cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမြစ်ချင်းငါးမွေးမြူရာတွင် စနစ်တကျအစာကျွေးခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ဥမှသားပေါက်ပြီး ၁၄ ရက်မှ ၂၀ ရက်အကြာတွင် ငါးသန်အဆင့်ရောက်ရှိပြီး ငါးသားပေါက်များသည် ပါးစပ်မှ အစာကိုကောင်းစွာစားသုံးနိုင်သောအဆင့်ဖြစ်လာပါသည်။ အဆိုပါအချိန်တွင် ငါးသန်များကိုငါးဖျန်း အဆင့်မွေးမြူရန် ကန်ပြောင်းပြီးမွေးမြူကြပါသည်။ ငါးသန်မှ ငါးဖျန်းအဆင့်မွေးမြူရာတွင် အစာကိုအဟာ ရပြည့်ဝပြီး အချိန်မှန်လိုအပ်သလိုကြွေးမွေးပါက ငါးသည် အဟာရပြည့်ဝပြီး ကျန်းမာသန်းစွမ်းလာမည်ဖြစ် ပါသည်။
  • ငါးမွေးတောင်သူတိုင်း ရေချိုငါးမွေးမြူရေးတွင် ငါးမြစ်ချင်းငါးကိုအဓိကထားပြီး အခြားငါးများကို ရောနှောမွေးမြူကြပါသည်။ အချို့သောတောင်သူများသည် ငါးငါးမြစ်ချင်းတမျိုးတည်းသာ မွေးမြူကြပါသည်။ ငါးမြစ်ချင်းတစ်မျိုးတည်းမွေးမြူသော တောင်သူများအတွက် ငါးမြစ်ချင်းငါးများကို သားပေါက်အရွယ်မှစပြီး သက်ကြီးကောင်(ထုတ်လုပ်ရောင်းချသည့်အရွယ်)အထိ အစာကို စနစ်တကျကျွေးမွေးပါက ငါးကြီးထွားနှုန်း ပုံမှန်ကြီးထွားပြီး ငါးကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါသည်။ အစာကိုလည်း အလေအလွင့်မရှိ သုံးစွဲကျွေးမွေးမြူနိုင်ပါသဖြင့် ငါးမွေးတောင်သူများအတွက် အကျိုးရှိစေမည် ထင်မြင်မိပါသည်။

    ငါးမြစ်ချင်းငါး၏ နေထိုင်ပုံမှာ ကန်ရေ၏အလယ်နှင့် ရေအောက်ပိုင်းတွင် နေထိုင်သွားလာလေ့ရှိပါ သည်။ ထို့ကြောင့်စက်ရုံထုတ်အစာကြွေးပါက ရေပေါ်စာနှင့်ရေမြုပ်စာကြွေးနိုင်ပါသည်။ ငါးပညာရှင်များအဆိုအရ ငါးမြစ်ချင်းငါးမျိုးစိတ်သည် ပရိုတိန်းအနည်းဆုံး ၁၈ -၂၀ရာခိုင်နှုန်းပါသော အစာဖြစ်လျှင် လုံလောက်မျှတမှုရှိကြောင်း ဖော်ပြကြပါသည်။

    မြန်မာနိုင်ငံတွင် ငါးမြစ်ချင်းကို ဆေးထိုးသားပေါက်ပြီး ငါးမှုန်အရွယ်မှ စျေးကွက်ဝင်အထိမွေးမြူရာ တွင် အစာကြွေးခြင်းစနစ်များကို ဖော်ပြအပ်ပါသည်။ ငါးမျစ်ချင်း ဆေးထိုးသားဖောက်ပြီး ဥမှသားပေါက်စဉ် (၃)ရက်အတွင် သားပေါက်ကန်အတွင်းတွင် အောက်စီဂျင်ရရှိစေရန် လေပေး၊ရေပေးစနစ်ဖြင့်ထားရှိပြီး ငါး ပေါက်ကလေးများအာဟာရ ရစေရန် ဘားပလက်ရည်နှင့် ကြက်ဥအနှစ်ကို ရေဖျော်ပြီး တိုက်ကြွေးကြသည်ကို တွေ့ရပါသည်။ ဥပေါက်ပြီး(၃)ရက်ကျော်ပါက ငါးမှုန်များကို မြေကန်အတွင်းပြောင်းရွေ့ပြီး ပြုစုကြသည်။ မြေကန်အတွင်းငါးမှုံများချပြီးပါက ငါးမှုံများအတွက်အစာကို ပဲဖတ်ကို ရေဖျော်ပြီး တစ်နေ့လျှင် (၃-၄) ကြိမ် ပက်ပေးခြင်းဖြင့် အစာကြွေးခြင်းကိုဆောင်ရွက်ကြပါသည်။ ပဲဖတ်တွင် ပရိုတိန်း ၃၅% ပါရှိခြင်းနှင့် ငါးသားပေါက်များစဉ်တွင် ပါးစပ်ပေါက်သေးငယ်သဖြင့် သင့်လျှော်သော နည်းစနစ်ဖြစ်ပါသည်။ ထို့အပြင် ပဲဖတ်ရည်သည် ရေဩဇာကိုလည်းဖြစ်စေပါသည်။ ပဲဖတ်ရည် ပက်ပေးခြင်းလုပ်ငန်းကို ၁၀ မှ ၁၄ ရက်အထိ သာဆောင်ရွက်ကြသည်ကို တွေ့ရှိရပါသည်။

    ဥမှသားပေါက်ပြီး ၁၄ ရက်မှ ၂၀ ရက်အကြာတွင် ငါးသန်အဆင့်ရောက်ရှိပြီး ငါးသားပေါက်များသည် ပါးစပ်မှ အစာကိုကောင်းစွာစားသုံးနိုင်သောအဆင့်ဖြစ်လာပါသည်။ အဆိုပါအချိန်တွင် ငါးသန်များကိုငါးဖျန်း အဆင့်မွေးမြူရန် ကန်ပြောင်းပြီးမွေးမြူကြပါသည်။ ငါးသန်မှ ငါးဖျန်းအဆင့်မွေးမြူရာတွင် အစာကိုအဟာ ရပြည့်ဝပြီး အချိန်မှန်လိုအပ်သလိုကြွေးမွေးပါက ငါးသည် အဟာရပြည့်ဝပြီး ကျန်းမာသန်းစွမ်းလာမည်ဖြစ် ပါသည်။ ထိုအဆင့်တွင် ကန်ရေအရည်အသွေးကိုကောင်းစွာထိန်းသိမ်းခြင်းနှင့် အစာကိုစနစ်တကြွေးမွေးပါ က အဖတ်တင်နှုန်းလည်း ကောင်းမွန်လာပါလိမ်မည်။ စနစ်တကျအစာကြွေးရမည့်နှုန်းကို အောက်ပါအတိုင်းတင်ပြအပ်ပါသည်။

    --------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes10comments0
views110views1643