cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးစိုက်ခင်းအတွက် မြေပြင်ခြင်း 🌾🌾

. မြေပြုပြင်ခြင်း
မြေပြင်ရာမှာ အမျိုးမျိုးရှိတက်ကြပါတယ်။ ဒေသနှင့် မြေအနေအထားပေါ်မူတည်၍ ကွဲပြားပါတယ်။ ဥပမာ-မဖွံ့ဖြိုး သေးတဲ့ ကုန်းတွင်းပိုင်း ချိုင့်ဝှမ်း မြစ်ဝှမ်းတွေမှာဆိုရင် လုံးဝ ထွန်ယက်တာ (Zero tillage) မရှိတော့ပါဘူး။ မစိုက်ခင် မြေကိုရှင်းပြီး ရေကို တစ်လ သို့မဟုတ် နှစ်လခန့် သွင်းပြီး ပြစ်ထားတဲ့ နည်းကို သုံးပါတယ်။
  • စပါးစိုက်မည်ဆိုရင် လုံလောက်တဲ့ မြေပြင်တာတွေလိုအပ်ပါ့မယ်။ မြေရှင်းတာ၊ ပေါင်းရှင်တာ၊ ရေမသွင်းမီ ဆောင်ရွက် ရတာတွေ၊ ထည်ထိုး၊ ထွန်မွှေနဲ့ မြေညှိတာတွေ လုပ်ရပါတယ်။

    အဲ့လိုလုပ်ရတဲ့ရည်ရွက်ချက်ကတော့ စပါးပင်ကောင်းကောင်းကြီးထွားဖို့ ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖန်တီးပေးတာ ဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကို ဖြစ်ထွန်းစေမှာပါ-

    မြေဆီလွှာအတွင်း လေဝင်လေထွက်နှင့် အမြစ်စီးဆင်းမှုကောင်းပြီး မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံတွေကို တိုးမြင့်စေခြင်း၊

    ရေသွင်းရေထုတ်ကောင်းတဲ့ မြေမျက်နှာသွင်ပြင်ကို ရရှိစေခြင်း၊

    ပေါင်းနှင့်အပင်အစိတ်အပိုင်းအကြွင်းအကျန်များကို မြေပေါ်မြေအောက်သမစေခြင်း၊

    အထက်အောက်လှန်ပေးသည့်အတွက် အောက်ခြေရှိ မြေသ◌ြဇာများ ပြန်လည်ရရှိစေခြင်း၊

    ပေါင်းမြတ်နှိမ်နင်းပြီးသားဖြစ်ခြင်း၊

    လုပ်ဆောင်ရန်အချက်များ

    မြေပြင်ရာမှာ အမျိုးမျိုးရှိတက်ကြပါတယ်။ ဒေသနှင့် မြေအနေအထားပေါ်မူတည်၍ ကွဲပြားပါတယ်။ ဥပမာ-မဖွံ့ဖြိုး သေးတဲ့ ကုန်းတွင်းပိုင်း ချိုင့်ဝှမ်း မြစ်ဝှမ်းတွေမှာဆိုရင် လုံးဝ ထွန်ယက်တာ (Zero tillage) မရှိတော့ပါဘူး။ မစိုက်ခင် မြေကိုရှင်းပြီး ရေကို တစ်လ သို့မဟုတ် နှစ်လခန့် သွင်းပြီး ပြစ်ထားတဲ့ နည်းကို သုံးပါတယ်။

    ၁။ မြေရှင်း ပေါင်းရှင်းခြင်း

    မြေရှင်း ပေါင်းရှင်းရာမှာ ပေါင်းပြင်များကို ဖြတ်ပြီး ကန်သင်းပေါ် ပုံခြင်း သို့မဟုတ် ကွင်ထဲတွင်း ဖြန့်ထားခြင်းတွေ စတင်လုပ်ဆောင်ရပါတယ်။

    ၂။ ရေဟပ်ခြင်း

    မြေကို ထွန်ယက်ရာမှ အဆင်ပြေလွယ်ကူစေရန် ၂ ရက် သို့မဟုတ် ၃ ရက်ခန့်ရေသွင်းပြီးမှ ထည်ထိုးထွန်မွှေလျှင် ပိုသက်သာပါတယ်။

    ၃။ ထယ်တစ်ကြိမ်ထိုးထားခြင်း

    ထယ်ထိုးတာကို ထွန်စက်၊ ကျွဲနွား၊ ပေါက်ပြားတို့နဲ့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေကိုတော့ ဂရုစိုက်ပေးစေချင်ပါတယ် ခင်ဗျာ။

    ထယ်ရေးအနက်ဟာ ၁၀ သို့မဟုတ် ၁၅ စင်တီမီတာ အထိသာဖြစ်သင့်ပါတယ်။ ထယ်ရေးအရမ်းနက်လို့ မကောင်းပါဘူး။ ထယ်ရေးအရမ်းနက်ရင် အဆိုပါ ထည်ရေးအနက်ထိရောက်သွားတဲ့ အပင်ရဲ့ အာဟာရဓါတ်တွေကို အပင်ရဲ့ အမြစ်က မစုပ်ယူနိုင်လို့ဖြစ်ပါတယ်။

    ၄။ ကွင်းအပြည့်ရေသွင်းထားခြင်း

    ထည်ထိုးထွန်မွှေပြီးလျှင် ကွင်းကို ၂ ပတ် သို့မဟုတ် ၃ ပတ်အထိ ရေသွင်းထားနိုင်လျှင် ပိုကောင်းပါတယ်။ ဒါမှသာ မြေထဲရှတဲ့ အင်းဆက်နဲ့ ပေါင်းပင်တွေကို သတ်ပြီးသားဖြစ်မှာပါ။ ပထမအကြိမ်ထည်ထိုးအပြီး ပေါင်းမျိုးစေ့တွေ ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထည်တိုးထွန်မွှေလိုက်ရင် ပေါက်လာတဲ့ အပင်တွေ နှိမ်ပြီးသားဖြစ်သွား မှာပါ။ ဖော့စဖောရပ် (phosphorus) ချို့တဲ့မြေတွေမှာ ဒုတိယအကြိမ် ထည်မထိုးခင် ထည့်ပေးထားဖို့ လိုပါမယ်။ နွားချေး သိုမဟုတ် အခြားမြေဆွေးတွေလည်း ထည့်ပေးနိုင်ရင် ကောင်းပါတယ်။

    ၅။ မြေညှိခြင်း

    မြေညှိပေးတာဟာ ရေသွင်းရေထုတ်အတွက်ကောင်းသလို ပေါင်းနှိမ်ရာမှာလည်း အထောက်အကူပြုပြီး အဆင့် ၂ ဆင့်ရှိပါတယ်။

    ပထမအနေနဲ့ အကြမ်းညှိခြင်းဖြစ်ပြီး မြင့်တဲ့နေရာက မြေတွေကို နိမ့်ရာဖြန့်ပေးဖို့ဖြစ်ပါတယ်။

    ဒုတိယအနေနဲ့က ရေသွင်းထွန်မွှေချိန် အသေးစိတ်ညှိပေးခြင်းဖြစ်ပါတယ်။

    ထွက်တိုး

    Source: http://www.ricehub.org/RT/landpreparations/....

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments0
views270views1787