cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက်ပန်းပွင့်ချိန်ဆောင်ရွက်ရန် နည်းလမ်းများ

. စိုက်ပျိုးနည်းစနစ်များ
အပင်၏ အညွှန့်ထိပ်ပိုင်းများကို ခုတ်ပေးခြင်း
  • သရက်ဟာဆိုရင် အပူပိုင်းအသီးဖြစ်ပြီး အထွက်နှုန်းကောင်းဖို့ဆိုရင် ယခုလို သရက်ပန်းပွင့်ချိန်ကို ဂရုစိုက်ဖို့လိုပါတယ်။ တချိန်တည်းမှာဘဲ သရက်ပန်းပွင့်ချိန်ဟာ မျိုးနဲ့ ရေမြေသဘာဝပေါ်လည်း မူတည်နေ ပါတယ်။ ဒါကြောင့် သရက်အထွက်နှုန်းကောင်းဖို့ဆိုရင်တော့ ပန်းပွင့်ချိန်မှာ စနစ်တကျ စီစဉ်ဆောင်ရွက် ပေးဖို့လိုပါတယ်။

    ၁။ အပင်၏ အညွှန့်ထိပ်ပိုင်းများကို ခုတ်ပေးခြင်း

    အပင်၏ ထိပ်ပိုင်းများကို ခုတ်ပေးခြင်းဟာ သရက်ပင်ကို ပန်းပွင့်တာကို အားပေးပါတယ်။ ယခင်နှစ် အသီးခူးပြီးမှာကတည်းက အပင်ရဲ့ထိပ်ပိုင်းတွေကို ခုတ်ပေးခဲ့ဖို့လိုပါတယ်။ အဲဒီလိုခုတ်တာဟာ နောက်တစ်ရာသီ သရက်ပန့်ပွင့်နှုန်းကို မြင့်တက်စေပါတယ်။ ဒီနေရာမှာ အပင်ရဲ့ အခေါက် သို့မဟုတ် အစာရေကြောစီးကို အရစ် လိုက်လှီးပေးတဲ့နည်း (Girdling method)ဟာ ပန်းပွင့်နှုန်းကို ကောင်းစေပါတယ်။ ဒီနေရာမှာ အခြား ရွက် ဖြန်းဆေး၊ ဟော်မှုန်းဆေးတွေ သုံးပေးနိုင်ရင်တော့ အသီးတင်နှုန်းနဲ့ အသီးအရွယ်အစားကို ပိုပြီး ကောင်းစေ ပါတယ်။

    ၂။ အပင်ကြီးထွားနှုန်းရပ်တန့်စေသည့် ဆေးများဖြန်းခြင်း

    အပင်ပိုင်းကြီးထွားနှုန်းကို လျော့ကျစေပြီး ပန်းပွင့်ခြင်းကို အားပေးသည့် paclobutrazol ကဲ့သို့သော ဆေးများကို ဖြန်းပေးသင့်ပါတယ်။ အပွင့်ကြွေခြင်းကို ကာကွယ်ပေးသည့် Ethephon နဲ့ NAA ကဲ့သို့သော ဆေးများကိုလည်း သုံးနိုင်ပါတယ်။

    ၃။ အပင်အတွက် မြေဆီ အာဟာရ ထည့်သွင်းပေးခြင်း

    သရက်ပင်၏ အပင်ပိုင်း ကြီးထွားနှုန်းအတွက် နိုင်ထရိုဂျင်ဓါတ် မရှိမဖြစ် လိုအပ်သော်လည်း အလွန်အကျွံထည့်သွင်းခြင်းကို ရှောင်စေလိုပါတယ်။ ဖော့စဖောရပ်စ်ဟာ သရက်ပင်၏ ပန်းပွင့်နှင့် အသီး တင်နှုန်းကို မြင့်တင်ပေးသည့်အတွက် ပန်းမပွင့်မီ အချိန် ကာလကတည်းက ထည့်သွင်းပေးနိုင်ပါက ပိုကောင်းပါ တယ်။ ပန်းချိန်ဆိုရင်တော့ ပိုတက်စီယမ်ဓါတ်မြေသ◌ြဇာ ထည့်ပေးတာကောင်းပါတယ်။

    ၄။ ဖျက်ပိုးနဲ့ရောဂါ ကာကွယ်နှိမ်နင်းခြင်း

    သရက်ပန်းပွင့်ချိန်နဲ့ အသီးတည်ချိန်မှာ ဖျက်ပိုးကျရောက်မှုများပြီး ပန်းပွင်းနှုန်းကျပြီး အသီးမတင်တာ တွေဖြစ်တက်ပါတယ်။ ယင်ဖြူ၊ ပိုးစေးနဲနဲ့ ရွက်လိပ်ပိုးတွေ အဓိကကျတက်ပါတယ်။ ရောဂါအနေနဲ့ကတော့ အသီးပုံသဏ္ဍာန်မမှန်တာတွေ၊ မှဲ့ပြောက်စွန်းရောဂါတွေ ဖြစ်တာများပါတယ်။

    ၅။ ဝတ်မှုန်ကူးခြင်း

    သရက်အသီးတင်ဖို့ဆိုရင် ဝတ်မှုံကူပေးမယ့် ပျားတို့၊ နဂျီတို့ကဲ့သို့သော အကျိုးပြု အင်းဆက်များ၏ အကူအညီများဟာ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာသတိထားရမှာက သရက်ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးကို အပင်ကို ဖြန်းတာတွေရှောင်ကြင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုအချိန်မှာ ဝတ်မှုန်ကူးပေးနေတဲ့ အကျိုးပြုအင်းဆက်လေးတွေ သေမှာ စိုးလို့ဖြစ်ပါတယ်။

    ၆။ ရာသီဥတုအခြေအနေ

    သရက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ လေပြင်းတိုက်တာကလည်း အပွင့်နဲ့အသီးတွေကို ကြွေစေပါတယ်။ ဒါကြောင့် သရက်ခြံပတ်ပတ်လည်မှာ လေကာပင်တွေစိုက်ထားဖို့လိုပါတယ်။

    ၇။ ရေသွင်းခြင်း

    ရေအလွန်အကျွံသွင်ခြင်းနဲ့ ရေသွင်းနည်းခြင်းတို့ကို ရှောင်ကျဉ်သင့်ပါတယ်။ ရေသွင်းများတာဟာ မြေဆီလွှာအပူချိန်ကို လျော့နည်းစေသလို ရေသွင်းနည်းတာကလည်း မြေအပူချိန်ကို မြင့်စေပါတယ်။ ဒီအခြေအနေနှစ်ခုဟာ အပင်ရဲ့ အမြစ်ကို ထိခိုက်စေပြီး အထွက်နှုန်းကျစေပါတယ်။

    ဒါကြောင့်မို့ သရက်ပင် ပန်းပွင့်ချိန်နဲ့ အသီးတည်ချိန်မှာ အထက်ပါအချက်တွေကို ဆောင်ရွက်ရင်းနဲ့ အထွက်နှုန်းကောင်းပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

    ရေးသားသူ - ပြည့်ဖြိုးအောင်

    Reference: https://kisanvedika.bighaat.com/.../blooming-success... yields/#:~:text=Phosphorus%20is%20essential%20for%20flower,number%20of%20flowers%20and%20fruit.


  • article
  • article
  • article
  • article
  • article
  • article
  • article
likes7comments0
views166views3027