆၅ ကျပ်လောက် စျေးကျသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ကျပ်နဲ့ စျေးငြိမ် ပါတယ်။

    ပြောင်းဆံ

    ပြောင်းဆံကလည်း ဒီတစ်ပတ်မှာ စျေးတွေ ထပ်ကျဆင်းနေပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်နေ ပါတယ်။ပြောင်းဆံစျေး ကျနေတာကြောင့် ကုန်သည်တွေက ဝယ်လိုအားနည်းနေပြီး ရှမ်းပြည်နယ် ဘက်မှာဆိုရင် အဝယ်မရှိသလောက်ဖြစ်နေတယ်လို့ တောင်သူ ကုန်သည်တွေ ထံကနေ သိရပါတယ်။

    အလားတူ ပြောင်းဆံကလည်း ပြည်ပပို့ကုန်ရငွေ အပေါ်ပြောင်းလဲမှုအချို့ လုပ်လိုက်တဲ့အတွက် ကြောင့် ခုလို စျေးကွက်ကျဆင်းလာနေတာဖြစ်ပါတယ်။ဒါပေမယ့် ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ပေးပြီး တင်ပို့ခွင့် ရှိနေတာ ဖြစ်ပြီး လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ဖြစ်နိုင်တဲ့အတွက် ပြောင်းဆံက လာမယ့် ကာလတိုအတွင်း တက်နိုင်ခြေရှိတယ်လို့ ပြောင်းကုန်သည်အချို့က ခန့်မှန်းထားပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်သာရှိပြီး ပြီးခဲ့တဲ့အပတ်က ထက် တစ်ပိဿာကို ၄၀ ကျပ် စျေးထပ်ကျသွားတာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၁၀၀၀ ကျပ် ၊ပြောင်း (ဗမာ)တစ်အိတ်ကို ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၁၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၁၀၀၀ မှ ၁၅၀၀ ကျပ် စျေးထပ်ကျပါတယ်။

    ပန်းဂေါ်ဖီ

    ပန်းဂေါ်ဖီကတော့ စျေးကွက်ပျက်နေပြီး ခြံပိုင်ရှင်တွေမှာ တစ်ပွင့် ၁၀၀ ၊ ၂၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ်။

    ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေခြင်း ၊သယ်ယူပို့ဆောင်ရေးစရိတ် အလုပ်သမားငှားခ စရိတ် တွေကုန် ကျမှုများတဲ့ အပြင် နယ်စုံကနေ ပန်းပွင့်တွေ ဈေးကွက်ထဲ ဝင်ရောက်မှုရှိတာ ကြောင့် ပန်းပွင့် စျေး က ကျဆင်းနေတာဖြစ်ပါတယ်။

    ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်ရောင်းစျေးမှာ ပန်းပွင့် (ချိန်းထုပ်) တစ်ပွင့် ၃၀၀ ကျပ် ၊ ပန်းပွင့် အလတ်စ တစ်ပွင့် ၂၅၀ ကျပ်သာ စျေးရှိပါတယ်။

    ဂေါ်ဖီထုပ်

    အလားတူ ဂေါ်ဖီထုပ်ကလည်း စျေးကျဆင်းနေတဲ့အပြင် ဝယ်လိုအားလည်း လျော့ကျလာနေပါတယ်။ ဂေါ်ဖီထုပ်ကလည်း ရှမ်းပြည်နယ်ကနေ အခြားဒေသတွေကို တင်ပို့ရောင်းချရမှုလျော့ ကျလာတာ ကြောင့် ပြည်နယ်တွင်း ဂေါ်ဖီထုပ်စျေးကွက်ကကျဆင်းလာနေတာဖြစ်ပါတယ်။

    အောင်ပန်းကုန်စိမ်းပွဲရုံတွေမှာ ဂေါ်ဖီထုပ် (ချိန်းထုပ်) ၂ ပိဿာနီးပါးခန့် တစ်ထုပ်ကို ၅၀၀ ကျပ်သာရှိပြီး ဂေါ်ဖီထုပ် အလတ်ဆိုဒ် ၁ ပိဿာအောက်ခံကိုမှ ၃၀၀ ကျပ် သာစျေးရှိနေပါတယ်။

    ခရမ်းချဥ်သီး

    ခရမ်းချဥ်သီးကတော့ ရှမ်းကုန်စိမ်းသီးနှံတွေထဲမှာ စျေးအကျဆုံးသီးနှံတစ်ခုဖြစ်နေပါတယ်။ လတ်တ လောမှာ ရှမ်းထွက်ခရမ်းချဥ်သီးတွေကို ဝယ်ယူမှု လျော့လာတာကြောင့် ကုန်စိမ်းပွဲရုံ အချို့ ခရမ်းချဥ်သီး အဝယ်ကိုရပ်နားထားကြပါတယ်။

    ခရမ်းချဥ်သီး ခြံပြတ်စျေးက တစ်ပိဿာကို ၁၀၀ လောက်သာရပြီး ခြံကနေ ပွဲရုံအရောက်စျေးက တစ်ပိဿာကို ၃၀၀ ၊ ၄၀၀ ကျပ်သာအများဆုံးစျေးရကြပါတယ်။

    အောင်ပန်းပွဲရုံအချို့မှာတော့ ခရမ်းချဉ် ဂွတ်ရှယ်သီး တစ်ပိဿာကို ၇၀၀ ကျပ်၊ခရမ်းချဉ် ရှယ်သီး တစ်ပိဿာ ၅၀၀ ကျပ် ၊ခရမ်းချဉ် အသေးဆုံးသီး တစ်ပိဿာ ၃၀၀ ကျပ်၊ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀ ကျပ်၊ခရမ်းချဉ် အစိမ်းသီးအကြီးဆုံးဆိုဒ် ၅၀၀ ကျပ်၊ခရမ်းချဉ် အစိမ်းသီးအလတ်ဆိုဒ်

    ၄၀၀ ကျပ်၊ခရမ်းချဉ်သီးအစိမ်းအသေးဆိုဒ် ၃၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

    ရန်ကုန်လက်ကားဈေးကွက်မှာတော့ တစ်ပိဿာကို ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။

    AMIA

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views176views2490