cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချိုပုဇွန်တွင် ကျရောက်တက်သော ရောဂါများ

. ငါးမွေးမြူရေးဆောင်းပါးများ
ရေချိုပုဇွန်မွေးမြူရေးတွင် အခွံကြမ်းရောဂါ (Surface fouling diseases)၊ အခွံပျော့ရောဂါ (Loose Shell Syndrome- Soft Shell disease)၊ အညိုပျောက်ရောဂါ (ဆဲသေရောဂါ) (Brown spot syndrome or Necrotic disease)နဲ့ ပါးဟတ်မဲရောဂါ (black gill disease)တို့ ကျရောက်တက်လို့ ရောဂါလက္ခဏာနဲ့ ကုသနည်းများကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။
  • ရေချိုပုဇွန်မွေးမြူရေးတွင် အခွံကြမ်းရောဂါ (Surface fouling diseases)၊ အခွံပျော့ရောဂါ (Loose Shell Syndrome- Soft Shell disease)၊ အညိုပျောက်ရောဂါ (ဆဲသေရောဂါ) (Brown spot syndrome or Necrotic disease)နဲ့ ပါးဟတ်မဲရောဂါ (black gill disease)တို့ ကျရောက်တက်လို့ ရောဂါလက္ခဏာနဲ့ ကုသနည်းများကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

    ၁။ ခွံညစ်ညမ်းရောဂါ (Surface fouling diseases)

    ရေချိုပုဇွန်မွေးမြူရေးတွင် အဆိုပါရောဂါ ကျရောက်ပါက အကြေးခွံသည် ထူထဲ၊ မာကျောလာပြီး ကိုယ် အလေး ချိန်လျော့နည်းလာကာ ရောဂါကျရောက်နေသော ပုဇွန်သည် အချိန်အတော်ကြာ အကြေးခွံမလဲဘဲ ဖြစ်နေတက်ပါတယ်။

    ကာကွယ်ခြင်း

    ရောဂါကာကွယ်ရန်အတွက် ရေကို မကြာခဏ လဲပေးရန်လိုအပ်ပြီး အရေအရည်သွေးကို ထိန်းသိမ်းရန်လိုအပ် ပါတယ်။ အစာကို လိုအပ်တဲ့ အရည်အသွေးနဲ့ ပမာဏထည့်ပေးရန်လိုအပ်ပါတယ်။

    ကုသနည်း

    - ကန်အောက်ခြေကို သန့်ရှင်းပေးရန်၊

    - ပုဇွန်၏ ဘဝစက်ဝန်းရှိ အကြေးခွံလဲသည့်ဖြစ်စဉ်တွင် ပရိုတင်း၊ ဗိုက်တာမင်နဲ့ သတ္တုဓါတ် ကြွယ်ဝသော အစား အစာများကျွေးရန်၊

    - ရေအကျယ် 1 m3 တွင် Formol ၂၀ မှ ၂၅ မီလီလီတာထည့်ပေးရန် (20-25 ml/m3)

    - ရေအကျယ် 1000 m3 တွင် Saponin ၁၀ မှ ၁၅ ကီလိုဂရမ်ထည့်ပေးရန် (10-15 kg/1,000 m3)

    ၂။ အခွံပျော့ရောဂါ (Loose Shell Syndrome- Soft Shell disease)

    ရောဂါလက္ခဏာ

    သာမန်ဆိုရင် ပုဇွန်ဟာ ၂ နာရီမှ ၄ နာရီကြာ တစ်ခါ အကြေးခွံလဲလေ့ရှိပြီး တဖြည်းဖြည်းအခွံဟာ မာလာပါတယ်။ ဒါပေမယ့် အခွံပျော့ရောဂါ ခံစားနေရသော ပုဇွန်များ၏ အကြေးခွံဟာ လဲပြီးနောက် မာမလာတော့ဘဲ ပျော့တွဲ ရွံ့တွလာပြီး ပျက်စီးတဲ့အထိဖြစ်လာပါတယ်။ အဲလိုဖြစ်လာချိန်မှာ ပြင်ပမှ ရောဂါများအလွယ်တကူဝင်ရောက်လာပါတယ်။

    ဖြစ်စေတဲ့အကြောင်းအရင်းများ

    အကြေးခွံပျော့ရောဂါဖြစ်စေတဲ့ အဓိကကြောင်းအရင်းမှာ အာဟာရချို့တဲ့ခြင်း၊ အစာထဲတွင် ကယ်လ်စီယမ် (calcium) နှင့် ဖော့စဖောရပ် (phosphorus) ဓါတ်ချို့တဲ့ခြင်း၊ ကန်ရေတွင် ပိုးသတ်ဆေးများ ပျော်ဝင်နေခြင်းတို့ ကြောင့် ဖြစ်ပါတယ်။

