cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

. ဈေးကွက်
မတ်လ တတိယပတ်အတွင်း မိုးများရွာသွန်းနိုင်ခြေရှိ .........

  • ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်


    ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြ မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ်၊ငပုတောမြို့နယ်၊

    ဒီတပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် တော်တော်များများတွင် မိုးများရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၇၀ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။



    စပါးသီးနှံ အကြံပြုချက်


    နွေစပါးစိုက်တောင်သူများ အဓိကကြုံနေရတဲ့ ပြသနာကတော့ ဖြုတ်ရောဂါပဲ ဖြစ်ပါတယ် ။ ဖြုတ်ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဖောိ ပြလိုက်ရပါတယ်


    ဖြုတ်ညိုပိုး ကာကွယ်နှိမ်နင်းနည်း ၅ နည်း


    ဖြုတ်ညိုပိုး အရွယ်ရောက်ကောင်များ


    မိုးစပါးတွင် ကျရောက်တတ်သော ဖြုတ်ညိုပိုး၏ လက္ခဏာများ


    - ပျိုးခင်း(သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပြီးသည့် စပါးပင်၏ ပင်စည်နှင့် ရေမျက်နှာပြင်ပေါ်တွင် ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ နေ့စဉ်စစ်ဆေးပါ


    - ပင်ပွားထွက်ချိန်တွင် စပါးပင်စည် လှုပ်ရမ်းပေးတဲ့အခါ ရေမျက်နှာပြင်ပေါ်ကို ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ စစ်ဆေးပါ။


    ဖျက်ဆီးမှုလက္ခဏာ


    - ပိုးကျထားသော စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်သို့ ပြောင်းသွားကာ တဖြေးဖြေး ခြောက်သွားပါသည်။


    - ဤသည်မှာ ဖြုတ်ညိုပိုးကြောင့် ဖြစ်ပွားသော ဖြုတ်လောင်နာများ ဖြစ်ပါသည်။


    - ဖြုတ်လောင်နာများသည် အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။


    - ပိုး၏ စစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုများကို ပိုးကျထားသော နေရာ၏ အောက်ခြေနားတွင် တွေ့ရတတ်ပါသည်။


    ဖြုတ်ညိုပိုး ကျရောက်နေပုံ


    မိုးစပါးတွင် ကျရောက်တတ်သော ဖြုတ်ညိုပိုးအား ကာကွယ်နှိမ်နှင်းခြင်း


    - ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့် လွှမ်းပေးခြင်းဖြင့် ဖြုတ်ညိုများအား လျှော့နည်းသွားစေပါသည်။


    - ပိုးကျမှု ဆိုးဝါးလာသည့် အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။ြ


    - ဖြုတ်ညိုပိုး၏ သဘာဝရန်သူများဖြစ်သော ပင့်ကူ၊ ရေနေကျိုင်း၊ လိပ်ခုံးကျိုင်း စသည်တို့သည် ဖြုတ်ညိုပိုးများကို သတ်ဖြတ် စားသောက်လေ့ ရှိကြပါသည်။


    - တစ်ဧကလျှင် မီးထောင်ခြောက် (၂) ခုကို ဖြုတ်ညို ကျရောက်သည့် စပါးခင်းတွင် ညဘက်၌ အသုံးပြုပါ (ဥပမာ- လျှပ်စစ်မီးသီး သို့မဟုတ် ကီရိုဆင်း မီးအိမ်များကို ရေဇလားပေါ်တွင် တပ်ဆင် အသုံးပြုပေးပါ)


    - စပါးပင်များအား ဖြုတ်ညိုပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။


    ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၂)ဇွန်း


    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) (တိုင်းတာရန်အတွက် ချိန်တွယ်ခွက် သို့မဟုတ် ဆေးထိုးအပ်များကို အသုံးပြုနိုင်ပါသည်)။


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်


    ရာသီဥတု ပူနွေးစပြုလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    🐟 ကန်ဖော်ပြီး ငါးကန်များအနေဖြင့် သန့်ရှင်းရေးကို ဆောင်ရွက်ထားရန်၊

    🐟 ကန်အောက်ခြေနွံများတွင် ခိုအောင်းနေသော ရောဂါများနှိမ်နင်းရန်အတွက် ထုံးဖြူးပေးရန်၊

    🐟 ကန်အောက်ခြေတွင် အနယ်ထိုင်နေသော မြေများကို ဖယ်ထုတ်ရန်၊

    🐟 တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊

    ပုဇွန်ကန်များအတွက် ကန်ကိုနက်နက်တူးပေးရန်၊

    လက်ရှိမွေးမြူနေသော ပုဇွန်ကန်များအနေဖြင့် အပူဒဏ်သက်သာစေရန်အတွက် အရိပ်များ ဆောင်ရွက်ပေးရန်၊


    Weather Source: CIAT https://htwettoe.com/post/46786

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes37comments0
views588views27632