cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာနိုင်ငံတွင် ငါးမြစ်ချင်းမွေးမြူသော ပုံစံများ

. ငါးမွေးမြူရေးဆောင်းပါးများ
ယခုအချိန်တွင် ငါးမြစ်ချင်း သားဖောက်ခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာန သားဖောက်စခန်းများ အပြင် ပုဂ္ဂလိကသားပေါက်စခန်းများမှ ငါးမွေးတောင်သူများ လိုအပ်သလောက်ထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရှိရပါသည်။
  • မြန်မာနိုင်ငံ ငါးမွေးမြူခြင်းလုပ်ငန်းတွင် ရေချိုငါးမွေးမြူခြင်းမှ ငါးမြစ်ချင်းမျိုးစိတ်သည် အဓိက အရေးပါသော မျိုးစိတ်ဖြစ်လာသည်မှာ လွန်ခဲ့သော ၁၀ရာစုနှစ်ကပင်ဖြစ်ပါသည်။ ငါးမြစ်ချင်းမျိုးစိတ် မွေး မြူရာတွင် သားပေါက်များကို သဘာဝမှဖမ်းဆီးခြင်းအပြင် ဆေးထိုးသားဖောက်စခန်းများမှ ရရှိခဲ့ကြပါ သည်။ ယခုအချိန်တွင် ငါးမြစ်ချင်း သားဖောက်ခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာန သားဖောက်စခန်းများ အပြင် ပုဂ္ဂလိကသားပေါက်စခန်းများမှ ငါးမွေးတောင်သူများ လိုအပ်သလောက်ထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရှိရပါသည်။

    ငါးမြစ်ချင်းငါးမျိုးစိတ် သားဖောက်လုပ်ငန်းတွင် ဆေးထိုးသားဖောက်မည့် စခန်းနှင့် ပုဂ္ဂလိကလုပ် ငန်းရှင်များသည် သက်တမ်း(၂)နှစ်ပြည့်သော မျိုးငါးများကို စိတ်ကြိုက်ရွေးချယ်ပြီး သားဖောက်ခြင်းလုပ် ငန်းကို ဆောင်ရွက်ကြသည့်အပြင် အချို့သော စခန်းနှင့်ပုဂ္ဂလိကများသည် မျိုးကောင်း၊ မျိုးသန့်ငါးမြစ်ချင်း များကို ရွေးချယ်သားဖောက်ကြပါသည်။ မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။ ငါးမြစ်ချင်း သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ငါးမှုန်မှ ငါးသန်အဆင့်အထိ ငါးသားပေါက်ရရှိနှုန်းမှာ ၃၀မှ ၅၀ရာခိုင်နှုန်းအဆင့်သာ အကောင်းဆုံး‌တွေ့ရှိရပါသည်။

    ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်းပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes9comments0
views155views1840