cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဟင်းသီးဟင်းရွက်ပင်တွေမှာ ကျတက်တဲ့ ပျ (Aphid) အကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်း

. ပိုးမွှား
ပျတွေကို ပုံမှန်အားဖြင့် ပိုးသတ်ဆေးသုံး နှိမ်နင်းတာများပါတယ်။ ဒါပေမယ့်လည်း ပိုင်ရီသရိုတ်စ် (pyrethroids) ကဲ့သို့သော ရွက်ဖြန်းပိုးသတ်ဆေးတွေသုံးမယ်ဆိုရင်တော့ သတိပြုစေချင်ပါတယ်။ အဆိုပါ ဆေးဖြန်းလိုက်ချိန်မှာ ပြတွေကို စားတဲ့ လိပ်ခုံးကျိုင်းကဲ့သို့သော အကျိုးပြု အင်းဆက်တွေကို သေစေပြီး ပျတွေက မသေဘဲ ကျန်တက်ပါတယ်။ ဒါကြောင့်မို့ ပြတွေကို နှိမ်နင်းမယ်ဆိုရင်တော့ ဆေးတစ်မျိုးတည်းကို အကြိမ်ကြိမ်အခါခါ ပတ်ဖြန်းပေးခြင်းကို ရှောင်ကြဉ်ပါ။
  • ပျကျရောက်မှုဟာ သီးနှံအတော်များများမှာ ဖြစ်တက်ပါတယ်။ အထူးသဖြင့် ယခုလို ပူပြင်းလာတဲ့ ရာသီဥတုမှာ ကျရောက်တာများပြီး မျိုးပွားနှုန်းအလွန်မြန်ပါတယ်။

    ပျတွေဟာ မိတ်မလိုက်ဘဲနဲ့ မျိုးပွားနိုင်ပြီး ရာသီဥတုပူလာချိန်မှာ ပျံ့ပွားလွယ်ပါတယ်။ အတောင်ပါတာနဲ့ မပါတာ နှစ်မျိုးလုံးရှိပြီး မျိုးစိတ်တစ်ခုတည်းမှာပင် အတောင်ပါတာရော မပါတာရော ဖြစ်နိုင်ပါတယ်။ ရာသီဥတုပူပြီး အစာလုံလုံလောက်လောက်ရတဲ့အနေအထားမျိုးမှာ အတောင်မပါတာ အတွေ့များတက်ပါတယ်။

    အပင်ကို တိုက်ရိုက်စားသုံးတက်လေ့ရှိပြီး ရာသီအစပိုင်းမှာ အခြားအခင်းများမှ အတောင်ပါတဲ့ ပြတွေဟာ ရောက်လာပြီး တဖြည့်ဖြည့်ပျံ့လာပါတယ်။ အဲ့လိုပျံ့လာပြီး အခြေချပြီဆိုရင် အဲဒီအတောင်ပါတဲ့ ပြတွေကနေ အတောင်မပါတဲ့ ပျတွေ စတင်ပေါက်ဖွားပါတော့တယ်။ အဲ့လိုပေါက်ဖွားရာမှာ အရွက်ရဲ့ အောက် ဘက်ပိုင်းများ စတင်စုဖွဲ့ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ တဖြည်းဖြည့်ပျံ့လာပြီး တပင်လုံးကို ပြတွေဖုံးအုပ် သွားကာ အပင်ဟာ နောက်ပိုင်းမှာ သေသွားပါတယ်။

    ပျမှတဆင့် ဗိုင်းရပ်ပျံ့ပွားခြင်း

    ပျနဲ့ပတ်သက်လို့ နောက်ထပ်ပြဿနာတစ်ခုဟာ အပင်ဗိုင်းရပ်တွေကို ကူးစက်စေတာပါဘဲ။ ပျတွေဟာ အခြားအခင်းကနေလေနဲ့ အတူပျံသန်းလာချိန်မှာ အပင်ကို ထိခိုက်စေသည့် ဗိုင်းရပ်ပိုးတွေကိုလည်း သယ်လာ တက်ပါတယ်။

