cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးငြိမ်နေသည့် ကြက်သွန်နီဈေး ပြည်ပတင်ပို့မှု ရှိလာတာကြောင့် ဈေးမြင့်တက်လာ

. ဈေးကွက်
`` ပြီးခဲ့တဲ့နှစ်က မိုးကြက် သွန်ကို လေးသုတ်ခွဲစိုက်ခဲ့တယ်။ကုန်ချိန် များဖို့ထက် အရည် အသွေးကောင်းဖို့က အဓိကပါ။ဒီနှစ် မိုးကြက်သွန်နီရောင်းခဲ့တာ က ပထမသုတ်မှာ ၁၃၅၀၊ဒုတိယ သုတ်မှာ ၁၈၅၀၊ တတိယသုတ် မှာ ၂၆၀၀ ဝန်းကျင်ရခဲ့တယ်။ဈေးကောင်းရမှ တောင်သူတွေ အဆင်ပြေကြတယ်´´ ဟု မြစ်သားမြို့ မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။
  • မန္တလေးကြက်သွန်နီဈေးကွက် တည်ငြိမ်နေရာမှ ယခုရက်ပိုင်းတွင် ပြည်ပတင်ပို့မှုရှိလာတာကြောင့် အဝယ်လိုက်လာသဖြင့် ဈေးကွက် လှုပ်ရှားလာကာ ဈေးအမြင့်ဘက် သို့ ရောက်လာကြောင်း မန္တလေး ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံ များမှ သုံးသပ်သည်။

    ပြီးခဲ့သည့် ရက်သတ္တ တစ် ပတ်ကျော်က ကြက်သွန်နီဈေး ကွက်တည်ငြိမ်ခဲ့ရာက မတ်လ တွင်ထွက်ရှိမည့် ကြက်သွန်နီ များမှာ ငွေကြိုပေးဝယ်ယူသူများ ကြောင့် အဝယ်လိုက်လာသည် ဟု ဆိုသည်။

    `` ငွေကြိုပေးဝယ်တဲ့ အလှမ်း ပေးဝယ်သူတွေကြောင့် ကြက်သွန် ဈေးကွက်လှုပ်လာပါပြီ။ ကြက် သွန်နီအရွယ်ကြီးတာတွေက လှောင်လက်တွေကြိုက်ကြသလို ဈေးတန်းလည်းကောင်းတယ်။လမ်းပန်းဆက်သွယ်ရေး ကောင်း မယ်ဆိုရင် ဒီနှစ်က ကြက်သွန် ပေါ်တာနဲ့ အရောင်းအဝယ်ပို ကောင်းလာမယ်´´ ဟု ကိုင်းတန်း ဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦး က ပြောသည်။

    လက်ရှိ မန္တလေးဈေးကွက် တွင် မုံရွာကြက်သွန်နီတစ်ပိသာ ဈေးနှုန်းများမှာ ငွေကျပ် ၂၇၀၀-၂၄၀၀ ဝန်းကျင်နှင့် ဥစိုက်ဇော်မွှား ကြက်သွန်နီမှာ ငွေကျပ် ၂၃၀၀-၂၆၅၀ ဝန်းကျင်၊ လတ်သေးဥ စိုက်မှာ ငွေကျပ် ၁၅၀၀-၂၀၀၀ ဝန်းကျင်ရှိကြောင်း၊ မြစ်သား ကြက်သွန်နီမှာ အရွယ်ကြီးမှာ ငွေကျပ် ၃၀၀၀ ဝန်းကျင်နှင့် အနိမ့်ဆုံးမှာ ငွေကျပ် ၂၃၀၀-၂၈၀၀ ဝန်းကျင် ဈေးရှိကြောင်း သိရသည်။

    `` ပြီးခဲ့တဲ့နှစ်က မိုးကြက် သွန်ကို လေးသုတ်ခွဲစိုက်ခဲ့တယ်။ကုန်ချိန် များဖို့ထက် အရည် အသွေးကောင်းဖို့က အဓိကပါ။ဒီနှစ် မိုးကြက်သွန်နီရောင်းခဲ့တာ က ပထမသုတ်မှာ ၁၃၅၀၊ဒုတိယ သုတ်မှာ ၁၈၅၀၊ တတိယသုတ် မှာ ၂၆၀၀ ဝန်းကျင်ရခဲ့တယ်။ဈေးကောင်းရမှ တောင်သူတွေ အဆင်ပြေကြတယ်´´ ဟု မြစ်သားမြို့ မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။

    ကြက်သွန်နီဈေးကွက်တွင် မြစ်သားကြက်သွန်သည် အရည် အသွေးကောင်းခြင်းနှင့် သိုလှောင် ရန်ကောင်းမွန်ခြင်းကြောင့် ဈေး အမြင့်ဆုံးတွင်ရှိပြီး မြင်းခြံ၊ မုံရွာနှင့် အခြားဒေသထွက်ကြက်သွန်များမှာ မြစ်သားကြက်သွန်နီ ဈေးအောက် တွင်ရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီဈေးကွက်မှာ ယခင် နှစ်များထက် ပို၍ကောင်းမွန် လာနိုင်ပြီး ထပ်မံဈေးမြင့်လာနိုင် သည်ဟု ကြက်သွန်ပွဲစားများက သုံးသပ်မှုများရှိကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    ---------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views201views3200