cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်ဟင်းခါးသီး၏အဟာရတန်ဘိုးများနှင့်ဆေးဘက်ဝင်ပုံ

. ကျန်းမာရေးဆောင်းပါးများ
ကြက်ဟင်းခါးသီးအရည်ဟာ အရက်နာကျတဲ့ဝေဒနာကို ကုသရာမှာ ကောင်းကျိုးရှိပါတယ်။ အရက် သောက်တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာတွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါတယ်။
  • ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်းစိုစွတ်တဲ့ရာ သီမှာပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။

    အာဟာရတန်ဖိုး

    ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ် တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာပါဝင်နေပါတယ်။ သံဓာတ်ပါဝင်မှုများပြီး ဘီတာကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက်နှစ်ဆ၊ ကယ်လ်စီယမ်ပါဝင်မှုက ဟင်းနုနယ်ရွက်ထက်နှစ်ဆနဲ့ ပိုတက်စီယမ်ပါဝင် မှုက ငှက်ပျောသီးထက်နှစ်ဆ အသီးသီးပါဝင်နေပါတယ်။ ကြက်ဟင်းခါးသီးမှာ သွေးတွင်းသကြားဓာတ်ကိုကျ စေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ်ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီးချို ရောဂါရှိသူတချို့အတွက် ကောင်းကျိုးရှိကြောင်း လေ့လာသူတွေကဆိုပါတယ်။

    ကျန်းမာရေး အကျိုးကျေးဇူးများ

    (၁) သွေးပြဿနာများ

    ကြက်ဟင်းခါးသီးအရည်ဟာ သွေးဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ယားယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ရောကာ အစာမရှိ ချိန် ဖြည်းဖြည်း ချင်းငုံပြီး နေ့စဉ်သောက်ပေးရင် (၄-၆)လ အကြာမှာ သိသာတဲ့တိုးတက်မှုကို တွေ့ရပါတယ်။

    (၂) ကာလဝမ်းးရောဂါ

    ကာလဝမ်းရောဂါ အစောပိုင်းအဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်းနှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်းနှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်းတစ်ဇွန်းတို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေးပါ။

    (၃) ဆီးးချိုရောဂါ

    ကြက်ဟင်းခါးသီးမှာပါတဲ့ အပင်ထွက်အင်ဆူလင်ဟာ ဆီးနဲ့သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူးရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်းအင်ဆူလင်အဆင့်ကို တိုးစေတာမျိုးမရှိဘဲ ဂလူးကို့စ် ခံနိုင် ရည်ရှိမှုကို သိသိသာသာကောင်းမွန်စေတာ ဖြစ်ပါတယ်။

    (၄) စွမ်းအင်

    ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

    (၅) မျက်စိပြဿနာများ

    ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရိုတင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှုမြင့်မားတာကြောင့် မျက်စိပြဿ နာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။

    (၆) အရက်နာကျခြင်း

    ကြက်ဟင်းခါးသီးအရည်ဟာ အရက်နာကျတဲ့ဝေဒနာကို ကုသရာမှာ ကောင်းကျိုးရှိပါတယ်။ အရက် သောက်တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာတွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါတယ်။

    (၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

    ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ် ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

    (၈) လိပ်ခေါင်း

    ကြက်ဟင်းခါးရွက်ကရတဲ့အရည် လက်ဖက်စားဇွန်းသုံးဇွန်းကို ထောပတ်၊ နို့တစ်ဖန်ခွက်နဲ့ရောကာ နံနက် တိုင်းအစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင်ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

    (၉) ဆိုးရီးယေးစစ်အရေပြားအနာ

    ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန်သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြားဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြား အနာတွေကို သက်သာစေပါတယ်။

    (၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ

    လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက် ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာစတဲ့ အသက်ရှူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။

    သတိပြုရန် - ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes17comments1
views234views1593