cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသစ်ဝင်ကုလားပဲအုပ်စု ဈေးကျဆင်းရာမှ ဈေးပြန်မြင့်တက်လာ

. သတင်းစုံ
`` အသစ်ဝင်ရောက်လာတာ တွေများလာတာရယ် ပို့ကုန်ပဲတွေ ဈေးကျတာတွေ ရှိလာတော့ ကုလားပဲက ဈေးကျနေတာ ဒီရက်ပိုင်း ဈေးပြန်တက်လာ တယ်။ အရင် အမြင့်ဈေးတော့ မရောက်သေးဘူး။ ဒီဈေးတွေက လှောင်လက်သမားတွေ အဝယ်ရှိ နေတာပါ´´ ဟု ၄င်းက ပြောသည်။
  • အသစ်ဝင် ကုလားပဲအုပ်စု ဈေးကျဆင်းနေရာမှ အကျရပ်ပြီး ဈေးပြန်မြင့်တက်လာ ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

    ပို့ကုန်ပဲများ ဈေးကျဆင်းမှု နှင့်အတူလိုက်ပါ ဈေးကျဆင်းနေ သည့် ကုလားပဲမှာ လှောင်လက် သမားများ အဝယ်ရှိလာတာ ကြောင့် မတ်လဆန်းပိုင်းတွင် ဈေးပြန်မြင့်တက်လာခြင်းဖြစ် ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

    `` အသစ်ဝင်ရောက်လာတာ တွေများလာတာရယ် ပို့ကုန်ပဲတွေ ဈေးကျတာတွေ ရှိလာတော့ ကုလားပဲက ဈေးကျနေတာ ဒီရက်ပိုင်း ဈေးပြန်တက်လာ တယ်။ အရင် အမြင့်ဈေးတော့ မရောက်သေးဘူး။ ဒီဈေးတွေက လှောင်လက်သမားတွေ အဝယ်ရှိ နေတာပါ´´ ဟု ၄င်းက ပြောသည်။

    မတ်လ ပထမသီတင်းပတ် တွင်ကုလားပဲ (V2) တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၊ကုလားပဲ (၉၂၉) ၅၆ဒသမ ၂၅ ပိဿာလျှင် ငွေကျပ် ၂၄၀၀၀၀၊ကုလားပဲ (TW) လျှင် ငွေကျပ် ၂၄၁၀၀၀ ပေါက်ဈေးရှိလာသည်။

    လက်ရှိ မန္တလေးဈေးကွက် တွင် ဝမ်းတွင်း၊သဲတော၊စစ်ကိုင်း၊ မုံရွာဘက်မှ ကုလားပဲအသစ် များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန် စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲ မျိုးစုံ စိုက်ဧက ၁၁ သန်းကျော် ရှိပြီး ကုလားပဲ၊ ပဲတီစိမ်း ၊ မတ်ပဲ ၊ ပဲစင်းငုံ တို့ကို စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်းသိရသည်။

    ဆောင်း ကုလားပဲများကို အောက်တိုဘာ လတွင် မိုးရေအစိုဓာတ်ဖြင့် လည်းကောင်း၊ ရေစက်များဖြင့် ရေတင်၍လည်းကောင်း ယာမြေ များ၌ စိုက်ပျိုးကြကြောင်း၊ V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး အသေး မျိုးများကို စိုက်ပျိုးကြသည့် အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    ----------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views75views1350