cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲ နဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ဈေးတွေ ပြန်ကျဆင်း

. ဈေးကွက်
ကုလားပဲဈေးကတော့ ပွဲတော်ကာလ အဝယ်ပြန်လိုက်နေတဲ့အတွက် ဈေးက ၂ ပတ်ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ ပြည်ပတင်ပို့မှုကြောင့် ဈေးမြင့်တက်လာတဲ့ ကြက်သွန်နီ ကတော့ ဈေးကွက်ထဲ အဝင်များပြီး ဈေးတွေ ပြန်ကျဆင်းလာပါတယ်။
  • ပြီးခဲ့တဲ့ အပတ်က ‌ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲ နဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ဈေးတွေ ပြန်ကျဆင်း သွားခဲ့ပါတယ်။ ကုလားပဲဈေးကတော့ ပွဲတော်ကာလ အဝယ်ပြန်လိုက်နေတဲ့အတွက် ဈေးက ၂ ပတ်ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ ပြည်ပတင်ပို့မှုကြောင့် ဈေးမြင့်တက်လာတဲ့ ကြက်သွန်နီ ကတော့ ဈေးကွက်ထဲ အဝင်များပြီး ဈေးတွေ ပြန်ကျဆင်းလာပါတယ်။

    မတ်ပဲ

    ပြီးခဲ့တဲ့ အပတ်က ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းလာပါတယ်။ပြီးခဲ့တဲ့ ရက်က စီးပွားကူးသန်းက ပဲဈေးမြင့်တက်နေတာတွေနဲ့ပတ်သတ်ပြီး ဈေးကစားတာ လှောင်တာတွေကို စီစစ်တွေ့ရှိပါက အရေးယူမယ့် အသိပေးစာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ပဲဈေးတွေ ပြန်ကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ ဈေးကျဆင်းနေတယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံ လိုအပ်ချက်နဲ့ ပြည်တွင်း မူဝါဒတွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ်ထိန်းလိုက်တာဖြစ်လို့ ဈေးကတော့ အများကြီး ကျဆင်းသွားတာ မျိုးမရှိ ပါဘူး။ ဒါ့အပြင် ဈေးကွက်ထဲ ကုန်သည်တွေ ငွေကြပ်နေတဲ့ အခြေအနေ ဖြစ်ပေါ် နေပြီး အများကြီး ပြန်ရင်းနှီးတာမျိုးမလုပ်တော့ပဲ ဈေးကွက်စောင့်ကြည့်နေကြတယ်လို့လည်း ကုန်သည်အချို့ က ဆိုပါတယ်။

    ပဲတွေကတော့ ကြိုပွိုင့် ဝယ်ယူထားတာတွေကြောင့် တောင်သူလက်ထဲ မှာ အနည်းငယ်သာ ရှိတော့တယ်လို့သိရပါတယ်။လက်တလော ရေတိုကာလ မှာတော့ ထုတ်ပြန်ချက်ကြောင့် ပဲဈေးက ကျဆင်းနိုင်ပေမယ့် အိန္ဒိယနိုင်ငံ တွင်း ပဲ လိုအပ်ချက် မတ်ပဲ ထွက်ရှိနှုန်းလျော့ကျတာတွေကြောင့် ပဲဈေးက ပြန်မာလာနိုင်ဦးမယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ လောက်ဈေး ပြန်ကျဆင်းပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၂၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၅၀၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၈၅၀ မှ ၄၈၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။

    မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၅၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီက ပြီးခဲ့တဲ့အပတ်က တစ်တန်ကို သိန်း ၄၀ နားအထိ ပြန်လည် ရောက်ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ပြီးကျဆင်းသွားပါတယ်။ ပဲဈေးကစားတာ လှောင်တာတွေ ကို စီစစ်အရေးယူ သွားမယ်လို့ စီးပွားကူးသန်းက ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ပဲဈေးတွေက ကျဆင်းသွား တာ ဖြစ်ပါတယ်။

