cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရက်ဝေး ၃ လစာ မိုးလေဝသကြိုတင်ခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်များ 🔔🔔

. ရာသီဥတု သတင်းများ
ခန့်မှန်းချက်များကို ဇယားဖြင့် ဖော်ပြပေးလိုက်ပါသည်။
  • ပဲတီစိမ်း (နွေ)

    မိုးကြိုတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်း စိုက်ပါ။တန်းကြားတစ်ပေ၊ ပင်ကြား(၄)လက်မ၊ မိုးရာသီတွင် (၁.၅)ပေနှင့် ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့အား(၁)လက်မမှ (၁.၅)လက်မအတွင်းစိုက်ပါ။

    စုပ်စားပိုးများ အထူးသပြုရမည့်ကာလများဖြစ်ပါတယ်။ အပူချိန် မြင့်တတ်လာမှုများကြောင့် ပိုးကျရောက်များ ပိုမိုလာနိုင်ပါတယ်။

    ပဲတီစိမ်းတစ်ဧက(၂၀) တင်းထွက်ရှိရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်

    ကြိုတင်ပြင်ဆင်ခြင်း

    သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀/၁၅၀)တင်း နေရာနှံ့အောင်ချပါ။ နွားထယ်(သို့)ထွန်းစက်ကြီးနှင့် တစ်စပ်ကမ်းဖြိုထိုးပြီး ယူရီးယား(၈)ပြည်၊တီစူပါ(၂၄)ပြည် ၊ပိုတက်ပေါင်(၁၂)ပြည်၊ ဂျစ်ပဆန်ပေါင်(၂၀)ပြည်ကို သမအောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်းရေးသင်တင့်စွာညက်အောင် (၂)စပ် မွှေပေးပါ။ ထုတ်ဝေထောက်ခံထားသည့် ရေဆင်း(၉)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ စိုက်ပျိုးရေး(၁) စသည့်မျိုးကောင်းမျိုးသန့်များသုံးပါ။

    (၀၁) ရက်

    အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာအောင် ပဲတီစိမ်းမျိုးစေ့များကို နာရီဝက်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုပ်နှင့် သမအောင်ရောမွှေပြီးမှ စိုက်ပါ။ အပင်ငယ်စဉ် မှိုရောဂါကျတက်သောကြောင့် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပါ။ တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀)ရရှိရန် အတန်းလိုက်စိုက်ပါက မိုးကြိုနှင့်မိုးနှောင်းရာသီတွင် တန်းကြား(၁၂)လက်မ၊ ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့နှုန်း (၆-၈)ပြည်သုံးပါ။ မိုးရာသီတွင် တန်းကြား(၁၈)လက်မ၊ပင်ကြား(၄)လက်မထား၍ မျိုးနှုန်း(၄-၆)ပြည်သုံးပါ။ ကြဲပတ်ပါက မျိုးစေ့(၁၂)ပြည်နှုန်းသုံးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်းမျိုးစေ့အတိမ်အနက် (၁-၂) လက်မအတွင်း ရအောင်စိုက်ပါ။

    (၀၇) ရက်

    စတင်အပင်ပေါက်သည်။အပင်ငယ်စဉ်တွင်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ကျတက်သောကြောင့်အပင်ပေါက်စုံချိန်တွင်ပင်လုံးပြန့်သတ္တိရှိပိုးသတ်ဆေးတစ်မျိုးမျိူးဖျန်းပါ။ညိုးသေရောဂါများကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။

    (၁၅-၃၀) ရက်

    ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။ (၁၅)ရက်ခြား နှစ်ကြိမ် ဆောင်ရွက်ပါ။

    (၁၅-၂၅) ရက်

    ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာများတွင် (N)အချိုးများသည့် သင့်တော်သည့် ရွတ်ဖျန်းမြေဩဇာတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။

    (၁၅-၆၀) ရက်

    ရွက်ဖောက်လှေး ကျိုင်း၊ ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး ၊ကျိုင်း၊ သရစ်လှေးပိုး ၊ထွာကောင်စိမ်း ၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့်ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရပ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက်တစ်ကြိမ် ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတစ်လျှောက်လုံး ပင်ညိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ စာကိုစပိုးရားရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်မှိုစိတ်ရောဂါ စသည့်ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက် တစ်ကြိမ်ဖျန်းပါ။

    (၃၀) ရက်

    သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျတ်ရန် ၊အာဟာရမချို့တဲ့ရန်၊ ပိုးမွှားရောဂါမကျရောက်ရန် ဂရုပြုရပါမည်။ (၃၅-၄၅)ရက် (၄၅)ရက်စ၍ ပန်းပွင့်သည်။ ပွင့်အားကောင်း၍ အသီးတောင့်များရန် (NPK)အချိုး ရွက်ဖျန်းမြေဩဇာများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာ (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချား(၁.၅)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက(၂၀)ဂါလံ ပတ်ဖျန်းပါ။

    (၅၀-၆၀) ရက်

    သီးတောင့်ဖြစ်ထွန်းချိန် ၊အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် သီးထိပ်ပုတ်ရောဂါကို ဂရုပြုပါ။

