cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒီတစ်ပတ် ဈေးကွက်အတွင်းမှာတော့ မတ်ပဲ ပဲစင်းငုံနီဈေးတွေ ပြန်မြင့်တက်လာခဲ့သလို ကုလားပဲဈေးတွေ လည်း ပြန်မြင့်တက်လာခဲ့ပါတယ်။ ပြောင်းဈေး ကျဆင်းနေရာမှ အနည်းငယ်ပြန်လှုပ် ခတ်လာခဲ့ပြီး ပဲကြီးဈေး စားတော်ပဲ ဈေး ထောပတ်ပဲ ဈေး နဲ့ အခြား ပဲ မျိုးစုံတို့က ဈေးကွက်ထဲ အသစ် တွေ အဝင်ရှိနေတာကြောင့် ဈေးတွေ ကျဆင်းနေပါတယ်။

. ဈေးကွက်
(၄.၃.၂၀၂၄ မှ ၈.၃.၂၀၂၄)
  • မတ်ပဲ

    မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယဘက်မှာ မတ်ပဲဈေး တွေ ကျဆင်းခဲ့ပေမယ့် ပဲ ရှားတဲ့ အနေအထား‌ကြောင့် ယာယီလောက်သာ ဖြစ်ခဲ့ပြီး ဈေး ပြန်မြင့် တက်လာခဲ့တာပါ။

    ဒါ့အပြင် ဈေးကွက်အတွင်း ငွေလဲနှုန်းဈေးလည်း အနည်းငယ်ဈေးပြန်မြင့်တက်လာခဲ့သလို ပဲဈေးအကျ မှာ အရောင်းအဝယ် ပြန်ထိန်းလာတာတွေ ကြောင့် လည်း ဈေးက ပြန်မြင့်တက်လာခဲ့ တာလို့ကုန်သည် အချို့က ဆိုပါတယ်။

    လက်ရှိမှာ အိန္ဒိယနိုင်ငံကလည်း ပဲ ဈေးတွေ မြင့်တက်တာနဲ့ပတ်သတ်ပြီး ထိန်းချုပ်တာတွေ ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပဲ လိုအပ်ချက်နဲ့ အထွက်နှုန်း ကျဆင်းတာတွေကြောင့် မြန်မာ့မတ်ပဲက လတ်တလော ကာလအတွင်း အကျသိပ်မရှိနိုင်ပါဘူး။

    ဒါပေမယ့် ဒီနှစ်က မတ်ပဲအထွက်နှုန်း ကောင်းမယ်လို့ ခန့်မှန်းတာတွေကြောင့် ရေရှည်ကတော့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၀၆၁၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၂၉၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၅၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၉၃၀ မှ ၄၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၄၀၀၀ ကနေ ၆၀၀၀ကြားဈေးပြန်မြင့်တက်လာပါတယ်။

    ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၂ သိန်းနီးပါးဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၄၀ နားထိ ပြန်လည် ရောက်ရှိလာပါတယ်။ ပြည်တွင်း ပို့ကုန်မူဝါဒအချို့ကြောင့် ဈေးပြန်ကျဆင်းခဲ့ ပေမယ့် ပြည်တွင်း ငွေလဲနှုန်းဈေးအနည်းငယ်ပြန်မြင့်တက်လာတာ ရေရှည် အိန္ဒိယပဲ လိုအပ်ချက်တွေ အပြင် အကျဈေးကြောင့် ထိန်းရောင်း ထိန်းဝယ်တာတွေ ရှိခဲ့တဲ့အတွက်‌ ဈေးက ပြန်ပြီး မြင့်တက်လာတာလို့လည်း သိရပါတယ်။

    ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်း မှာလည်း ပဲစင်းငုံ ဈေးကွက်အတွင်း ဝင်ရောက်တာ နဲ့ စားသုံးမှု ပမာဏာ ကွာခြား ချက် ရှိနေတာ ဖြစ်လို့ ပဲစင်းငုံနီကတော့ ဆက်ပြီး တက်နိုင်ဦးမယ်လို့ အိန္ဒိယဈေးကွက် ‌လေ့လာ သုံးသပ်သူတွေကလည်း ခန့်မှန်းထားကြပါတယ်။အိန္ဒိယကတော့ ပဲ ဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် မူဝါဒပြောင်းလဲ ပြီး ဈေးသတ်မှတ်တာတွေ လုပ်ဖို့စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် မကြာခဏ အပြောင်းအလဲ လုပ်တက်တဲ့ အိန္ဒိယ မူဝါဒတွေကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၉၅၇၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်က ထက် တစ်တန်ကို ၂ သိန်းခွဲကျော် ဈေးပြန်မြင့်တက်လာပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၇၀၀၀၀ ကနေ ၃၈၀၀၀၀ ကျပ်

    ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၃၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာပါတယ်။

    ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို သိန်း ၂၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

    ပြောင်းဆံ

    ဆက်တိုက် ကျဆင်းခဲ့တဲ့ ပြောင်းဈေးကတော့ ဒီတစ်ပတ်မှာလည်း အကျဈေး နဲ့ ငြိမ်နေခဲ့ပြီး နေ့စဉ် ဈေးကွက်ထဲ အဝင်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာ ရှိနေပါတယ်။ ရောင်းလိုအား များနေပြီး ဝယ်လိုအားနည်းနေတဲ့အပြင် ပြည်ပ ပို့ကုန်အခြေအနေကလည်း လမ်းခရီးအခြေအနေ ပို့ကုန် မူဝါဒအပြောင်းအလဲတွေကြောင့် ဈေးက မတက်လာပဲ ရှိနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ပြောင်းတင်ပို့ ရောင်းချတာနဲ့ပတ်သတ်ပြီး ပြောင်းအသင်းက တောင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ရောင်းချနိုင်အောင် စီစဉ်မှုတွေ ပြုလုပ်နေကြပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်က ထက် တစ်ပိဿာကို ၁၀ ကျပ်လောက်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၁၀၀၀ ကနေ ၅၁၅၀၀ ကျပ်၊ပြောင်း (ဗမာ)တစ်အိတ်ကို ၅၀၀၀၀ ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၁၀၀၀ မှ ၅၁၅၀၀ ကျပ် အသီးသီး ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်လောက်ဈေးမြင့်တက်လာပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကတော့ ပြောင်း တစ်အိတ်ကို ၆၀၀၀၀ မှ ၆၁၀၀၀ကြား ဈေးရရှိခဲ့ပါတယ်။

    ကုလားပဲ

    ဆက်တိုက်ဈေးကျဆင်းနေခဲ့တဲ့ ကုလားပဲ က ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြန်မြင့်တက် လာခဲ့ပေ မယ့် အကျဈေး နဲ့ ပဲ ရှိနေဆဲ ဖြစ်ပါတယ်။ဈေးကွက်ထဲကို ပဲအသစ်တွေ ဆက်တိုက် ဝင်ရောက်နေသလို အဝယ်လည်း‌ အေးသွားပါတယ်။

    လက်ရှိမှာတော့ပြည်ပတင်ပို့မှုလည်း မရှိတဲ့အပြင် ပြည်ပတင်သွင်းမှုလည်း နည်းနေတာ ဖြစ်လို့ ကုလားပဲ ဈေးက စားသုံးမှု ပေါ်မူတည်ပြီး ဈေးကတော့ ထပ်ပြီး ကျဆင်းနိုင်ပေမယ့်အများကြီး မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၂၅၀ မှ ၄၃၃၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၇၀ လောက်ဈေးမြင့်တက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၃၃၀ မှ ၄၄၂၀ ရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၉၀၀ မှ ၆၂၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၅၁၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ် ၊ကုလားပဲ ၉၂၉က တစ်အိတ်ကို ၂၄၁၀၀၀ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၂၀၀၀ မှ ၂၅၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာပါတယ်။

    AMIA

    --------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments2
views223views1974