cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယအစိုးရမှ ပဲစင်းငုံအား ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူနေသော်လည်း အိန္ဒိယတောင်သူများမရောင်းချ

. သတင်းစုံ
ပဲစင်းငုံအား အစိုးရသို့ ရောင်းချရာတွင် အစိုးရက ကျင့် သုံးသည့် ဈေးနှုန်းဖော်မြူလာမှာ ယခင်သုံးရက်၏ ပျမ်းမျှဈေးနှုန်း ကို အသုံးပြုထားခြင်းနှင့် တင်း ကျပ်သော အရည်အသွေးစံနှုန်း များ၊ လုပ်ထုံးလုပ်နည်းများသည် တောင်သူများ၏ အစိုးရထံသို့ ပဲစဉ်းငုံရောင်းချရန် စိတ်ဝင်စားမှု နည်းပါးသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၏ ဈေးနှုန်းသတ်မှတ်ချက်မှာ ဈေး ကွက်ပေါက်ဈေးထက် ၃ ရူပီးမှ ၄ရူပီးအထိ လျော့နည်းသော ကြောင့် တောင်သူများက အစိုးရအေဂျင်စီထက် ပုဂ္ဂလိက ကုန်သည်များကိုသာ ပဲစင်းငုံ ရောင်းချရန် ရွေးချယ်ကြကြောင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ပဲ ကြိတ်ခွဲစက်လုပ်ငန်းရှင်တစ်ဦး က ပြော ကြားထားသည်။
  • ပဲစင်းငုံအရန်သိုလှောင်မှုများ ပြန်လည်ဖြည့်တင်းရန်အတွက် အိန္ဒိယ ဗဟိုအစိုးရက ဈေးကွက် ပေါက်ဈေးဖြင့် ဝယ်ယူရေးကြိုး ပမ်း ဆောင်ရွက်ချက်ကြောင့် ဈေး ကွက်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ သော်လည်း မျှော်မှန်းထားသကဲ့သို့ တောင်သူများက ရောင်းချမှုမရှိ ကြောင်း အိန္ဒိယကုန်သည်များ က ပြောသည်။

    အခြေခံတောင်သူလယ်သမား များက ပဲစင်းငုံအား ပုဂ္ဂလိက ကုန်သည်များသို့ ရောင်းချနေ သည်ကို တွေ့ရှိရသော်လည်း တောင်သူကြီးများက ရာသီသစ် သီးနှံအထွက်နှုန်းကျဆင်းမှု ကြောင့် ပဲစင်းငုံဈေးနှုန်း ဆက် လက်ခိုင်မာဈေးကောင်းရရှိမည် ဟု မျှော်လင့်သောကြောင့် ရောင်းချ ခြင်းမပြုဘဲ ကိုင်ထားကြကြောင်း ကုန်သည်များက ပြောကြားထား သည်။

    ပဲစင်းငုံဝယ်ယူရန် ဗဟို အစိုးရ၏ အေဂျင်စီတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံအမျိုးသားစိုက်ပျိုးရေး သမဝါယမဈေးကွက်ရှာဖွေရေး အဖွဲ့ချုပ်(Nafed)သည် မဟာ ရက်ရှ်ထရာနှင့် ကာနာတာကာ ပြည်နယ်တို့တွင် ဝယ်ယူရေး စင်တာများဖွင့်လှစ်၍ ပုဂ္ဂလိက ကုန်သည်များနှင့် ယှဉ်ပြိုင်ဝယ် ယူရန် ဈေးကွက်အတွင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်လာ ကြောင်း၊ သို့ရာတွင် ကုန်သွယ်မှု သတင်းရင်းမြစ်များအရ Nafed သည် ယခင်အပတ်အထိ ပဲစင်းငုံ မက်ထရစ်တန် ၂၀၀၀ ခန့်သာ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသည်။

    ပဲစင်းငုံအား အစိုးရသို့ ရောင်းချရာတွင် အစိုးရက ကျင့် သုံးသည့် ဈေးနှုန်းဖော်မြူလာမှာ ယခင်သုံးရက်၏ ပျမ်းမျှဈေးနှုန်း ကို အသုံးပြုထားခြင်းနှင့် တင်း ကျပ်သော အရည်အသွေးစံနှုန်း များ၊ လုပ်ထုံးလုပ်နည်းများသည် တောင်သူများ၏ အစိုးရထံသို့ ပဲစဉ်းငုံရောင်းချရန် စိတ်ဝင်စားမှု နည်းပါးသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၏ ဈေးနှုန်းသတ်မှတ်ချက်မှာ ဈေး ကွက်ပေါက်ဈေးထက် ၃ ရူပီးမှ ၄ရူပီးအထိ လျော့နည်းသော ကြောင့် တောင်သူများက အစိုးရအေဂျင်စီထက် ပုဂ္ဂလိက ကုန်သည်များကိုသာ ပဲစင်းငုံ ရောင်းချရန် ရွေးချယ်ကြကြောင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ပဲ ကြိတ်ခွဲစက်လုပ်ငန်းရှင်တစ်ဦး က ပြော ကြားထားသည်။

    လက်ရှိတွင် ပဲစင်းငုံဈေးနှုန်း များသည် လက်ကားဈေးကွက် တွင် ၁ ကီလိုလျှင် ၁၀၀ ရူပီးခန့် ရှိပြီး အစိုးရ၏ အနိမ့်ဆုံးပံ့ပိုးဈေး နှုန်း ၁ ကီလိုလျှင် ၇၀ ရူပီးထက် ၄၀ ရာခိုင်နှုန်းခန့်ပိုမိုကြောင်း၊ ပဲစင်းငုံကြိတ်ခွဲစက်များတွင် ကြိတ်ခွဲပြီးဖြစ်သည့် ပဲစင်းငုံ(ခွဲ ခြမ်း) ဈေးနှုန်းမှာ စက်ရုံပေါက် ဈေးအနေဖြင့် ၁ ကီလိုဂရမ်လျှင် ရူပီး ၁၄၀-၁၄၅ ဝန်းကျင်ရှိပြီး လက်လီဈေးကွက်တွင် ၁ ကီလို ဂရမ်လျှင် ၁၈၀ ရူပီးနှင့်အထက် ရှိ ကြောင်း သိရသည်။

    အစိုးရသည် ပဲစင်းငုံဝယ်ယူ ရေးအတွက် ရုန်းကန်နေရသော် လည်း ဈေးကွက်တွင် ၎င်းတို့ ဝင်ရောက်လာမှုကြောင့် ပဲစင်းငုံ ဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်လ အတွင်း ၁၅ ရာခိုင်နှုန်းခန့်တိုးလာ ကြောင်းနှင့် ယင်းကြောင့် ဈေး ကွက်အတွင်း ပဲစင်းငုံဈေးနှုန်းမှာ လည်း ကျဆင်းရန်အလားအလာ မမြင်သေးကြောင်း အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ ပဲကြိတ်ခွဲစက်လုပ်ငန်း ရှင်များအသင်း၏ ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် နှင့် ဝယ်လိုအား အခြေအနေများ ကို သုံးသပ်ပြီး ဈေးကွက်အတွင်း ပဲစင်းငုံဈေးကွက်အခြေအနေအား သိရှိနိုင်ရန် မြန်မာစီးပွားရေးသံမှူး (နယူးဒေလီမြို့) ဦးမျိုးမြင့်မောင် က ပေးပို့တင်ပြထားချက်များအရ သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views129views1277