cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ကုန်ချည်ချောထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မယ် လို့ဆို

. သတင်းစုံ
ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ချည်ချောထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မှာဖြစ်ပြီး ဝါ အထွက်နှုန်းများ တိုးတက်စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများရရှိရေးအတွက် ရေရှည်ကို ကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ က မတ်လ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
  • ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ကုန်ချည်ချောထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်သွားရန်လိုတယ်လို့ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲမှ သိရပါတယ်။

    ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ချည်ချောထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မှာဖြစ်ပြီး ဝါ အထွက်နှုန်းများ တိုးတက်စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများရရှိရေးအတွက် ရေရှည်ကို ကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ က မတ်လ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

    လက်ရှိ ဝါစိုက်ဧက (၅) သိန်း၌ (၁) ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေသန်း (၅၀) တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် (၃၀) ခန့် အသုံးပြုနိုင်မှာဖြစ်ကာ ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်နေကြောင်း၊ ပိတ်အဖြစ် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များထား၍ တဆင့်ချင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လည်း ၎င်းက ဆိုထားပါတယ်။

    ဝါများကို သိုလှောင်၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ပါကအလုပ်အကိုင် အခွင့်အလမ်းများထွက်ပေါ်လာမည်ဖြစ်သဖြင့် အလုပ်လက်မဲ့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မယ်လို့လည်း ၎င်းက ပြောဆိုထားပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    --------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views167views1355