    (၆၅-၉၅) ရက်

    ပဲတီစိမ်းမျိုးနှင့် ပတ်ဝန်းကျင် ရာသီဥတုထိန်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍ (၆၅-၉၅)ရက်အတွင်း ရင့်မှည့်လေ့ရှိသည်။ အရွက်များ ဝါခြောက်ပြီး အတောင့်မျာ း(၇၅-၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်၍ အကြိမ်ကြိမ် ရိတ်သိမ်းရပါသည်။ (၇-၁၀)ရက်ကြာလျှှင် နောက်တစ်သီးဆွတ်ခူးပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှန်း၍ ချွေလှေ့သန့်စင်ပါ။ အစိုဓာတ်(၈-၉)ရာခိုင်နှုန်း နေလှန်း၍ သိုလှောင်ပါ။ (စိုက်ပျိုးရေးဦးစီးဌာန)

    မတူကွဲပြားမိုးစပါးနှင့်နွေစပါး

    စပါးသီးနှံကို ရှေးယခင်က မိုးရာသီတွင်သာစိုက်ပျိုးကြပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှစ၍ နွေ ရာသီတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာရာ ယခုအခါ မိုးစပါးစိုက်ဧရိယာ ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧရိယာဧက ၂.၇ သန်းကျော်စိုက်ပျိုးကြောင်း၊မိုးစပါးသည် မိုးရေကိုအားထားစိုက်ပျိုး ရပြီး နွေစပါးသည် ဆည်ရေ(သို့)မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသောစပါးကို မိုးစပါး၊ အောက်တိုဘာလ မှ ဧပြီလကုန်အထိ စိုက်ပျိုးသောစပါးကို နွေစပါးဟု ခွဲခြားနိုင်ကြောင်း၊ နွေစပါးအထွက် နှုန်းပိုခြင်းမှာ မိုးရာသီထက်နွေရာသီတွင် မိုးတိမ်ကင်းစင်ပြီး စပါးပင်အတွက် နေရောင်ခြည် စွမ်းအင် ပိုမိုရရှိသဖြင့် အဆိုပါနေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးပွင့်သီးရ၍ဖြစ်ကြောင်း၊ ယေဘူယျအားဖြင့် နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုမို ရှည်ရခြင်းမှာ နွေစပါးသည်နိမ့်သောအပူချိန်တွင်ပင်ပိုင်းကြီးထွားမှုကိုစတင်ဖြတ်သန်းရပြီး ရာသီ ဥတုအေးသဖြင့် အပင်ကြီးထွားမှုကို ဟန့်တားခံရခြင်းဖြစ်နိုင်သဖြင့် သက်တမ်းအလယ်အလတ် ရှိသော(သို့)သက်တမ်းကြီးသောစပါးမျိုးကို စိုက်ပျိုးခြင်းမပြုသင့်ခြင်းမှာ မူရင်း သက်တမ်းထက် ပိုမို အသက်ရှည်ခြင်းကြောင့် ရိတ်သိမ်းချိန်တွင် မိုးလှိုင်ချိန်နှင့် ကြုံတွေ့ကာ ထိခိုက်ပျက်စီး လေလွင့်ဆုံးရှုံးမည်ကိုစိုးရိမ်ရကြောင်း၊ ဒေသရေမြေအလိုက် စိုက်ပျိုးနိုင်သောစပါးမျိုး များစွာရှိ ကြောင်း၊ နွေရာသီတွင်စိုက်ပျိုးသင့်သည့်စပါးမျိုးများမှာ ဒေသစပါးမျိုးအုပ်စုနှင့် အထွက်ကောင်း စပါးမျိုးအုပ်စုတို့ဖြစ်ပြီး ဒေသစပါး(သို့) ရာသီစပါး(သို့) ပန်းပွင့်ရက်ပုံသေရှိသော စပါးမျိုးများက အုပ်စုတစ်ခုဖြစ်ရာ အဆိုပါအုပ်စုဝင်စပါးမျိုးများသည် အလင်းရောင်တုံ့ပြန်မှုရှိသောစပါးမျိုးများ ဖြစ်ကြပြီး မိုးရာသီတွင်သာ ဖြစ်ထွန်းကြောင်း(ဥပမာ- အင်းမရဲဘော်၊ နှံကား၊ လုံးသွယ်မွှေး)၊ အထွက်ကောင်းစပါး(သို့)ခေတ်သစ်စပါးမျိုးတို့သည် အခြားအုပ်စုဝင်တစ်ခုဖြစ်ပြီး အလင်းရောင် တုံ့ပြန်မှုမရှိပဲ သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်ကြရာ မျိုးစေ့မြေချ စတင် ပျိုးထောင်စိုက်ပျိုး သည်မှ စပါးမျိုးအလိုက် အသက်စေ့လျှင်ရိတ်သိမ်းနိုင်ပြီး မိုးရာသီတွင်သာမက နွေရာသီတွင် လည်းစိုက်ပျိုးနိုင်ရာ နွေစပါးဟူ၍သီးသန့်မရှိကြောင်း၊ မိုးရာသီတွင်စိုက်သည့် အထွက်ကောင်း စပါးမျိုးအုပ်စုဝင်စပါးမျိုးကို နွေရာသီတွင်စိုက်ပျိုးလိုပါက နွေစပါးအဖြစ်အသုံးပြုနိုင်ကြောင်း၊နွေ ရာသီတွင်အများစုစိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးများမှာ မြန်မာနိုင်ငံအောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင်စပါးမျိုးတို့ဖြစ်ပြီး သီးထပ်ရင်နှင့်ရွှေသွယ်ရင် စပါး နှစ်မျိုးစလုံးသည် သက်တမ်းတိုစပါးမျိုးများဖြစ်ကြောင်း၊ ယခုအခါ အခြားအထွက်ကောင်း သက်လျင်မျိုးများဖြစ်သော ရက်-၉၀ ရတနာတိုးတို့ကိုလည်းစိုက်ပျိုးလာသော်လည်း သက်လတ် အထွက်ကောင်းစပါးမျိုးများဖြစ်သော မနောသုခနှင့် ဆင်းသုခတို့ကိုလည်း မိုးရာသီသာမက နွေ ရာသီတွင်လည်းစိုက်ပျိုးနေဆဲဖြစ်ကြောင်း၊ယခုအခါ စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်ကိုကျင့်သုံးသကဲ့သို့ ပျိုးထောင်ကောက်စိုက်သည့်စနစ်ကိုလည်း ဆောင်ရွက်နေကြရာ စိုက် ပျိုးမည့်ဒေသ၏ သွင်းရေရရှိနိုင်မှုအခြေနေ၊ လွယ်ကူမှု၊ ခက်ခဲမှု၊ မြေဆီလွှာ၏ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူ၏ ကုန်ကျစရိတ်ကျခံနိုင်မှု၊ စိုက်ပျိုးမည့် မြေဧရိယာပမာဏ အကျယ်အဝန်းအပေါ် မူ တည်၍ စဉ်းစားရန်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့သော မြေဧရိယာ ပိုင်ဆိုင်မှု များ သောဒေသများ၌ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပျိုးလေ့ရှိခြင်းမှာ မုတ်သုံမိုးစတင်ကျရောက်သည့် ဒေသဖြစ်၍ မိုးဉီးမကျမီရိတ်သိမ်းလိုခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့၌ နွေစပါးကို နည်းလမ်းနှစ်မျိုးစလုံးကျင့်သုံးစိုက်ပျိုးကြပြီး နေပြည် တော်၊ ပျဉ်းမနားနှင့်လယ်ဝေးဒေသတို့ကဲ့သို့ မိုးစပါး၊ ပဲမျိုးစုံ၊ နွေစပါး သုံးသီးစားပုံစံကို ဆောင် ရွက်ကြသည့်လယ်သမားများက ပဲမျိုးစုံရိတ်သိမ်းအပြီး မြန်ဆန်စွာ နွေစပါးကို စိုက်ပျိုးလိုကြသ ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ကြပြီး အချို့ကမျိုးစေ့ချကိရိယာဖြင့်ဆွဲ၍မျိုးစေ့ချကြကြောင်း၊ ပိုးမွှား ရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင်ရာသီဥတုနှင့် ဆက်စပ်လျှက်ရှိရာ မိုးရာသီတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါကျရောက်မှု ဆိုးရွားနိုင်ပြီး နွေစပါးတွင်ဘက်တီးရီးယား ရွက် စင်းရောဂါကျရောက်လေ့ရှိကြောင်း၊ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုပေါင်းမြက်များ ပိုမို ပေါက်ရောက်ပြီး နွေစပါးတွင် မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက် များပိုမိုပေါက်ရောက်လေ့ရှိကြောင်း၊ မိုးစပါးနှင့်နွေစပါးတွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ နှစ်မျိုးစလုံးသုံးစွဲရန်လိုအပ်ရာ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် စေးသောမြေကိုဖွယ်စေ၍ဖွယ်သောမြေကို စေးစေကြောင်း၊ဓါတ်မြေဩဇာကိုသုံးခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ပွင့်သီးရေးတို့အတွက် လုပ်ငန်း အဝဝကိုအစဉ်လည်ပတ်နေစေရန်လိုအပ်သည့် phosphorous၊ Nitrogen၊ Potassium ဓါတ်များ ရရှိစေကြောင်း၊နွေစပါးတွင် နိုက်ထရိုဂျင်ဓါမြေဩဇာထည့်ခြင်းကြောင့် ရရှိသည့်အကျိုးအမြတ် သည် မိုးစပါးထက်ပို၍ကောင်းစေသည်သာမက စပါးအထွက်နှုန်းလည်း သိသာစွာတိုးတက်နိုင် ကြောင်း သိရှိရပါသည်။

    (ရင်းမြစ်- တောင်သူကြီးများဂျာနယ်)

    Weather Source: CIAT

    -------

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
  • article
  • article
likes13comments0
views226views1564