    ကုသနည်း

    - တစ်ပတ်တစ်ကြိမ် ထုံးနှင့် ဒိုလိုမိုက် (dolomite)ကျွေးပေးရန်

    - အစာထဲတွင် လိုအပ်သော အာဟာရဓါတ်များထည့်ပေးရန်နှင့် ရေမကြာခဏလဲပေးရန်

    ၃။ အညိုပျောက်ရောဂါ (ဆဲသေရောဂါ) (Brown spot syndrome or Necrotic disease)

    ရောဂါလက္ခဏာအနေနဲ့ ရောဂါ စတင်ဝင်ရောက်ပြီး ၂ လမှ ၃ လအကြာတွင် မြင်တွေ့ရလေ့ရှိပါတယ်။ အစပိုင်းမှာ ကိုယ်အစိတ်အပိုင်းများတွင် အညိုရောင်အပျောက်များဖြစ်ပေါ်လာပြီး တဖြည်းဖြည်းဖြင့် အနက်ရောင်ပြောင်း လာပါ တယ်။ နောက်ပိုင်းမှာ အမြီး၊ ခြေထောက်၊ ဝမ်းဗိုက်၊ ဦးမျှင်နဲ့ အခြားခန္ဓာကိုယ်အနှံ့ပျံ့သွားတက်ပါတယ်။ ရောဂါခံစား နေရတဲ့ ပုဇွန်ဟာ တဖြည်းဖြည်းအစားစာနည်းလာပြီး အားနည်းလာကာ သေဆုံးသည်အထိဖြစ်တက်ပါတယ်။

    ကုသနည်း

    - ဘက်တီးရီးယားသတ်ဆေးများဖြစ်သည့် Virkon၊ BKC၊ Iodin နှင့် Potassium permanganate ထည့်ပေးရန်၊

    - ရောဂါဒဏ်ခံနိုင်စေရန် ဗိုက်တာမင်အရောကျွေးပေးရန်၊

    ၄။ ပါးဟတ်မဲရောဂါ (black gill disease)

    ရောဂါလက္ခဏာ

    ရောဂါကျရောက်နေသော ပုဇွန်၏ ပါးဟတ်အရောင်သည် ဆင်ဆွယ်ရောင်မှ အညိုရောင် သို့မဟုတ် အနက် ရောင်သို့ တဖြည်းဖြည်းပြောင်းလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသက်ရှူရခက်ခဲလာပြီး အစားစားနှုန်း ကျဆင်း လာကာ သေဆုံးတက်ပါတယ်။ အဆိုပါအချိန်တွင် ရေတွင် ပျော်ဝင်အောက်ဆီဂျင်နှုန်းကျဆင်းလာပါက သေဆုံးတဲ့အထိ ဖြစ်တက်ပါတယ်။

    ရောဂါဝင်ရောက်ခြင်း

    အောက်ပါအခြေအနေတစ်ခုကြောင့် ပါးဟတ်ရောဂါဖြစ်တက်ပါတယ်-

    - ရေထဲရှိ ရေညှိ၊ အနယ်နှင့်အခြား အရာများမှတဆင့် ပုဇွန်၏ ပါးဟပ်နှင့်ထိတွေ့ခြင်း၊

    - ကန်ထဲတွင် အမိုးနီးယားပျော်ဝင်နှုန်းအရမ်းများနေခြင်း၊

    - ပုဇွန်နဲ့ ဂဏန်းများ၏ ကိုယ်ခံအား စနစ်မှ အနက်ရောင် မယ်လနင် (black melanin)ဓါတ်ကြောင့်ဖြစ်ခြင်း၊

    ကုသနည်း

    - ပုဇွန်၏ အကြေးခွံလဲခြင်းဖြစ်စဉ်အားကောင်းအောင်ဆောင်ရွက်ပေးခြင်းဖြင့် အကြေးခွံလဲချိန်တွင်

    အဆိုပါ အနက်ရောင်ပျောက်များ အကြေးခွံနှင့်အတူပါသွားခြင်း၊

    - ရေလဲပေးခြင်း၊

    - ဘက်တီးရီးယားသတ်ဆေးများ ထည့်ပေးခြင်းဖြင့် ကုသနိုင်ပါကြောင်း အကြံပြုတိုက်တွန်းလိုပါ

    တယ် ခင်ဗျာ။

    Source: International Collaborating Centre For Aquaculture And Fisheries Sustainability(ICAFIS)

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views225views2393