cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လှေးပိုး(သို့) သရစ်ပိုးအကြောင်း တစေ့တစောင်း

. ပိုးမွှား
လှေးပိုးတွေဟာ ဗိုင်းရပ်စ် ရောဂါကိုလည်း သယ်ဆောင်လာတတ်တဲ့အတွက် လှေးပိုးကျပြီးရင် အပင်တွေမှာ ဗိုင်းရပ်စ်ရောဂါထပ်ဆင့် ဖြစ်လာနိုင်ပါတယ်။
  • တောင်သူဦးကြီးများ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ လှေးပိုးကျရောက်တာကို ကြုံဖူးကြမှာပါ။ လှေးပိုးကျရောက်မှုဟာ တောင်သူဦးကြီးတို့ စိုက်ပျိုးသီးနှံတွေရဲ့ အထွက်နှုန်းကို ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။

    လှေးပိုးတွေက သီးနှံနဲ့ နေရာပေါ်မူတည်ပြီးတော့ အဝါရောင်ကနေအနက်ရောင်ထိ အမျိုးမျိုးရှိတတ်ပြီးတော့ သီးနှံပင်တွေရဲ့ အရွက်၊ ပင်စည်၊အညွန့်နဲ့ အသီးတွေမှာရှိတဲ့ အရည်တွေကို စုပ်ယူစားသောက်ကြပါတယ်။ ကြက်သွန်ပင်၊ ပဲပင်၊ မုန်လာနဲ့အခြားသော ဥယျာဉ် ခြံသီးနှံတွေအပြင် ပန်းပင်တော်တော်များများမှာ ပိုမိုကျရောက်လေ့ရှိပါတယ်။ နောက်ပြီး လှေးပိုးတွေဟာ အုပ်စုလိုက်ကျရောက်ပြီးတော့ အပင်ရဲ့ ရွက်ကြား၊ ပင်စည်ကြားနဲ့ အရွက်အောက်ဘက် မျက်နှာပြင်တွေမှာ နေလေ့ရှိပါတယ်။

    - လှေးပိုးဖျက်ဆီးခံရင်တော့ များသောအားဖြင့် ငွေရောင်အကွက်ငယ်လေးများကို အရွက်၊ အသီးလုံးနဲ့ အသီးတောင့်တွေမှာ တွေ့မြင်ရမှာပါ။

    - အချို့သောအပင်တွေမှာတော့ အရွက်တွေဟာ မူမမှန်တဲ့ပုံစံတွေ အနေနဲ့ တွေ့မြင်ရတတ်ပါတယ်။

    - လှေးပိုးတွေ စုပ်စားမှုကြောင့် အရွက်နဲ့ ပင်စည်တွေမှာရှိတဲ့ တစ်သျှူးသားတွေ သေကုန်ပါတယ်။

    - စုပ်စားခံရတဲ့ အရွက်တွေဟာ အရောင်ဖျော့လာခြင်း၊ အရွက်များလိပ်လာခြင်း၊ အရွက်များကြွေကျခြင်း၊ ညှိုးသွားခြင်း၊ အပင်များလိမ်သွားခြင်းများဖြစ်လာနိုင်ပြီးတော့ ဆိုးရွားပါက အပင်များသေတဲ့ထိ ဖြစ်တတ်ပါတယ်။

    - အသီးတွေမှာကျရင်တော့ အစားခံရတဲ့ အသီးတွေရဲ့ မျက်နှာပြင်မှာ ကြမ်းတမ်းတဲ့ ငွေရောင်အကွက်လေးတွေကို မြင်တွေ့ရမှာပါ။

    - အသီးတွေမှာ ကျရောက်ခဲ့ရင် အသီးတွေဟာ စျေးကွက်မှာ စျေးကောင်းမရတာ၊ စျေးကွက်မဝင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    - လှေးပိုးတွေဟာ ဗိုင်းရပ်စ် ရောဂါကိုလည်း သယ်ဆောင်လာတတ်တဲ့အတွက် လှေးပိုးကျပြီးရင် အပင်တွေမှာ ဗိုင်းရပ်စ်ရောဂါထပ်ဆင့် ဖြစ်လာနိုင်ပါတယ်။

    - ဒါအပြင် ကိုက်ခံရတဲ့ဒဏ်ရာကနေတဆင့် မှိုရောဂါများလည်း ထပ်ဆင့်ဝင်ရောက်လာနိုင်ပါသေးတယ်။

    လှေးပိုးကျရောက်မှုကို ကာကွယ်ရန်အတွက်

    - စိုက်ခင်းပတ်ပတ်လည်တွင် လှေပိုးများရှင်သန်နိုင်သော ပေါင်းပင်များနှင့် အမှိုက်များကို ရှင်းလင်းပေးရပါမယ်။

    - သီးနှံများကို မစိုက်မီ မဖြစ်မနေ ထည်ထိုး၊ ထွန်မွှေပေးပါ။ မြေကြီးထဲက လှေးပိုးရုပ်ဖုံးကောင်တွေသေစေရန်အတွက် ဖြစ်ပါတယ်။

    - သီးလှည့်စနစ်ကိုကျင့်သုံးပေးပါ။

    - ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ လှေးပိုးတွေပေါက်ဖွားနှုန်းမြင့်တာကြောင့် ဆိုးရွာစွာကျရောက်တတ်ပါတယ်။

    - သီးနှံများကို ရေပုံမှန်ထောက်ပံ့ထားပေးခြင်းကလည်း လှေးပိုးကျရောက်နိုင်မှုကို နည်းစေပါတယ်။

    - အချို့သော သီးနှံများမှာ လှေးပိုးကျရောက်စဉ် အခင်းကိုရေလွမ်းပေးခြင်းကလည်း လှေးပိုးကျရောက်နေမှုအရေအတွက်ကို လျှော့ကျစေပါတယ်။

    - လှေးပိုးကျရောက်ပါက အပြာရောင်ထောင်ချောက်များကို အသုံးပြုပြီး နှိမ်နင်းလို့ရပါတယ်။

    - ရေဖျန်းပေးခြင်း နဲ့ မိုးရွာခြင်းတို့ကလည်း လှေးပိုးအရေအတွက်ကို လျော့ကျစေပါတယ်။

    - သဘာဝဆေးများအနေနဲ့ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးဆပ်ပြာရည် စတဲ့သဘာဝပိုးသတ်ဆေးများကို အသုံးပြုပေးနိုင်ပါတယ်။

    ဓါတုပိုးသတ်ဆေးများအနေနဲ့

    (၁) အဆီတာမီပရစ် (Acetamiprid)၊

    (၂) လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin)၊

    (၃) ပရိုဖီနိုဖော့စ် (Profenofos)၊

    (၄) ဒိုင်မီသိုအိတ် (Dimethoate)၊

    (၅) သိုင်ရာမီသောက်စင်(Thiamethoxam)၊

    (၆) ဖစ်ပရိုနေး(Fipronil) စတဲ့ ဆေးအဆိပ် ပါတဲ့ ဆေးတစ်မျိုးမျိုးကို အထုပ်/ဗူး ပါ အညွှန်းအတိုင်း ဖျန်းပေးနိုင်ပါတယ်။

    Ye Min Han

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes16comments0
views302views2348