cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒူးရင်းပင်တွင် ကျရောက်တက်သည့် အသီးပုပ်၊ အမြစ်ပုပ်နှင့် ပင်စည်ပုပ်ရောဂါ ကာကွယ်နှိမ်နင်းနည်း

. ရောဂါ
ဒူးရင်း အသီးပုပ်၊ အမြစ်ပုပ်နှင့် ပင်စည်ပုပ်ရောဂါသည် phytophtora palmivora ကြောင့်ဖြစ်ပွားသော ရောဂါဖြစ်ပါတယ်။
  • ကြိုတင်ကာကွယ်နည်း

    မြေဆောင်၊ ရေဆောင်နှင့် လေဆောင်အနေဖြင့် ပျံ့နှံသည့် ရောဂါဖြစ်တဲ့အတွက် အောက်ပါအချက်တွေ လုပ်ဆောင် ပေးဖို့လိုပါတယ်-

    ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးရန်၊

    ရောဂါကင်းသော အပင်အစိတ်အပိုင်းမှ ကူးယူစိုက်ပျိုးရန်၊

    ဘောင်မြင့်မြင့်ဖြင့်စိုက်ပျိုးရန်၊

    ရေထုတ်မြောင်းများကို စနစ်တကျတည်ဆောက်ရန်၊

    တစ်ပင်နှင့်တစ်ပင် အရွက်ထပ်ပြီး စိုစွတ်သည့် အခြေအနေကို ရှောင်ရှားနိုင်ရန် အရွက်အုပ်သောမျိုးများကို စိုက်ပျိုးပါက ပင်ခြားတန်ခြား ၈ မီတာပတ်လည် စိုက်ပျိုးစေပြီး အရွက်ပျံ့သောမျိုးများကို စိုက်ပျိုးရာတွင် ပင်ခြား တန်းခြား ၁၀ မီတာပတ်လည် စိုက်ပျိုးရန်၊

    အပင်၏ အောက်ခြေကိုင်းများကို ခုတ်ပေးရန်၊

    ကြက်ချေးကဲ့သို့သော သဘာဝမြေသ◌ြဇာများကို ထည့်ပေးရန်၊

    ချဉ်သောမြေများတွင် အပင်နှင့် ၁ မီတာအကွာ အပေါ်ယံမြေမျက်နှာပြင်တွင် အနက် ၃၀ စင်တင်မီတာအတွင်း ထုံးထည့်ပေးရန်၊

    အသီးခူးဆွတ်ရာတွင် အသီးများမြေသို့ ပြုတ်ကျမှုမရှိစေရန် လက် သို့မဟုတ် ထည့်စရာအိတ်တစ်ခုခုဖြင့် ခူးဆွတ်ရန်၊

    ရောဂါကျရောက်နေသော အသီး သို့မဟုတ် ကိုင်းများနှင့် အပင်၏ အခြားအစိတ်အပိုင်းများအား ဖယ်ရှား မီးရှို့ရန်၊

    စောင့်ကြည့်လေ့လာခြင်း

    အညိုရောင် ရေစိုပျောက်များ အရွက်ပေါ်တွင် စတင်တွေ့ရှိခြင်း အပင်ပေါက်များတွင် ရံဖန်ရံခါတွေ့ရခြင်း၊

    အရွက်များ အဝါရောင်သန်းလာပြီး တဖြည်းဖြည်း ကိုင်းဖျားခြောက်လာခြင်း၊

    အပင်၏ အခေါက် သို့မဟုတ် အပင်ခြေပင်စည်တွင်အလည်တွင် ဆဲသေသည့် အနာများ သို့မဟုတ် အချိုင့်များ ရှိနေခြင်း၊

    ရောဂါကျရောက်နေရာ ကိုင်းကို ဖြတ်တောက်ကြည့်ပါက ဆဲသေနေသည့် ဒဏ်ရာအချိုင့်မှ ရေစိုနာချွဲပြစ်ပြစ် ရွံ့ကဲ့သို့ အရာများ ထွက်လာမည်ဖြစ်ခြင်း၊

    ပင်စည်ပုတ်ရောဂါအနေဖြင့် မိုးများပြီး စိုစွတ်သော အခြေအနေတွင် အဖြစ်များပြီး ဆဲသေကွက်များ ပင်စည်တွင် စတင်ဖြစ်ပေါ်လာပြီး ပင်စည်မှတဆင့် ကိုင်းကြီးများထိ ကူးစက်သွားတက်ခြင်း၊

    အမြစ်ပုပ်အနေဖြင့် အမြစ်များ အညိုရောင်ပြောင်းသွားပြီး ပျော့သွားခြင်း၊

    မရင့်မှည့်ခင် သို့မဟုတ် ရင့်မှည့်ပြီး အသီးပုပ်ရောဂါအနေဖြင့် အသီးပေါ်တွင် ရေစိုနာအကွက်များ စတင်ဖြစ် ပေါ်လာပြီး တဖြည်းဖြည်းခြောက်ပြီး ကြီးလာကာ ညိုရင့်ရင့် သို့မဟုတ် အနက်ရောက်သို့ ပြောင်းသွားခြင်း၊ အသီး၏ ရေစိုနာအကွက်ပေါ်တွင် အဖြူရောင်မှိုမျှင်များတွေ့ရမည်ဖြစ်ပြီး မရင့်မှည့်မီကြွေခြင်း၊

    တိုက်ရိုက်ကုသနည်း

    ဘက်စုံနှိမ်နင်းနည်းဖြင့် နှိမ်နင်းရန်၊

    ဖြစ်နိုင်လျှင်ရောဂါဒဏ်ခံနိုင်သောမျိုးကို စိုက်ရန်၊

    ခြံသီးနှံစီမံခန့်ခွဲသည့် နည်းလမ်းများကို အသုံးပြုရန်၊

    ဇီဝနည်းဖြင့် နှိမ်နင်းရန်၊

    ဓါတုဆေးတစ်မျိုမျိုးကို တွဲဖက်အသုံးပြုရန်၊

    ထရိုကိုဒါးမား (Trichoderma harianum) ကို အပေါ်ယံမြေမျက်နှာပြင်တွင် ထည့်သွင်းပေးရန်၊

    ထွက်တိုး

    Reference: https://plantwiseplusknowledgebank.org/.../pwkb....

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes8comments0
views384views1653