    ထို့ပြင်အိန္ဒိယဘက်ကလည်း အဆမတန်မြင့်မားနေတဲ့ပဲဈေးကွက်ကို စောင့်ကြည့်နေတာ ဖြစ်ပြီး ‌ဒေသ တွင်း ပဲ ဝယ်လိုအားလျော့နည်းနေတာ ဖြစ်တဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးကွက်အေး နေ တယ် လို့ လည်း အိန္ဒိယ ပဲဈေးကွက် သတင်းတွေ မှာ ဖော်ပြထားပါတယ်။

    မြန်မာပြည်တွင်းမှာတော့ ကြိုပွိုင့် ဝယ်ယူထားတာတွေကြောင့် ပဲစင်းငုံနီကတော့ နယ်ကုန်စည်ဒိုင်တွေ မှာ ပဲ မရှိတော့ဘဲ ရန်ကုန်ဈေးကွက်မှာသာ အရောင်းအဝယ်ရှိနေတာ ဖြစ်တယ်လို့ နယ်ကုန်သည်တွေက ဆိုပါတယ်။လာမယ့် ဧပြီလ အတွင်း သကြင်္န် ကာလ အတွင်း ပိတ်ရက်တွေ နဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် အရောင်းအဝယ်ပြန်ကောင်းလာနိုင်ပြီး ဈေးက ပြန်ပြီး တက်လာ ဦးမယ် လို့ကုန်သည်တွေက ခန့်မှန်းထားကြ ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၈၂၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ် နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၆၃၀၀၀ ကနေ ၃၆၆၀၀၀ ကျပ်

    ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    ပဲတီစိမ်းစျေးကွက်

    ပဲတီစိမ်းကတော့ နယ်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် ရန်ကုန်ဈေးကွက်မှာ‌တော့ ဈေးက ထပ်ပြီး ကျဆင်းလာပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တရုတ်ဝယ်ယူမှုတွေ လျော့ကျသွားတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပြီး ထပ်ပြီး ဈေးကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၀၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၃၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၃၀ မှ ၃၃၈၅ ကျပ် ရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းပါတယ်။ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၉၁၅ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၀၀၀၀ မှ ၁၆၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    ကြက်သွန်နီ

    ပြည်ပ ဝယ်ယူမှု ရှိနေတဲ့ ကြက်သွန်နီက ဈေးကွက်ထဲ အဝင်များလာတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းလာပါတယ်။ နေ့စဉ် ဘုရင့်နောင် ဈေးကွက်ထဲကို ကားအစီးရေ ၄၀ ကျော် ပိဿာချိန် ၂၅၀၀၀၀ ခန့် နေ့စဉ် အဝင်ရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဗီယမ်နမ်၊ထိုင်းတို့ကို အဓိက တင်ပို့နေတယ်လို့ သိရပါတယ်။ ဈေးကောင်းနေတဲ့အတွက် ဈေးကွက်ထဲ အဝင်များလာတာ ဖြစ်လို့ ဈေးက ပြန်ကျဆင်းတာ ဖြစ်လို့ တောင်သူတွေအနေနဲ့ အဝင်ကို ထိန်းဖို့ လိုအပ်တယ်လို့ ကြက်သွန်ကုန်သည် အများစုက သတိပေးပြောပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ တို့ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၉၀၀ ကနေ ၃၇၀၀ ကြား ရှိကာ တစ်ပိဿာကို ၃၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကတော့ ဆက်တိုက် ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များနေတဲ့အပြင် ဝယ်ယူမှုလည်း နည်းသွားတဲ့အတွက်ဈေးက ကျဆင်းသွားတာလို့သိရပါတယ်။ ရန်ကုန် ဈေးကွက်ထဲကို တော့ နေ့စဉ် ပိဿာချိန် ၂ သောင်းကျော် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ကြူကုတ်ကတော့ ဈေးကွက်ထဲ အဝင်နည်းလာတဲ့အတွက်ဈေးပြန်မြင့်တက်လာပါ တယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)ကတော့တစ်ပိဿာကို ၁၁၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးပြန်မြင့်တက်လာ ပါတယ်။

    ၁၁.၃.၂၀၂၄ မှ ၁၅.၃.၂၀၂၄ အတွင်း သုံးသပ်ချက်)

    AMIA

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes14comments0
views184views2605