cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
နွေစပါးစိုက်တောင်သူများ အဓိကကြုံနေရတဲ့ ပြသနာကတော့ ဖြုတ်ရောဂါပဲ ဖြစ်ပါတယ် ။ ဖြုတ်ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဖော်ပြလိုက်ရပါတယ်။
  •  ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက် နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန်ရာခိုင်နှုန်း အလွန်နည်းပြီး ရာသီဥတု စတင်ပူနွေးလာပြီ ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက် နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန်ရာခိုင်နှုန်း အလွန်နည်းပြီး ရာသီဥတု စတင်ပူနွေးလာပြီ ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန်ရာခိုင်နှုန်း အလွန်နည်းပြီး ရာသီဥတု စတင်ပူနွေးလာပြီ ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စပါးသီးနှံ အကြံပြုချက်

    နွေစပါးစိုက်တောင်သူများ အဓိကကြုံနေရတဲ့ ပြသနာကတော့ ဖြုတ်ရောဂါပဲ ဖြစ်ပါတယ် ။ ဖြုတ်ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဖော်ပြလိုက်ရပါတယ်။

    ဖြုတ်ညိုပိုး ကာကွယ်နှိမ်နင်းနည်း ၅ နည်း

    ဖြုတ်ညိုပိုး အရွယ်ရောက်ကောင်များ

    မိုးစပါးတွင် ကျရောက်တတ်သော ဖြုတ်ညိုပိုး၏ လက္ခဏာများ

    - ပျိုးခင်း(သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပြီးသည့် စပါးပင်၏ ပင်စည်နှင့် ရေမျက်နှာပြင်ပေါ်တွင် ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ နေ့စဉ်စစ်ဆေးပါ။

    - ပင်ပွားထွက်ချိန်တွင် စပါးပင်စည် လှုပ်ရမ်းပေးတဲ့အခါ ရေမျက်နှာပြင်ပေါ်ကို ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ စစ်ဆေးပါ။

    ဖျက်ဆီးမှုလက္ခဏာ

    - ပိုးကျထားသော စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်သို့ ပြောင်းသွားကာ တဖြေးဖြေး ခြောက်သွားပါသည်။

    - ဤသည်မှာ ဖြုတ်ညိုပိုးကြောင့် ဖြစ်ပွားသော ဖြုတ်လောင်နာများ ဖြစ်ပါသည်။

    - ဖြုတ်လောင်နာများသည် အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။

    - ပိုး၏ စစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုများကို ပိုးကျထားသော နေရာ၏ အောက်ခြေနားတွင် တွေ့ရတတ်ပါသည်။

    ဖြုတ်ညိုပိုး ကျရောက်နေပုံ

    မိုးစပါးတွင် ကျရောက်တတ်သော ဖြုတ်ညိုပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    - ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့် လွှမ်းပေးခြင်းဖြင့် ဖြုတ်ညိုများအား လျှော့နည်းသွားစေပါသည်။

    - ပိုးကျမှု ဆိုးဝါးလာသည့် အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။ြ

    - ဖြုတ်ညိုပိုး၏ သဘာဝရန်သူများဖြစ်သော ပင့်ကူ၊ ရေနေကျိုင်း၊ လိပ်ခုံးကျိုင်း စသည်တို့သည် ဖြုတ်ညိုပိုးများကို သတ်ဖြတ် စားသောက်လေ့ ရှိကြပါသည်။

    - တစ်ဧကလျှင် မီးထောင်ခြောက် (၂) ခုကို ဖြုတ်ညို ကျရောက်သည့် စပါးခင်းတွင် ညဘက်၌ အသုံးပြုပါ (ဥပမာ- လျှပ်စစ်မီးသီး သို့မဟုတ် ကီရိုဆင်း မီးအိမ်များကို ရေဇလားပေါ်တွင် တပ်ဆင် အသုံးပြုပေးပါ)

    - စပါးပင်များအား ဖြုတ်ညိုပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။

    ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၂)ဇွန်း

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) (တိုင်းတာရန်အတွက် ချိန်တွယ်ခွက် သို့မဟုတ် ဆေးထိုးအပ်များကို အသုံးပြုနိုင်ပါသည်)။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူနွေးစပြုလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    🐟      ကန်ဖော်ပြီး ငါးကန်များအနေဖြင့် သန့်ရှင်းရေးကို ဆောင်ရွက်ထားရန်၊

    🐟      ကန်အောက်ခြေနွံများတွင် ခိုအောင်းနေသော ရောဂါများနှိမ်နင်းရန်အတွက် ထုံးဖြူးပေးရန်၊

    🐟      ကန်အောက်ခြေတွင် အနယ်ထိုင်နေသော မြေများကို ဖယ်ထုတ်ရန်၊

    🐟      တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊

    •  ပုဇွန်ကန်များအတွက် ကန်ကိုနက်နက်တူးပေးရန်၊
    •  လက်ရှိမွေးမြူနေသော ပုဇွန်ကန်များအနေဖြင့် အပူဒဏ်သက်သာစေရန်အတွက် အရိပ်များ ဆောင်ရွက်ပေးရန်၊

    Weather Source: CIAT   

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes10comments0
views323views1335