    ဓါတုပိုးသတ်ဆေး သို့မဟုတ် ဇီဝပိုးသတ်ဆေးဖြင့် နှိမ်နင်းခြင်း

    ပျတွေကို ပုံမှန်အားဖြင့် ပိုးသတ်ဆေးသုံး နှိမ်နင်းတာများပါတယ်။ ဒါပေမယ့်လည်း ပိုင်ရီသရိုတ်စ် (pyrethroids) ကဲ့သို့သော ရွက်ဖြန်းပိုးသတ်ဆေးတွေသုံးမယ်ဆိုရင်တော့ သတိပြုစေချင်ပါတယ်။ အဆိုပါ ဆေးဖြန်းလိုက်ချိန်မှာ ပြတွေကို စားတဲ့ လိပ်ခုံးကျိုင်းကဲ့သို့သော အကျိုးပြု အင်းဆက်တွေကို သေစေပြီး ပျတွေက မသေဘဲ ကျန်တက်ပါတယ်။ ဒါကြောင့်မို့ ပြတွေကို နှိမ်နင်းမယ်ဆိုရင်တော့ ဆေးတစ်မျိုးတည်းကို အကြိမ်ကြိမ်အခါခါ ပတ်ဖြန်းပေးခြင်းကို ရှောင်ကြဉ်ပါ။ ယင်းအစား အမျိုးအစားတူတဲ့ အခြားဆေးများကို တစ်လှည့်စီဖြန်းပေးသင့်ပါတယ်။ ဒါမှသာ ဆေးယဉ်ပါးမှုကို ရှောင်ရှားနိုင်ပြီး ထိရောက်စွာ နှိမ်နင်းနိုင်မှာ ဖြစ်ပါ တယ်။

    ကာကွယ်နှိမ်နင်းရာမှာ အရွက်ဖြန်း ပိုးသတ်ဆေးများကို မသုံးဘဲ မျိုးစေ့၊ မြေဆီလွှာ နဲ့ အပင်၏ အမြစ်များတွင် ဖြန်းပတ်နိုင်သည့် ပိုးသတ်ဆေးများကို သုံးပါက ပိုကောင်းပါတယ်။ ဒါမှသာ အပင်က အဆိုပါ ပိုသတ်ဆေးများကို အမြစ်မှတဆင့် စုပ်ယူကာ အပင်ရဲ့ အစိတ်အပိုင်းတွေဆီသို့ ပြန့်သွားစေပြီး ပျတွေက အပင်ကို စားသောက်ချိန် နှိမ်နင်းပြီးဖြစ်သွားပါတယ်။

    (၁) စိုက်ခင်းမြေကို ဖြန်းတဲ့ဆေး

    Thiamethoxam/ cyantraniliprole

    (၂) အရွက်ဖြန်းဆေး

    Abamectin/ cyantraniliprole/ cyclaniiprole/ spirotettramat

    (၃) စိုက်ခင်းမြေ နဲ့ အရွက် နှစ်မျိုးလုံး ဖြန်းဆေး

    Imidacioprid/ Clothianididin/ Dinofetfuran/ Flupyradifurone

    (၄) ပျတစ်မျိုးတည်း ရွေးပြီးသေစေတဲ့ဆေး (specific)

    Flonicamind/ Pymetrozine/ Pyrifluquinazon/ Afidopyropen

    ဇီဝပိုးသတ်ဆေးအနေနဲ့ ပြတစ်မျိုးတည်းကိုဘဲ ရွေးပြီးသေစေတဲ့ (selective) ရွက်ဖြန်း ပိုးသတ်ဆေး တွေလည်း ရှိပါတယ်။ ဂရမ်ဒီဘို (Grandevo)နဲ့ ဘော့တနီဂါ့ (Botanigard) ကဲ့သို့သော ဇီဝပိုးသတ်ဆေးတွေ သုံးပေးနိုင်ရင်တော့ ပိုကောင်းမည်ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းလိုပါတယ်။

    Source: https://www.canr.msu.edu/.../aphid-management-in...

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes15comments0
views177views3513