cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့သနပ်ခါးကို အချောထည်ပြုလုပ်ကာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ တင်ပို့ရန်စီစဉ်

. သတင်းစုံ
သနပ်ခါးပင်များမှာ ၆ နှစ်မှ ၇ နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးခင်းများကို အပင်သက်တမ်း ၅ နှစ်မှ ၆ နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ်ကြာမြင့်တယ်လို့ သိရပါတယ်။
  • မြန်မာ့သနပ်ခါးကို အသင့်လိမ်း၍ရတဲ့ အဆင့်ထိ အချောထည် ပြုလုပ်ကာ အာဆီယံနိုင်ငံများဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ထံသို့ တင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့သနပ်ခါး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရပါတယ်။

    လက်ရှိမှာ မြန်မာ့သနပ်ခါးဟာ ပြည်တွင်းဈေးကွက်၌ ရောင်းအား ပုံမှန်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် အကြမ်းထည်အဖြစ် တင်ပို့၍မရသည့်အတွက် လိမ်း၍ရသည့် အဆင့်အထိ အချောထည်ထုတ်လုပ်ကာ ခရင်(မ်) ပုံစံမျိုးပြုလုပ်ပြီး အထက်ပါ နိုင်ငံများသို့ တင်ပို့နိုင်မှာ ဖြစ်တယ်လို့ အဆိုပါ အသင်းရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

    ဒါ့အပြင် မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အနေဖြင့် မြန်မာ့သနပ်ခါးကို ယူနက်စကို(UNESCO)အသိအမှတ်ပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးကိုလည်း ပါဝင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

    ပြည်တွင်း၌ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်စသည့် မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ခန့်မှန်းစိုက်ဧက ၃ သိန်းဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

    သနပ်ခါးပင်များမှာ ၆ နှစ်မှ ၇ နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးခင်းများကို အပင်သက်တမ်း ၅ နှစ်မှ ၆ နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ်ကြာမြင့်တယ်လို့ သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။

    --------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download


  • article
likes11comments1
views103views1443